နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်တက္ကသိုလ်ပရိဝုဏ်တစ်ခုလုံး ရောင်စုံမီးများဖြင့် ဆင်ယင်ထွန်းညှိ
Nov 28, 2020
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် တက္ကသိုလ်ပရိဝုဏ်တစ်ခုလုံးကို ရောင်စုံမီးများဖြင့် ဆင်ယင်ထွန်းညှိ ထားမည်ဖြစ်ရာ ယခုအခါ မီးအလှဆင်မှုလုပ်ငန်းများအားလုံးနီးပါး ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
Nov 28, 2020
တိုးတက်ဖွံ့ဖြိုးမှုကို နိုင်ငံသားတိုင်း မျှော်လင့်တောင့်တကြသည်သာချည်း။ သို့သော်လည်း နိုင်ငံသားတို့၏ အလိုလားဆုံးဆု ဆိုလျှင်မူ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းလုံခြုံစွာ အေးအေးသာယာ နေလိုခြင်းက ဦးစားပေးပဲဖြစ်မည်ဟု ထင်ပါသည်။ ထိုလိုလားချက် ရရှိအောင်မြင်နိုင်ဖို့အတွက် အရေးကြီးဆုံးသော အကြောင်းတစ်ရပ်မှာ ဥပဒေစိုးမိုးမှုဖြစ်သည်ဟု ဆိုချင်ပါသည်။
Nov 28, 2020
ကမ္ဘာတစ်ဝန်း၌ ကိုဗစ် - ၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည်မှာ တစ်နှစ်ပတ်လည်ပင် ပြည့်တော့မည်ဖြစ်သည်။ တစ်နှစ်တာကာလ ယနေ့အချိန်အထိ ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရသည့် ကမ္ဘာ့ပြည်သူသန်းပေါင်း ၆၀ ကျော်ရှိပြီး သေဆုံးသူပြည်သူ တစ်သန်းခွဲခန့်အထိ ရှိလာပြီဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှ ပြည်သူအားလုံး ကိုဗစ် - ၁၉ ရောဂါအဆုံးသတ် မည့် ကာလသို့ အမြန်ဆုံး ရောက်ရှိနိုင်ပါစေဟု မျှော်လင့်ဆုတောင်းနေကြသည်။
Nov 27, 2020
ဂျပန်နိုင်ငံ အစိုးရအထောက်အပံ့ဖြင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်း ဆောက်လုပ်ခဲ့သော မကွေးပြည်သူ့ဆေးရုံကြီးမှ သားဖွားမီးယပ် ရောဂါနှင့် မွေးကင်းစ ကလေးကုသဆောင် (၃) ထပ် အဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည်။
Nov 27, 2020
(၂၆-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၈,၁၉၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၄၂၈) ဦး တွေ့ရှိရပါသည်။
Nov 27, 2020
ကုလသမဂ္ဂဖွဲ့စည်းတည်ထောင်သည့် (၇၅) နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာန အစီအစဉ်ဖြင့် (UN75) Logo ပါ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၁) မျိုးအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက် လုပ်ငန်းမှ ဒီဇင်ဘာ (၁) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တန်ဆောင်းမုန်းလပြည့်ကျော် (၂) ရက် (အင်္ဂါနေ့)၊ နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည်ဖြစ်သည်။
Nov 27, 2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
Nov 27, 2020
နေပြည်တော် နိုဝင်ဘာ ၂၆
အစိုးရဌာနများ၏ ဝန်ဆောင်မှုများ၊ သတင်းအချက်အလက်များကို Myanmar National Portalı Facebook Page ac Mobile Application of goodsoệ ပြည်သူများ အလွယ်တကူ ရယူသုံးစွဲနိုင်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနမှ သိရသည်။
စုံစုံလင်လင်ရရှိနိုင်
Nov 27, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ် များပျံသန်းမှု ယာယီရပ်ဆိုင်းထား ခြင်းကြောင့် ပြည်ပနိုင်ငံများတွင် စာချုပ်သက်တမ်းကုန်ဆုံး၍ အခက် အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘော သားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံး နှင့် မြန်မာသင်္ဘောသား အလှည့်ကျ ဝန်ထမ်းပြောင်းလဲခြင်း အကူအညီ ပေးရေးကော်မတီ(CCSC)တို့မှ ပူးပေါင်း စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း(MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ် မှတစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၉ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
Nov 27, 2020
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ် နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း က ရန်ကုန်တိုင်းဒေသကြီးသို့ Medical Vehicle တစ်စီး နှင့် Ventilator တစ်လုံး ပေးအပ်လှူဒါန်းသည့် အခမ်းအနား ကို ကူမင်းမြို့ ကောင်စစ်ပရဝဏ်ရှိ ကောင်စစ်ဝန်ချုပ်ရုံး များ ဝန်ဆောင်မှုဌာန၌ ယနေ့ ကျင်းပရာ ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းကိုယ်စား ယူနန် ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး ညွှန်ကြားရေး မှူးချုပ်နှင့် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mme. Pu Hong က လွှဲပြောင်းပေးအပ်ပြီး ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်က လက်ခံရယူ သည်။
Nov 27, 2020
(၁၄)ကြိမ်မြောက် အာဆီယံ ဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းများဆိုင်ရာ အစည်းအဝေး (14th AMMTC) ကို နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် Video Conferencing ဖြင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။
Nov 27, 2020
၂၀၂၁ ခုနှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံ ပြိုင်ပွဲကို “နိုင်ငံ၏တန်ဖိုး လူမျိုး၏ဂုဏ်သိက္ခာ” ဟူသော ခေါင်းစဉ်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။
Nov 27, 2020
ဗီယက်နမ်နိုင်ငံ၊ အလုပ်သမား၊ မသန်စွမ်းသူများနှင့် လူမှုရေးဝန်ကြီးဌာန၏စီစဉ်မှုဖြင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး နှင့် UNICEF တို့ပူးပေါင်းပါဝင်သည့် အာဆီယံဒေသတွင်းရှိ ကလေးသူငယ်များအနေဖြင့် ကျောင်းများနှင့် အွန်လိုင်းများတွင် အနိုင်ကျင့်ခြိမ်းခြောက်ခံရမှုများ၊ ဆိုက်ဘာတိုက်ခိုက်ခံရမှုများနှင့် စပ်လျဉ်းသည့် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး (1st Online Meeting of Bullying Children at Schools and Online in ASEAN)ကို ယနေ့နံနက်ပိုင်းက အွန်လိုင်းဖြင့် ကျင်းပသည်။
Nov 27, 2020
ရန်ကုန် တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် ဘူမိသိပ္ပံဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမတွင် Zoom Video Conference ပုံစံဖြင့် ကျင်းပသည်။
Nov 27, 2020
ကလေးသူငယ်များနှင့် အမျိုးသမီးများမှာ အားနည်းသူများဟု ဆိုရမည် ဖြစ်သည်။ အားနည်းသော ကလေးသူငယ်များနှင့် အမျိုးသမီးများမှာ အကြမ်းဖက်ခံရနိုင်ခြေများသော အုပ်စုများအဖြစ် တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် ကလေးသူငယ်များနှင့်အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန် ဥပဒေများပြဋ္ဌာန်းပြီး ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြ ရမည်ဖြစ်သည်။
Nov 26, 2020
ကမ္ဘောဒီးယားနိုင်ငံ အစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အထောက်အကူပြုပစ္စည်းများ လှူဒါန်းမှုကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်ရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက လက်ခံခဲ့သည်။
Nov 26, 2020
4th China–ASEAN Information Harbor Forum ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Cyberspace Administration ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော် မရှင်၊ စက်မှုနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနနှင့် ကွမ်းရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအစိုးရတို့ ပူးပေါင်း၍ ယနေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသည်။
Nov 26, 2020
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲက ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၈)၊ လားရှိုး-မန္တလေး သွားကားလမ်းတွင် သတင်းအရ ပြင်ဦးလွင်မြို့မှ မန္တလေးမြို့ဘက်သို့ စိုင်းလျှန်းစိုင်း မောင်းနှင်ပြီး
Nov 26, 2020
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် “ရန်ကုန်တက္ကသိုလ် မြကျွန်းညို” ရောင်စုံဓာတ်ပုံ၊ ပန်းချီ၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုနှင့် ကာတွန်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ရုပ်ရှင်အနုပညာရပ်ဝန်းခန်းမ၌ ကျင်းပသည်။
Nov 26, 2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၂နာရီက ကိုရီးယားပြည်သူ့သမ္မတနိုင်ငံနေ စေတနာရှင်များက တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်−၁၉ ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်း များအား လာရောက်လှူဒါန်းပွဲ ကျင်းပခဲ့သည်။
