ဂန့်ဂေါ စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ဒုတိယအသုတ်(ဒုတိယအကြိမ်)အဖြစ် ဒုတိယနေ့ ထိုးနှံပေးခြင်း ကို ယနေ့နံနက်(၉)နာရီအချိန်မှစ၍ ဆေးထိုးစုရပ်ဖြစ်သည့် ဂန့်ဂေါခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံခြင်းကို ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သံဃာတော်များ၊ သီလရှင်များနှင့် ကျေးရွာအုပ်စုများက အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား သတ်မှတ်အုပ်စုအလိုက် ဦးစားပေးအစီအစဉ်အတိုင်း ထိုးနှံပေးလျက်ရှိသည်။ ကာကွယ်ဆေး ထိုးနှံရာတွင် ဂန့်ဂေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ များက ကာကွယ်ဆေးထိုးမှတ်တမ်းရေးသွင်းခြင်းလုပ်ငန်းများနှင့် ဆေးထိုးနှံရာတွင် အဆင်ပြေချော မွေ့စေရေး အတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို သတ်မှတ်အုပ်စုအလိုက် ဦးစားပေးအစီအစဉ် အတိုင်း ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များ နှင့် အညီ နံနက်(၉)နာရီမှ(၁၂)နာရီထိ၊ နေ့လယ်(၁)နာရီမှ(၃)နာရီထိ စနစ်တကျထိုးနှံပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ဒုတိယအသုတ်(ဒုတိယအကြိမ်)ပထမနေ့အဖြစ် စက်တင်ဘာ(၂၆)ရက် က ပြည်သူ(၇၀၀)ဦးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ယနေ့ စက်တင်ဘာ(၂၇)ရက်တွင် ပြည်သူ(၃၀၀)ဦးကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မောင်မျိုးမင်း(ယော)