Skip to main content

(၅၇) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုဂုဏ်ပြု၊ ရန်အောင်မြင်ရွှေလက်လှစေတီတော်ပရဝုဏ်အတွင်း သန့်ရှင်းရေး ဆောင်ရွက်၊ အလှူငွေပေးအပ်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၂၆

(၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ မှူး ရဲမှူးကြီး စိုးမြင့်ဦး၏ ကြီးကြပ်မှုဖြင့် အမှတ်(၁) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး မျိုးအောင်မြင့်နှင့် အမှတ် (၁) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမျိုးထိုက်ပါ အရာရှိ (၂၅)ဦး၊ အခြားအဆင့် (၇၃)ဦး စုစုပေါင်း (၉၈) ဦးတို့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင် စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် သမိုင်းဝင်ရန်အောင်မြင်ရွှေလက်လှစေတီတော်မြတ်ကြီး ပရဝုဏ် အတွင်း ဘုရားရေသပ္ပါယ်ခြင်းနှင့် ရင်ပြင်တော်သန့်ရှင်းရေးပြုလုပ်ခြင်းတို့ ဆောင်ရွက် ခဲ့ပြီးတပ်ဖွဲ့ဝင်များ စုပေါင်းလှူဒါန်း သောအလှူငွေကျပ် (၃ဝဝဝဝဝိ/) ကျပ်ကို ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကြည်စိုးထံသို့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)