Skip to main content

Jul 10, 2021

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတည်ဆောက်ရာ၌လည်းကောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်းကောင်း လျှပ်စစ်ဓာတ်အားသည် မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ လျှပ်စစ်ဓာတ်အားဖြင့် လောကနိဗ္ဗာန်ကို တည်ဆောက်ကြသည်ဟုဆိုကြသည်။ လူမှုဘဝနယ်ပယ်တွင် လျှပ်စစ်ဓာတ်အားဖြင့်သာ နေ့စဉ်ရှင်သန်လှုပ်ရှားနေရသည်ကို တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2021

ကမ္ဘာ့လူဦးရေသန်းပေါင်း ၅၀၀၀ ပြည့်သည့် ၁၉၈၇ ခုနှစ်တွင် မြေကမ္ဘာနေ လူသားတို့ လူဦးရေအကြောင်းအရာကို စတင် အာရုံစိုက်လာခဲ့ကြသည်။ တစ်နည်းဆိုရသော် ကမ္ဘာ့လူဦးရေ တစ်စတစ်စများပြားလာသည့်အပေါ် စိုးရိမ်ကြောင့်ကြလာကြခြင်းပင်ဖြစ်ရာ ထုံးစံအတိုင်း ပညာရှင်များနှင့် မီဒီယာတို့မှ စတင်၍ ထုတ်ဖော်ပြောကြားလာခဲ့ရာမှစ၍ ကမ္ဘာ့အရေးကိစ္စတစ်ခုဖြစ် လာပြီး ၁၉၈၉ခုနှစ်မှစတင်ကာ နှစ်စဉ် ဇူလိုင်လ ၁၁ ရက်နေ့တိုင်း ကမ္ဘာ့လူဦးရေနေ့ကို ကျင်းပပြီး လူဦးရေဆိုင်ရာအကြောင်းအရာများကို တစ်ခုပြီးတစ်ခု ခေါင်းစဉ်တပ် အာရုံစိုက်ဆွေးနွေးခဲ့ကြ သည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2021

သက်ဆိုင်ရာနိုင်ငံမပါဝင်ဘဲ ပြုလုပ်သည့် အပြန်အလှန်ဆွေးနွေးမှုများနှင့် စိစစ်မှုမရှိဘဲ တစ်ဖက်သတ် ပြောဆိုမှုများအပေါ် ကန့်ကွက်

ဆက်လက်ဖတ်ရှုရန်

Jul 09, 2021

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2021

(၈-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၉-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၅,၇၄၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄,၃၂၀) ဦး တွေ့ရှိရပါသည်။သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၈၄၁,၅၆၉)ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၈၄,၃၇၅) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2021

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်ကို Online Virtual ဖြင့် တွေ့ဆုံ၍ နှစ်နိုင်ငံလယ်ယာကဏ္ဍကုန်သွယ်မှု တိုးမြှင့် ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2021

စက်မှုလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2021

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုး စိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပရဝုဏ်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2021

၂၀၂၁ ခုနှစ်၊ ဇူလိုင် (၁၁) ရက်တွင် ကျရောက်မည့် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2021

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ဇူလိုင် ၅ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ရောက်ရှိပြီးရုံးနှင့် ဝန်ထမ်း အိမ်ရာအဆောက်အအုံများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2021

 ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန  စာပေဗိမာန်သည် ဘာသာပြန်  စာပေဖွံ့ဖြိုးရေးနှင့် ဘာသာပြန်  ဝါသနာရှင်များ တိုးပွားရေး  အတွက် စာပေဗိမာန်စာမူဆု၊ ( ဘာသာပြန်စာမူ ပြိုင်ပွဲကို နှစ်စဉ်ဖိတ်ခေါ်ကျင်းပလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွက် စာပေဗိမာန် စာမူဆု၊ ဘာသာပြန်စာမူပြိုင်ပွဲ အတွက် ပြဋ္ဌာန်းစာအုပ် များကို စတင်ရောင်းချလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2021

 မြန်မာ့မီးရထားက ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေ စေရေးနှင့် ကုန်စည်များပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများ ပြေးဆွဲပေးခြင်းကိုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဘူတာအဝင်နှင့် ရထားများပေါ်တွင် ခရီးသည်များ၏ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ဘူတာအဝင်ရှိ လက်ဆေးခုံများတွင် လက်ဆေးစေခြင်း၊ Mask တပ်ပြီး ဘူတာအတွင်းနှင့် ရထားပေါ်သို့ တက်ရောက်စေခြင်း၊ Social Distancing အတွက်တွဲများပေါ်တွင် နှစ်ယောက်ထိုင်နိုင်သောထိုင်ခုံ တစ်ခုံ၌ ခရီးသည်တစ်ဦးသာ ရောင်းချစေခြင်း၊ သတ်မှတ် ခရီးသည်ဦးရေမှ အပထိုင်ခုံမဲ့ လုံးဝမရောင်းစေခြင်းတို့ကို စီစဉ်ဆောင် ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2021

 သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေး အစီအစဉ် (Family Quiz) ပွဲစဉ်(၂၂)ကို ဇူလိုင် ၉ ရက် ညနေပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2021

ဆူပူအကြမ်းဖက်မှုကိုလိုလားသူ အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ လူငယ်များအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက် စေပြီး အများပြည်သူလူထု သွားလာလှုပ်ရှားလျက်ရှိသည့် နေရာများကို မိုင်းထောင် တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကို ထိခိုက်စေရန် စာသင် ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်း၊ လုံခြုံရေး ဆောင် ရွက်လျက်ရှိသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်ခြင်းများကို လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲ လုပ်ဆောင် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2021

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေလိုသူ အကြမ်း ဖက် အဖွဲ့များအနေဖြင့် လူငယ်များအား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက်စေပြီး အများပြည်သူလူထု သွားလာလှုပ်ရှား လျက်ရှိသည့် နေရာများကို မိုင်းထောင်တိုက်ခိုက်ခြင်း၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကို ထိခိုက်စေရန် စာသင်ကျောင်းများအား မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင် တိုက်ခိုက်ခြင်းများကို လူသားချင်းစာနာ ထောက်ထားမှု မရှိဘဲ လုပ်ဆောင်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2021

ခမ်းနားလှသော တိုက်တာကြီးများ၊ ထည်ဝါလှ သော အိမ်ကြီးအိမ်ကောင်းများသည် လမ်းဘေး ဝဲယာတွင် တန်းစီလျက်ရှိကြ၏။ တိုက်တိုင်း အိမ်တိုင်းမှာပင် ကိုယ်ပိုင်ဥယျာဉ်ရေကန်များရှိကြ သဖြင့် ကျက်သရေမင်္ဂလာ ရှိလှပေသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2021

၁။ ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲ ကျင်းပ ခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းစိစစ်တွေ့ချက်များနှင့် ပြည်သူ့လွှတ်တော် ဆန္ဒမဲ လက်မှတ်များ မြေပြင်ဖွင့်ဖောက်စစ်ဆေးခဲ့မှုအခြေအနေ မြို့နယ်အလိုက် စိစစ်တွေ့ရှိမှုစာရင်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ တစ်ခုချင်းအလိုက် စိစစ်တွေ့ရှိမှု စာရင်းချုပ် များကို ၁၆- ၂- ၂၀၂၁ ရက်နေ့မှ ၇- ၇- ၂၀၂၁ ရက်နေ့အထိ စိစစ်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်