Skip to main content

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာများတွင် ဝန်ကြီးဌာနအသီးသီး မှဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုအား နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ ကြည့်ရှုအားပေး

နေပြည်တော်   စက်တင်ဘာ   ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာနှင့် အဆောင်များတွင် ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ Fever surveillance ပြုလုပ်ခြင်းတို့ကို ယနေ့တွင် ကျန်းမာရေးဝန် ထမ်းများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်ရာသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာနှင့် အဆောင်များတွင် နေထိုင်ကြသော ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်း(၂၀၁၀)ကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ လာရောက်စစ်ဆေးကြသည့် ဝန်ထမ်း များကို နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးကာ ရင်းရင်းနှီနှီး အားပေးစကားပြောကြားခဲ့ ကြောင်းသိရသည်။

(သတင်းစဉ်)