နေပြည်တော် ဇန်နဝါရီ ၁၉
လုပ်သားအင်အားစစ်တမ်းနှင့် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းများအတွက် အတွေ့အကြုံနှင့်နည်း ပညာအကူညီပေးရေးလုပ်ငန်းများနှင့်ပတ်သက်၍သည့် ဆွေးနွေးပွဲကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်ဖက်ဒရယ် သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Carlos Paranhos ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် ဝန်ကြီးဌာန၏ အလုပ်သမားရေးရာဆောင်ရွက်နေမှုအခြေအနေများ နှင့် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ ဘရာဇီးလ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ စစ်တမ်းနှင့် သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းများတွင် နည်းပညာအကူ အညီပေးရေးကို ဝန်ကြီးဌာနမှ ကိုယ်စားလှယ် များနှင့် ညှိနှိုင်းမှု များပြုလုပ်ခဲ့မှု အခြေအနေများ နှင့်ပတ်သက်၍ လည်းကောင်း။
လက်ရှိတွင် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်သံရုံးမှ ကိုယ်စားလှယ်နှင့် ဝန်ကြီးဌာနမှ ကိုယ်စား လှယ်များ Video Conferencing စနစ်ဖြင့် လိုအပ်သော ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး နည်းပညာအကူ အညီပေးရေး အတွက် Working Plan ရေးဆွဲ၍ ဦးစားပေး လုပ်ငန်းများ သတ်မှတ်ကာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေ၊ မြန်မာနိုင်ငံမှ ၂၀၁၄ ခုနှစ်တွင် UNFPA အကူအညီဖြင့် တစ်နိုင်ငံလုံးသန်းခေါင်စာရင်း ကောက်ယူ ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၅ နှစ်ပြည့် နှစ်ဝက်ဆန်းစစ်ခြင်း ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခဲ့မှု အခြေအနေ၊ ၂၀၂၄ ခုနှစ် ၁၀ နှစ်ပြည့် သန်းခေါင်စာရင်း ကောက်ယူရာတွင် နည်းပညာဆိုင်ရာ ပံ့ပိုးပေးနိုင်ရေး ကောင်းမွန် သည့်အတွေ့အကြုံများ ဖလှယ်ရေးအခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း။
ဝန်ကြီးဌာနအနေဖြင့် လုပ်သားဆိုင်ရာစာရင်းအင်းများ စဉ်ဆက်မပြတ် ရရှိနိုင်ရေးနှင့်မူဝါဒ ချမှတ်သူများအား ပံ့ပိုးပေးနိုင်ရေး အတွက် တစ် နှစ်လျှင် နှစ်ကြိမ် လုပ်သားအင်အား စစ်တမ်းကို စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့် အလုပ်သမားဦးရေစာရင်းနှင့် ပိုင်ဆိုင်မှုကဏ္ဍ အလိုက်အလုပ်ဌာနနှင့် အလုပ်သမားဦးရေစာရင်းတို့ကို ပုံမှန်ကောက်ယူပြုစုလျက်ရှိသည့် အခြေ အနေများနှင့်ပတ်သက်၍ လည်းကောင်း၊ ကောက်ယူစုဆောင်းထားသည့် အချက်အလက်များ သိမ်းဆည်းခြင်းနှင့် အချက်အလက်အသုံးပြုသူများ အလွယ်တကူရယူနိုင်ရေး Online Database System တစ်ရပ် ထူထောင်နိုင်ရန်အတွက် နည်းပညာဆိုင်ရာ အကူအညီလိုအပ်မှုများ စစ်တမ်း ကောက်ယူရေးလုပ်ငန်းများ ပိုမိုတိုးတက်လုပ်ဆောင်နိုင်ရေးအတွက် နည်းပညာသင်တန်းအကူ အညီများကိုလည်း ပံ့ပိုးကူညီ ပေးရေးကိစ္စရပ်များအား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဆက်လက်ညှိနှိုင်း ဆောင်ရွက်မည့် အစီအစဉ်တို့နှင့် ပတ်သက်၍လည်းကောင်း နှစ်ဘက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)