Jun 24, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန တစ်ဘက်ပိတ်ဆည်အနီး၌ ကျင်းပသည်။
Jun 24, 2022
ဝင်ငွေနည်းပြည်သူများနေထိုင်ရေး အဆင်ပြေစေရန်၊ ဆောက်လုပ်ရေးကဏ္ဍမှတစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်နှင့် တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး၊ စံချိန်ပြည့်မီစွာဖြင့် သတ်မှတ်အချိန်မီပြီးစီးနိုင်ရန် ရည်ရွယ်၍ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်း ဦးစီးကော်မတီ၏ (၁၂) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 24, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန ရုံးဆောက်လုပ်မည့် မြေနေရာအနီး၌ ကျင်းပသည်။
Jun 24, 2022
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးအမှတ် (၉)၊ (၃) ထပ်ဆောင် အနောက်ဘက်နှင့် ငလိုက်ချောင်းဘေးမြေ ကွက်လပ်၌ ကျင်းပသည်။
Jun 24, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ရေနံချက်စက်ရုံ အမှတ်(၁)ရှိ ဆိပ်ခံဗော(Pontoon)ကို ကြည့်ရှုစစ်ဆေး
Jun 24, 2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) တာဝန်ခံအရာရှိတို့နှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ရေနံချက်စက်ရုံရှိ အမှတ်(၁) ဆိပ်ခံဗော(Pontoon)ကို ကြည့်ရှုစစ်ဆေးခဲ့ရာ ရေနံချက်စက်ရုံအမှတ်(၁)မှ စက်ရုံမှူးနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။
Jun 24, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၆) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန် ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။
Jun 24, 2022
နိုင်ငံတော်၏ အထူးစီမံကိန်းများဖြစ်သော ဝါသီးနှံနှင့် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိစိုက်ပျိုးနေသောမျိုးများအပြင် ပြည်ပမှ မျိုးသစ်များ တင်သွင်းနိုင်ရေးကို မျိုးစေ့ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်းမျိုးစေ့ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ အကျိုးဆောင်တောင်သူများနှင့် ပူးပေါင်း၍ အရည်အသွေးကောင်းမျိုးစေ့များ မျိုးသန့်မျိုးပွား ထုတ်လုပ်ရေးကြိုးပမ်းလျက်ရှိကြောင်း၊ ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ (၂၂) ကြိမ်မြောက် အစည်း အဝေးတွင်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
Jun 24, 2022
အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community–AEC) ၂၀၂၅ အကောင်အထည်ဖော်ဆောင်ရေးကော်မတီမှ ဖွဲ့စည်းပေးထားသော “ကောင်းမွန်သောစီမံမှု လုပ်ထုံးလုပ်နည်းကျင့်သုံးရေး (Good Regulatory Practice–GRP) ဆိုင်ရာလုပ်ငန်းကော်မတီ”၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 24, 2022
လူမှုဝန်ထမ်းဦးစီးဌာနက အွန်လိုင်းဖြင့် ဖွင့်လှစ်သင်ကြားမည့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုဖြစ်ရပ် မှတ်တမ်းစာအုပ် အသုံးပြုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 24, 2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၇ နာရီတွင် အိုလံပစ်နေ့အထိမ်းအမှတ် ပြေးခုန်ပစ် အားကစားပြိုင်ပွဲများဖြစ်သော အမျိုးသား အမျိုးသမီး မီတာ ၁၀၀၊ မီတာ ၈၀၀၊ အလျားခုန်၊ သံလုံးပစ်၊ လက်ဆင့်ကမ်းမီတာ (၁၀၀x၄) နှင့် အမျိုးသား အမျိုးသမီး (Mix) လက်ဆင့်ကမ်းမီတာ (၁၀၀x၄) ပြိုင်ပွဲ များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နေပြည်တော် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) မှ အားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။
Jun 24, 2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် Geographic Information System (GIS) နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်းကောက်ကွက်များဖွဲ့စည်းခြင်းအတွက် ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များ ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်မည့် သင်တန်းအမှတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 24, 2022
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ဈေးကွက်ကိုဦးတည်သည့် ထုတ်လုပ်မှုလုပ်ငန်း မဟာဗျူဟာအားကောင်းလာစေရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများ၊ စက်ရုံအလုပ်ရုံများမှ စက်ရုံမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
Jun 24, 2022
ပြည်ထောင်စုနယ်မြေ နေပြည်တော် စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် နေပြည်တော်စည်ပင် သာယာရေးကော်မတီ၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ် မြစ်မခလမ်း သံတမန်ဇုန်အတွင်းမြေနေရာ၌ ကျင်းပသည်။
Jun 24, 2022
“ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲ” ကျင်းပရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေးသည်။
Jun 24, 2022
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် Assembly Hall ၌ ကျင်းပသည်။
Jun 24, 2022
နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ (Special Unit on International Criminal Justice) ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 24, 2022
“ဓမ္မဝိနယ”ဟုခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ ထင်ရှားစွာရှိနေသမျှကာလပတ်လုံး မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိနေသည်မည်၏။ “သာသနာ”ဟူသည်မှာ ဤ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များပင်ဖြစ်၏။ အဆိုပါ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ ရှိနေသမျှကာလပတ်လုံး မြတ်စွာဘုရားရှင်လည်းရှိနေသည်မည်၍ သာသနာတော်လည်း ထွန်းကားနေမည်ဖြစ်၏။
Jun 24, 2022
ပြီးခဲ့သည့် မေလမှစတင်၍ မြန်မာနိုင်ငံသို့ ခရီးသွားဗီဇာဖြင့် ပြည်ပခရီးသွားဧည့်သည်များ အရေအတွက် ဆယ်ဂဏန်းအနည်းငယ်မျှ ဝင်ရောက်လာခဲ့ရာ ယခုဇွန်လ တတိယပတ်အတွင်း ထိ ၆၀၀ ကျော် ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ ကမ္ဘာတွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုစတင်ချိန်တွင် ဦးစွာထိခိုက်ဆုံးရှုံးရသည့် စီးပွားရေးလုပ်ငန်းများထဲတွင် ခရီးသွားလုပ်ငန်းများကလည်း ထိပ်ဆုံး၌ ပါဝင်သည်။