Skip to main content

ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆၉ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်သမင်း) များ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၂၄

ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆၉ ဘီလီယံကျော်တန်ဖိုး ရှိ အိုက်စ် (မက်သ်အဖက်တမင်း) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဒီဇင်ဘာ ၂၁ ရက် ညနေ ၅ နာရီတွင် ကွန်ဟိန်း မြို့နယ် ကွန်ဟိန်း-ခိုလမ်သွား ကားလမ်း ဆိုင်းမွန်ကျေးရွာအနီးတွင် ကွန်ဟိန်းမှ ခိုလမ်ဘက်သို့ စိုင်းဝန်းလူ မောင်းနှင်လာသည့် မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ဒေသကာလ တန်ဖိုး ငွေကျပ် ၁ ဒသမ ၆၉ ဘီလီယံ ကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၂၁ ကီလို သိမ်း ဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ် ချက်အရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း)များအား ကွန်ဟိန်းမြို့နယ် ဝမ်ပန်းကျေးရွာမှ ခိုလမ်မြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်