Skip to main content

မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော် ဒီဇင်ဘာ ၂၄

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၃ ရက် နံနက် ၉ နာရီခွဲတွင် ဘားအံမြို့နယ် ရွှေတောကျေးရွာ အုပ်စု ရွှေတောကျေးရွာအနီး ဘားအံ-ဇာသပြင်သွားကားလမ်းတွင် စိုးမောင် မောင်းနှင်ပြီး ခိုင်ဇော်လတ် လိုက်ပါလာသည့် VGO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၈၀၀၀ ကို လည်းကောင်း၊ ထိုနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စု ယန်းခေါင်ကျေးရွာနေ လော်ချို (ခ)အားချို၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၂၀၀ နှင့် ဘိန်းဖြူ၊ ၀ ဒသမ ၀၁၅ ကီလိုတို့ကို လည်းကောင်း။

ဒီဇင်ဘာ ၂ ရက် နံနက် ၈ နာရီခွဲတွင် ကျွန်းစုမြို့နယ် သဲချောင်းကျေးရွာအုပ်စု ဝဲကျွန်းကျေးရွာနေ ရဲဝင်းထွန်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ သော်ဇင်ဦးကို တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၃၉၆၀ကို လည်းကောင်း၊ ယင်းနေ့ည ၁၀ နာရီတွင် ပန်းတောင်းမြို့နယ် ပြည်-တောင်ကုတ်သွားကားလမ်း ညောင်ကျိုး ပူးပေါင်းစစ်ဆေး ရေးဂိတ်တွင် ဇော်မျိုးလွင်(ခ) မောင်မောင် မောင်းနှင်ပြီး ခင်မောင်ငြိမ်း(ခ)ဟိန်း လိုက်ပါလာသည့် HINO အမျိုးအစား ခြောက်ဘီး မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၉၅ ပြား၊ အိုက်စ် ၀ ဒသမ ၀၀၁ ကီလိုနှင့် ဆေးခြောက် ၀ ဒသမ ၁၅ ကီလို၊ ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် ဆိုင်ကယ် တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား