Aug 24, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၃) ဦးအား စင်ကာပူနိုင်ငံ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
Aug 24, 2020
အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီတို့၏ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Aug 24, 2020
(၁၂) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Aug 24, 2020
မြန်မာနိုင်ငံရှိ မီဒီယာနှင့် ရွေးကောက်ပွဲများ ခေါင်းစဉ်ဖြင့် အဋ္ဌမအကြိမ် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Park royal ဟိုတယ်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
Aug 24, 2020
ဩဂုတ် (၂၂) ရက်တွင် သံလွင်မြစ်ရေမြင့်တက်၍ မြစ်ရေဝင်ရောက်မှုကြောင့် ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ (၄) ခုတို့မှ အိမ်ထောင်စု (၁၆၄) စု၊ လူဦးရေ (၆၆၃) ဦးတို့သည် ဩဂုတ် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ရေဘေးရှောင်နေရာ (၈) ခုနှင့် ဆွေမျိုး နေအိမ်များသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိသည်။
Aug 24, 2020
မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အွန်လိုင်းကုန်စည်ပြပွဲ Myanmar International Expo of Organic and Natural Products ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနတွင် ကျင်းပသည်။
Aug 24, 2020
(၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များ (38th Senior Officials Meeting on Energy (SOME) and Associated Meetings) ကို သြဂုတ် ၂၄ ရက်မှ ၂၇ ရက်အထိ ဗီယက်နမ်နိုင်ငံက အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပလျက်ရှိရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)မှ ပါဝင်တက်ရောက်သည်။
Aug 24, 2020
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၏ အမှုထမ်းများ လုပ်ငန်းခွင်အကြိုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Aug 24, 2020
ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr.Motegi Toshimitsu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် လေကြောင်းခရီးဖြင့် လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ နေပြည်တော်သို့ ရောက်ရှိသည်။
Aug 24, 2020
ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့မှ မိုးညိုမြို့နယ်ရှိ မြောက်လုပ်ကုန်း-ကရင်ချောင် မြစ်မခမြစ်ကူးတံတား ရန်ပုံငွေ ပေးအပ်ပွဲနှင့် ဆင်မနိုင်ဇုံအတွင်း ကျေးလက်ဆေးပေးခန်း ဆောက်လုပ်မည့် ကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံပွဲကို သာယာဝတီခရိုင်၊ မိုးညို မြို့၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် သြဂုတ်လ ၂၂ ရက်၊ ညနေ(၄:၃၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။
Aug 24, 2020
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ဒုတိယလှိုင်းကြိုတင်ကာကွယ်ရေး၊ ပြည်သူများ ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက မြဝတီမြို့ဘုရင့်နောင်ဈေးရှေ့၌ ဆောင်ရွက်ခဲ့သည်။
Aug 24, 2020
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူ၀င်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီး ဦးကျော်မင်းနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ယမန်နေ့ နေ့လယ် (၂) နာရီက ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဒေသခံပြည်သူများအား Social Distancing နှင့်အညီ တွေ့ဆုံ ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။
Aug 24, 2020
၂၀၂၀ ပြည့်နှစ် ပါတီစံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများ ပြည်စုံမှန်ကန်ရေးနှင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တနင်္သာရီတိုင်းဒေသကြီး လူ၀င်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်၀န်ကြီး ဦးကျော်မင်းဦးဆောင်သော မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပုလောမြို့ မကျည်းကုန်းခန်းမ၌ ကျင်းပခဲ့သည်။
Aug 24, 2020
ဖိလစ်ပိုင်နိုင်ငံသို့ DHL (အမြန် ချောပို့) ဖြင့် ပို့ဆောင်မည့် ငွေကျပ် ၇၆၅ သိန်းကျော် တန်ဖိုးရှိ အိုက်စ် (မက်အက်ဖက်တမင်း) များနှင့် ပါဝင်ပတ်သက်သော နိုင်ဂျီးရီးယား နိုင်ငံသားများအား ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Aug 24, 2020
နိုင်ငံတကာခရီးသည်တင်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အခက်အခဲကြုံတွေ့နေရသည့် အမေရိကန်ပြည်ထောင်စုမှ မြန်မာ နိုင်ငံသား ၉၄ ဦးနှင့် ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား ၃၀ စုစုပေါင်း ၁၂၄ ဦးတို့အား မြန်မာသံရုံး ဝါရှင်တန်မြို့နှင့် မြန်မာသံရုံး ဆိုးလ်မြို့တို့၏ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Aug 24, 2020
၁။ (၂၃-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 24, 2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု အရှိန်မြင့်လာသည်နှင့်အမျှ မြန်မာနိုင်ငံမှ လူအပေါင်းကို အထူးပိုမို သတိထား နေထိုင်ကြရန်နှင့် လုံးဝမပေါ့ဆမိကြပါရန် နှိုးဆော်ရပါသည်။
Aug 23, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အခက်အခဲ ကြုံတွေ့နေရသည့် အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံသား (၉၄)ဦးနှင့် ကိုးရီယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား (၃၀)ဦး စုစုပေါင်း (၁၂၄)ဦးတို့အား မြန်မာသံရုံး၊ ဝါရှင်တန်မြို့နှင့် မြန်မာသံရုံး၊ ဆိုးလ်မြို့တို့၏ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၂၀၀၀)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။
Aug 23, 2020
ကိုဗစ်-၁၉ လူနာများအား ကုသရန်အတွက် သွေးရည်ကြည်များ လှူဒါန်းခဲ့သည့် ကိုဗစ်-၁၉ မှ ပြန်လည်သက်သာ ကောင်းမွန်သွားသူများအား ဂုဏ်ပြုပွဲကို ယနေ့နံနက်ပိုင်း က ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။
Aug 23, 2020
၁။ (၂၃-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
