ရန်ကုန် မတ် ၂၇
ရွှေတိဂုံစေတီတော် (၂၆၀၉) နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် အသံမစဲ မဟာပဠာန်းရွတ်ဖတ် ပူဇော်ပွဲ ပိတ်ပွဲ (အောင်ပွဲ) အခမ်းအနားကို ယနေ့နံနက် (၆)နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သြဝါဒါစရိယ ဆရာတော် မဟာဝိသုဒ္ဓါရုံ တိုက်သစ် ဦးစီးပဓာန နာယက တိပိဋကဓရ တိပိဋက ဘဏ္ဍာဂါရိက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ သီရိန္ဒာဘိဝံသ ထံမှ ဂေါပကအဖွဲဝင်များနှင့် တာဝန်ရှိသူများက ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာတော်ကြီးများက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။
ယင်းနောက် ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ရွှေတိဂုံစေတီတော် သြဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ သြဝါဒါစရိယ ဗဟန်းမြို့နယ် ညောင်တုန်း ပါဠိတက္ကသိုလ် ကျောင်းတိုက် ဆရာတော် ဘဒ္ဒ န္တပဝရာဘိဝံသ ထံမှ အနုမောဒနာ တရားနာကြားပြီး ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
သတင်း၊ ဓာတ်ပုံ-လင်းလတ်ဇော်
နောက်ဆုံးရသတင်းများ
28 Aug, 2025