Skip to main content

Jun 27, 2022

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကရင်ပြည်နယ်(မြောက်ဘက်ခြမ်း)၊ သံတောင်ကြီးဒေသဝန်းကျင်နှင့် လိပ်သိုအနီးဝန်းကျင်ရှိ လျှပ်စစ်မီး အခက်အခဲကြုံတွေ့နေရသော ကျေးရွာများ မီးရရှိရေးအတွက် 90W ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းအစုံ ၁၀၀ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2022

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့်အတူ ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၉)နှင့် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ အဆိုပါကျောင်းများရှိ စာသင်ခန်းများတွင် ပညာသင်ကြားပေးနေသည့် ဆရာ ဆရာမများ၊ အေးချမ်းစွာ ပညာသင်ယူနေသည့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2022

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့၏ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2022

၂၀၂၂ ခုနှစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ စက်မှုလက်မှုအလုပ်ရုံအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2022

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2022

အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ကြံသတ်ဖြတ်ခြင်းများကြောင့် ပျံလွန်တော်မူသွားကြသော ရဟန်းသံဃာတော်များ၊ ရှင်သာမဏေများ၊ ကျဆုံးသွားကြသော တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ YMBA အသင်းအဆင့်ဆင့်မှ အမှုဆောင်များနှင့် အသင်းဝင်များ၊ စီမံအုပ်ချူပ်ရေးအဆင့်ဆင့်မှပုဂ္ဂိုလ်များ၊ စစ်မှုထမ်းဟောင်းများ၊ အငြိမ်းစားဝန်ထမ်းများနှင့် ပြည်သူများကို ရည်စူး၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)က ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် အမျှအတန်းပေးဝေခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်ရှိ YMBA အသင်းရုံး၌ ပြုလုပ်ရာ​ အဂ္ဂမဟာကမ္မဌာနာ စရိယအောင်ဆန်းတောရ တပ်ဦးကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ အမှူးပြုသော သံဃာတော်အရှင်မြတ်များ ကြွရောက်တော်မူကြပြီး YMBA အသင်းဥက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဦးရဲထွန်းနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ကျေးရွာ အနီးရှိ အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမကြီး ပြင်ဆင်နေမှုကို သွားရောက် ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ညောင်တုန်းမြို့နယ် မိုးမခကျေးရွာအနီးရှိ ပန်းလှိုင်ရေထိန်းတံခါးစီမံကိန်း ရှင်းလင်းဆောင်၌ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မိုးရာသီရေဘေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် သဘာဝဘေးကြိုတင်ကာကွယ် ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းဆိုင်ရာများ၊ ဧရာဝတီတိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် မျိုး၊ သွင်းအားစုနှင့် နည်းပညာ ဖြန့်ဝေခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ ပုဂ္ဂလိကကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်း စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2022

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဦးညွန့်အောင်၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်တွင်း ပုဂ္ဂလိကဘဏ်များနှင့် ထိုင်းဘဏ်များဖြစ်သော Siam Commercial Bank၊ Bangkok Bank ၊ Kasikorn Bank တို့သည် မြန်မာ-တရုတ်နှင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးတို့တွင် ပြည်တွင်း ငွေကြေးများဖြစ်သည့် ယွမ်/ကျပ် ၊ ဘတ်/ကျပ် သုံးစွဲနိုင်ရေးနှင့် ဘဏ်စနစ်ကို ပိုမိုအသုံးပြုနိုင်စေရေး၊ ထိုင်းဘတ်/ကျပ်အနေဖြင့် မြဝတီ၊ တာချီလိတ်တို့တွင် စတင်ခဲ့ပြီး ယခုအခါ မြိတ်၊ ကော့သောင်းတို့တွင် တိုးချဲ့ ဆောင်ရွက်နိုင်ရေးနှင့် ယွမ်/ကျပ် အနေဖြင့် ချင်းရွှေဟော်တွင် ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရေး ယနေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်း ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2022

ကျန်းမာသန်စွမ်း ဖွံ့ဖြိုးရေးအတွက် အဓိက လိုအပ်ချက်မှာ အာဟာရဓာတ် ပြည့်ဝသော အစားအစာ စားသုံးခြင်းဖြစ်သည်။ အာဟာရ ပြည့်ဝရေးအတွက် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက် အသီးအနှံတို့အပြင် အသား၊ ငါးမျိုးစုံတို့ကို မျှတစွာ စားသုံးရသည်။ နိုင်ငံများသည် နှစ်စဉ် တိုးပွားနေသော လူဦးရေအတွက် အသားငါး စားနပ်ရိက္ခာ လုံ‌လောက်ဖူလုံရေးကို ကြိုးပမ်း ဆောင်ရွက်နေကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2022

မိမိတို့နိုင်ငံတွင်ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ပျံ့နှံ့မှုနှင့် နိုင်ငံရေးအခြေအနေတို့ကြောင့် အကန့်အသတ်၊ အတားအဆီးများပြုလုပ်ကာ ထိန်းချုပ်ကာကွယ်မှုများ ပြုလုပ်နေရချိန်တွင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူများက အခွင့်ကောင်းတစ်ရပ်အဖြစ် အသုံးချခဲ့ကြသည်။ မူးယစ်ဆေးဝါးတန်ဖိုးကျပ်ငွေဘီလီယံ (သန်းပေါင်းထောင်နှင့်ချီ၍) ပမာဏကြီးမားစွာ မကြာခဏ ဖမ်းဆီးရမိခဲ့ရာ သာမန်အချိန် ကာလများထက် များစွာပိုမိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2022

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မြန်မာနိုင်ငံအတွင်း တစ်နှစ်တာကာလ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မန္တလေး၊ ရန်ကုန်နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့တွင် ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2022

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2022

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှု မရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအား မလိုလားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်း၌ Burma Final Revolution Armed Force- BFRAF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ရဲနောင်ထွန်း(ခ) Demon အားလည်းကောင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ပုလဲလမ်းသွယ်(၁)၊ တိုက်အမှတ်(၃၄)တွင် ရဲမင်းဟိန်း(ခ) ရဲဖြိုးအောင်(ခ) ရဲကြီး၊ ကျော်စွာထက်(ခ)ပေါ်လာ တို့အားလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2022

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၇ ရက်တွင် ရတနာပုံတော်လှန်ရေးအမည်ခံ အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမား ၆ ဦးသည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၆ လမ်း၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြားရှိ ကမ္ဘောဇဘဏ်ခွဲ (၉)သို့ ဝင်ရောက်၍ ဘဏ်ဝန်ထမ်းများအား လက်နက်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ် ၄၄၉ သိန်းအား ဓါးပြတိုက် ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2022

NUG အမည်ခံအကြမ်းဖက်သမားများနှင့် ၎င်း၏လက်အောက်ခံနိုင်ငံရေးအစွန်းရောက် အကြမ်းဖက်များသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများတွင် ဆန့်ကျင်ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်း၊ ပညာရေးအဆောက်အဦများနှင့် ပညာရေးဝန်ထမ်းများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2022

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့မျာ းအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ ပြည်သူများနေထိုင်ရာ မြို့ရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှု လုပ်ရပ်များအား လုပ်ဆောင်လျက် ရှိသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်