Dec 01, 2020
ယနေ့သည် ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်သည်မှာ နှစ်တစ်ရာပြည့်သောနေ့ ဖြစ်ပေသည်။ ရန်ကုန် တက္ကသိုလ် နှစ်တစ်ရာပြည့်ပြီဟူသည့်အသိက မြန်မာနိုင်ငံသားတို့ကို လွမ်းမောသွားစေပါသည်။ ရန်ကုန်တက္ကသိုလ် တွင် ကိုယ်တိုင်ကျောင်းတက်ခဲ့ဖူးသူများကလည်း အသီးသီးလွမ်းစရာတို့ကို ဖွဲ့နွဲ့ကြသည်။ လူချင်းတွေ့ကြ၊ ဆုံကြဖို့ ခက်ခဲနေသည့် ယခုလို ကိုဗစ်ကာလတွင် နည်းပညာတို့၏ အကူအညီဖြင့် လူမှုကွန်ရက်ပေါ်တွင် တွေ့ကြသည်။ တယ်လီဖုန်း၊ ကွန်ပျူတာတို့ ပေါ်ကတစ်ဆင့် တစ်ဦးချင်း နှစ်ဦးချင်းအစ၊ အစုအဖွဲ့အလိုက်ထိ၊ ကျောင်းတက်ခဲ့သူ သူငယ်ချင်းများ၊ နီးစပ်ရင်းနှီးခဲ့သူများ၊ ဆရာ ဆရာမများလည်း ပါဝင်တွေ့ဆုံကြ။ စကားလက်ဆုံကျကြ၊ င
Dec 01, 2020
မြန်မာနိုင်ငံ၏ဂုဏ်ဆောင် ရန်ကုန်တက္ကသိုလ်ကြီးကို တည်ထောင်ဖွင့်လှစ်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်(ယနေ့)တွင် နှစ်(၁၀၀)ပြည့် မြောက်ခဲ့ပြီဖြစ်သည်။ ကြုံတောင့်ကြုံခဲ တက္ကသိုလ်ရာပြည့်သဘင်ပွဲကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ဝေဝေဆာဆာ ထည်ထည်ဝါဝါ ဖော်ဆောင်နိုင်သဖြင့် ဂုဏ်ယူဝမ်းမြောက်မိသည်။
Nov 30, 2020
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အခမ်းအနားကို ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို ၁ တွင် Virtual စနစ်ဖြင့် ကျင်းပမည် ဖြစ်သည်။
Nov 30, 2020
COVID-19 ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် စေတနာ့၀န်ထမ်းများ ပိုမိုအားဖြည့် ပါ၀င် နိုင်ရေး အားပေးညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် Zoom Meeting ဖြင့် ကျင်းပသည်။
Nov 30, 2020
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ရက်နေ့ဆိုလျှင် ရန်ကုန်တက္ကသိုလ်သည် နှစ် ၁၀၀ တင်းတင်း ပြည့်ပြီ။ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အစီအစဉ်များကို နိုင်ငံပိုင်မီဒီယာများတွင် နေ့စဉ်နှင့်အမျှ ဝေဝေဆာဆာ ထုတ်လွှင့်ဖော်ပြပေးနေမှု များကလည်း ထူးထူးခြားခြား မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသည်။ တက္ကသိုလ်၏သမိုင်း၊ သမိုင်းထဲကတက္ကသိုလ်၊ တက္ကသိုလ်အမှတ်တရ များ၊ တက္ကသိုလ်ပုံရိပ်များ၊ တက္ကသိုလ်ရင်ခုန်သံများ စသည်တို့က ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလ မှာ ပြန်လည်နိုးထ လှုပ်ရှားလာကြသည်။
Nov 30, 2020
ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံ၏ ပညာရေးလောကတွင်သာမက လွတ်လပ်ရေးကြိုးပမ်းမှု မြန်မာ့နိုင်ငံရေး လောကတွင်ပါ သမိုင်းအစဉ်အလာ ကြီးမားခဲ့သည့် တက္ကသိုလ်ကြီးဖြစ်သည်။ ကိုလိုနီခေတ်တွင် မြန်မာတစ်မျိုးသားလုံး ပညာသင်ယူမှု အခွင့်အလမ်းမညီမျှမှု၊ နိမ့်ကျမှုနှင့် တစ်မျိုးသားလုံး အဆင့်မြင့်ပညာသင်ယူနိုင်ခွင့် နည်းပါးမှုတို့ကြောင့် မြန်မာလူငယ်များ အဆင့်မြင့်ပညာကို လက်လှမ်းမီသင်ယူနိုင်ခွင့်ရရှိစေမည့် အမျိုးသားပညာရေးစနစ် ဖြစ်ထွန်း လာအောင် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။
Nov 29, 2020
(၂၈-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၉-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၅,၂၂၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၅၀၉) ဦး တွေ့ရှိရပါသည်။
Nov 29, 2020
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ရာပြည့်သဘင် အခမ်းအနားနှင့် စပ်လျဉ်း သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Nov 29, 2020
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းအနီးတွင် တည်ဆောက် ပူဇော်ထားသော ထာဝရငြိမ်းချမ်းရေးစေတီတော် ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ထာဝရငြိမ်းချမ်းရေးစေတီတော် ဂန္ဓကုဋိတိုက်အတွင်း၌ COVID-19 ကာကွယ် တားဆီးရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Nov 29, 2020
(၂၈-၁၁-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၃၄၄) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Nov 29, 2020
တပ်ကုန်း မြို့နယ်ညောင်လွန့်စစ်ဆေးရေးဂိတ်၌ နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် 9A/6861 Dyna ယာဉ်မှ ယာဉ်မောင်း ဦးစိန်ဝင်းထွန်း၊ စည်ပင်တဘက္ကာကျေးရွာ ရမည်းသင်း မြို့နယ်နေသူနှင့် 8M/7441 Canter ခြောက်ဘီးယာဉ်မှ ယာဉ်မောင်း/ ယာဉ်ပိုင်ရှင် ဦးအောင်ဇော်မြင့်၊ ရှမ်းပွဲ ရပ်ကွက် ပျော်ဘွယ်မြို့နေသူတို့အားပေပင်လေးစစ်ဆေးရေးဂိတ်မှ စစ်ဆေးပေးသော RDT စစ်ဆေးချက်လက်မှတ် ကို မသင်္ကာသဖြင့် တပ်ကုန်းမြို့နယ် ဆရာဝန်ကြီးမှ ပျော်ဘွယ်မြို့နယ် ဆရာဝန်ကြီးထံသို့ Viber ဖြင့် ပေးပို့ တိုက်ဆိုင်စိစစ်ချက်အရ အဆိုပါ RDT စစ်ဆေးချက် လက်မှတ်မှာ အတုဖြစ်သည်ဟုသိရကြောင်း။
Nov 29, 2020
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်အရ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ကနဦး ယာဉ်မှတ်ပုံတင်ဌာန (နေပြည်တော်၊ ထောက်ကြန့်၊ ရွာသာကြီး၊ မန္တလေး)ရုံးများ၏ ကနဦးမှတ်ပုံတင်ဝန်ဆောင်မှုလုပ်ငန်းများကို ၁.၁၂.၂၀၂၀ ရက် (အင်္ဂါနေ့)မှစတင်၍ ပြန်လည်လက်ခံ ဆောင်ရွက်သွားမည်ဖြစ်သည်။
Nov 29, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၇၄ ဦးအား ကွာလာ လမ်ပူမြို့ရှိ မြန်မာသံရုံးက စီစဉ်သည့် (၃၄)ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း(MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။
Nov 29, 2020
မြန်မာတို့၏ ၁၂ လရာသီတွင် တန်ဆောင်မုန်းလသည် ရာသီကူးပြောင်းစ ဆောင်းကာလဖြစ်သည်။ ယခင်က အလွန်ချမ်းအေးသောရာသီ၊ ယခုဆောင်း ဟူ၍သာ ဆိုလောက်သောရာသီဖြစ်သည်။ ကောင်းကင်၌ တိမ်လွှာကင်းစင် ပြီး ပတ်ဝန်းကျင်တစ်ခွင် ပန်းပေါင်းစုံလင် ဖူးပွင့်ဝေဆာသဖြင့် သာယာလှပ သည်။ တန်ဆောင်မုန်းလပြည့်ညတွင်ကား မိုးသားကြည်လင် နက္ခတ်စုံလင် တောက်ပသည်။ ။
Nov 29, 2020
နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ၂၄ နာရီအတွင်း ဓာတ်ခွဲစစ်ဆေးသူ ၁၇၉၂၄ ဦးအနက် ရောဂါပိုးရှိကြောင်း တွေ့ရှိ သည့် ဓာတ်ခွဲအတည်ပြုလူနာ ၁၃၄၄ ဦးရှိ၏။ ၂၄ နာရီ အတွင်း ကိုဗစ်ရောဂါကြောင့် တိမ်းပါးဆုံးရှုံးရသူ ၂၂ ဦးရှိ၏။ ကိုဗစ်စတင်ဝင်ရောက်ချိန်ကစ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း မှာ ရှစ်သောင်းရှစ်ထောင်နီးပါး ရှိသည်။ ရောဂါပျောက်ကင်းကာ ဆေးရုံမှ ဆင်းခွင့်ရသူ ခြောက်သောင်းခုနစ်ထောင်ကျော် ရှိနေ သည်။ စစ်ဆေးသူဦးရေနှင့် ရောဂါပိုးတွေ့ရှိသည်ဟု ဓာတ်ခွဲ အတည်ပြုထားသူဦးရေအချိုးမှာ ရာခိုင်နှုန်းအားဖြင့် ၇ ဒသမ ၅ ရာခိုင်နှုန်းနီးပါးဖြစ်၏။ ထိုအချိုး ရာခိုင်နှုန်း ၅ရာခိုင်နှုန်းအောက် သို့ရောက်အောင် အားလုံးသော ကျန်းမာရေးဝန်ထမ်းများက ကြိုးပမ်းနေကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အထွေထွေအနေ အထားကို ဆန်းစစ်ပြီး ရောဂါပြန့်ပွားမှုကို လျှော့ချနိုင်ရန်နှင့် လုံးဝကင်းရှင်းရန်ကို အစွမ်းကုန်ကြိုးပမ်းနေကြခြင်းဖြစ်၏။
Nov 28, 2020
တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ဖြစ်ပွားကူးစက်မှု အခြေအနေနှင့် တစ်ပြည်လုံး အတိုင်းအတာဖြင့် ရောဂါဖြစ်ပွားမှုများသော မြို့နယ်များ အားလုံး၌ ဆောင်ရွက်နေသော ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှား စီမံချက် ဆောင်ရွက်နေမှုများအား အသေးစိတ် တင်ပြဆွေးနွေးခြင်း အစည်းအဝေးကို ယမန်နေ့ က ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အမှာစကားပြောကြားသည်။
Nov 28, 2020
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉ -၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး၊ ခရမ်းမြို့နယ်၊ ပိန်းကန်ဓာတ်အားခွဲရုံနှင့် ဇွဲပလိုင် ဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီခွဲကအဆိုပါ ဓာတ်အားခွဲရုံများ၌ ကျင်းပခဲ့သည်။
Nov 28, 2020
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန် စာမူဆု၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ဒုတိယဆုရရှိသည့် အိအိမော် (ယဉ်ကျေးမှု) ရေးသားသော ‘‘ပြတိုက်ကပြောသော တိုင်းရင်းသားယဉ်ကျေးမှု” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။
Nov 28, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ် များ ပျံသန်းမှုယာယီရပ်ဆိုင်းထား ခြင်းကြောင့် စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၅၂ ဦးအား စင်ကာပူမြို့ရှိ မြန်မာသံရုံးမှ စီစဉ် သည့် (၂၈) ကြိမ် မြောက်အဖြစ် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ နာရီခွဲတွင် ရန်ကုန်
Nov 28, 2020
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားသည် Analogue စနစ်မှ Digital စနစ်သို့ အသွင် ကူးပြောင်းထုတ်လွှင့် နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် ဖားဆောင်း မြို့နယ် မော်ချီး ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ တွင် 100 W DVB-T2 လွှင့်စက်၊ 150 W MRTV FM လွှင့်စက်နှင့် ဆက်စပ် ပစ္စည်းများတပ်ဆင်ခြင်းကို နိုဝင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိ ဆောင်ရွက် ခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်မှစတင်၍ လှိုင်းနှုန်း Channel (E-22) ဖြင့် Digital ရုပ်သံလိုင်း ၁၈ လိုင်းနှင့် လှိုင်းနှုန်း(88.0 MHz) ဖြင့် MRTV FM ရေဒီယိုအစီအစဉ်များ စမ်းသပ် ထုတ်လွှင့်လျက်ရှိသည်။
