Skip to main content

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်တို့တွင် ငွေကျပ်သိန်း ၂,၃၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်  စက်တင်ဘာ  ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်တို့တွင် ငွေကျပ်သိန်း ၂,၃၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည်စက်တင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီအခန့်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မြို့ရှောင်လမ်း၌ သတင်းအရ အားဖာ(၃၆)နှစ် မော်တော်ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၈၉၀ တန်ဖိုးရှိစိတ်ကြွ ရူးသွပ်ဆေးပြား ၁၇၈,၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ည ၈ နာရီခွဲခန့်တွင် မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာအနီးတွင် မြတ်သူရ(ခ)မတ်စ အွတ် (၂၀)နှစ် မောင်းနှင်လာသည့် Toyota Crown မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၁,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ည ၉ နာရီတွင် ကင်းကျေးရွာအနီး၊ ဇော်ဂျီမြစ် ကမ်းရေချိုးဆိပ်တွင် မူးယစ်ဆေးဝါးသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ စိုင်းဆိုင်လင်း (၂၁)နှစ် အား ဆိုင်ကယ်တစ်စီး နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။

(သတင်းစဉ်)