Skip to main content

Jul 08, 2021

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2021

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတစ်ဝန်း၌ ပြန်လည်အရှိန်မြှင့် ကူးစက်ဖြစ်ပွားနေသည်။ ရောဂါဖြစ်ပွား လာခဲ့သည့် တစ်နှစ်ခွဲကျော်ကာလအတွင်း ကမ္ဘာတစ်ခွင်တွင် ရောဂါပိုးကူးစက်ခံရသူ သန်း၂၀၀ နီးပါး ဖြစ်လာပြီး ပြန်လည်ကျန်းမာလာသူ သန်း ၁၇၀ နီးပါးနှင့် သေဆုံးသူကမ္ဘာ့ပြည်သူလေးသန်းကျော် ရှိသည်။ ကမ္ဘာပေါ် တွင် ဤကဲ့သို့သော ရောဂါကပ်ဘေးများ ရာစုနှစ်တစ်ခုအလိုက် ကျရောက်ခဲ့ဖူးပြီး ယခု ၂၁ ရာစုတွင် ကြီးမားသော ရောဂါကပ်ဘေးတစ်ခု ဖြစ်လာသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2021

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမည်ခံ အကြမ်းဖက်အဖွဲ့ကို ကိုယ်စားပြုသည့် ဦးဇော်ဝေစိုးနှင့် ပြင်သစ်အစိုးရပိုင် ရုပ်မြင်သံကြားသတင်းဌာန France 24 တို့ ဇူလိုင် ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်လုပ်ရပ်များအတွက် ဆင်ခြေပေး ဖုံးကွယ်မှုသက်သက်မျှသာ ဖြစ်သည်။ “အကူအညီမဲ့နေသည့် မြန်မာပြည်သူများ” “မိမိကိုယ်ကို ခုခံသည့်နည်းလမ်း” စသည့် စကားလုံး အသုံးအနှုန်းများကို အပေါ်ယံမှ ဖုံးကာ လက်နက်ကိုင်ဆောင် မထားသည့် အပြစ်မဲ့ပြည်သူများ၊ ကျောင်းဆရာ ဆရာမများ၊ အစိုးရဝန်ထမ်းများကို လုပ်ကြံ သတ်ဖြတ်ခြင်း၊ ရုံးဌာနများ ကျောင်းများအပါအဝင် အရပ်ဘက်နေရာ အဆောက်အအုံများကို မိုင်းထောင်၊ ဖောက်ခွဲ၊ မီးရှို့ခြင်းတို့ အပါအဝင် မည်သည့်နိုင်ငံ၊ မည်သည့် လူ့အဖွဲ့အစည်းကမျှ လက်မခံသည့် အကြမ်းဖက်မှုများကို ကမ္ဘာက မရိပ်စားမိအောင် ပုံဖျက်လှည့်စားလိုက်ခြင်းလည်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၇-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

ဆက်လက်ဖတ်ရှုရန်

Jul 07, 2021

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2021

(၅-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၆-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း တွေ့ရှိရသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၃,၆၀၂) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

ဆက်လက်ဖတ်ရှုရန်

Jul 07, 2021

မိန်းကလေးတစ်ဦး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၅၂) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2021

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်

ဆက်လက်ဖတ်ရှုရန်

Jul 07, 2021

ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုဖြင့် ငါးသယံဇာတ မပြုန်းတီးရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးစားသုံးမှု မြင့်မားလာစေရေးအတွက် ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော ပဲခူးမြို့နယ် အင်းတကော်မြို့ရှိ ရွှေပြည်(၁) ရေလှောင်တမံ အတွင်း၌ ယမန်နေ့ နံနက် ၉ နာရီ တွင် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ကိုဗစ်၁၉ရောဂါ စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2021

မွန်ပြည်နယ်အတွင်း နွေရာသီ ရေလုံလောက်မှုရှိစေရန်နှင့် မြေအောက်ရေကို စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ရန် GP Survey တိုင်းတာနည်း သင်တန်းကို မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် ယမန်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2021

၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂ခုနှစ်မတ်လအထိ ခြောက်လ အတွက် ဒေသန္တရစီမံကိန်း ရည်မှန်းရန် အဆိုပြုချက်ဆိုင်ရာ တိုင်းဒေသကြီး စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေး ကော်မတီ ဒုတိယအကြိမ် အစည်း အဝေးကို ယနေ့တွင် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး နှစ်ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2021

ဦးဟန်ဇင်ဦးမှ ထွက်ဆိုသည်မှာ - နောက်တိုးမဲစာရင်း ဖြည့်သွင်းခဲ့မှုအခြေအနေများနှင့် ပတ်သက်၍ ဆန္ဒမဲပေးနိုင်မည့် ရပ်ဝေးဒေသများမှ ရက်ပေါင်း ၉၀ နှင့်အထက် ပြောင်းရွှေ့နေထိုင် သူများ မဲစာရင်းထည့်သွင်းရေးဆောင်ရွက်ရာတွင် လူဦးရေ ၁၁၀၀ ခန့်စာရင်း တင်သွင်းခဲ့ရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲက ၇၈၁ ဦးသာ လက်ခံပြီး အချက်အလက် မပြည့်စုံသည့် ၃၁၉ ဦးကို ပယ်ဖျက်ခဲ့ သော်လည်း ရမ်ပူရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က မဲစာရင်းတွင်ပါဝင်နိုင်ရေး အဆင်ပြေအောင် ဆောင်ရွက်ပေးရန် ပြောကြားချက်အရ ကွန်ပျူတာစာစီဖြင့် ၂၆၉ ဦး၊ လက်ရေးဖြင့် ၅၀ ဦး ပေါင်း ၃၁၉ ဦးကို နောက်တိုးစာရင်းအဖြစ် ထပ်မံ ထည့်သွင်းခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ခဲ့ ခြင်းသည် ဥပဒေအရ လုပ်ပိုင်ခွင့်မရှိသော်လည်း အုပ်ချုပ်ရေးမှူး ဦးမောင်မောင်မှ အကူအညီ တောင်းခံခဲ့သဖြင့် ပြုလုပ်ပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2021

မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ဟုမ္မလင်းရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဘိုချစ်၏နေအိမ်၌ လက်လုပ်ဗုံးများ စုဆောင်းထားကြောင်း သတင်းအရ ၂-၇-၂၀၂၁ ရက်နေ့တွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ရာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော ပြည်သူ့ လွှတ်တော်ဆန္ဒမဲလက်မှတ်စောင်ရေ ( ၅၀ ) ပါ ဆန္ဒမဲလက်မှတ်စာအုပ် ၂ အုပ်နှင့် ဆန္ဒမဲပေး ရာတွင် အသုံးပြုခဲ့သော UEC တံဆိပ်ပါ တံဆိပ်တုံး ၃ ခု သိမ်းဆည်းရမိခဲ့သည်။ ဦးဘိုချစ်မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး သိမ်းဆည်းရမိခဲ့သော ရွေးကောက်ပွဲသုံးပစ္စည်းများကို ဟုမ္မလင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် အပ်နှံထားကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2021

ပြည်သူလူထုအတွက် အဓိက အကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးနိုင် ရန်အတွက်တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေး စောင့်ရှောက်မှု များကို နေ့ညမပြတ် ဆောင်ရွက်ပေး လျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ပေါင်း ၂၆၆၈၅၉ ဦးနှင့် အတွင်းလူနာ ပေါင်း ၇၇၅၀၆ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2021

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အမှတ်(၁) စိုက်ပျိုးမွေးမြူရေးရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမ များကို ကျောင်းဝတ်စုံများ၊ စားသောက် ကုန်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် မြန်မာ့သားကောင်း အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များကို စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2021

တပ်မတော် (ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာန ချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄) မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက် လျက်ရှိသည်။ ။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2021

(၁၆)ကြိမ်မြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်း အဖွဲ့အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်