Skip to main content

Dec 15, 2022

ယနေ့ကျရောက်သည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့၏ နေ့ထူးနေ့မြတ် အခါသမယတွင် ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများနှင့် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်ထောင်စုဖွား တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2022

ပွင့်လင်းခြောက်သွေ့အေးမြသည့်ရာသီသည် ပုံမှန်အားဖြင့် ခရီးသွားရာသီပင်ဖြစ်သည်။ ပြီးခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့မှုက မိမိတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။ ယခုနှစ်တွင်မူ ကိုဗစ်-၁၉ ရောဂါ ကို ထိန်းချုပ်နိုင်မှုနှင့်အတူ ပြည်သူလူထုအတွင်း ပြည်တွင်း ခရီးစဉ်များကို ကျောင်းပိတ်၊ ရုံးပိတ်ရက်များအတွင်း သွားလာနိုင်ကြရန် စိတ်အားထက်သန် လျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2022

၁။ ၂၀၂၂ ခုနှစ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၂)၊ (၅၄/၂၀၂၂)၊ (၆၃/၂၀၂၂)၊ (၂၁၁/၂၀၂၂)၊ (၂၁၂/၂၀၂၂)၊ (၂၁၃/၂၀၂၂)၊ (၂၁၄/၂၀၂၂)၊ (၂၁၅/၂၀၂၂)၊ (၂၁၈/၂၀၂၂)၊ (၂၁၉/၂၀၂၂)၊ (၂၂၀/၂၀၂၂)၊ (၂၂၁/၂၀၂၂)တို့ဖြင့် အဂ္ဂမဟာသီရိသုဓမ္မဘွဲ့၊ သတိုးသီရိသုဓမ္မဘွဲ့၊ အဂ္ဂမဟာသရေစည်သူဘွဲ့၊ သတိုးမဟာသရေစည်သူဘွဲ့၊ မဟာသရေစည်သူဘွဲ့၊ သရေစည်သူဘွဲ့၊ စည်သူဘွဲ့၊ သူရဘွဲ့၊ သီရိပျံချီဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ အလင်္ကာကျော်စွာဘွဲ့၊ သိပ္ပကျော်စွာဘွဲ့စသည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များကို ချီးမြှင့်ခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2022

ဒေသခံတိုင်းရင်းသားများဖြင့် ပါဝင်ဖွဲ့စည်းထားသည့် တပ်များဖြစ်သဖြင့် ဒေသခံများနှင့်တပ် စည်းလုံးညီညွတ်မှုရှိရမည်ဖြစ်ပြီး စုစုစည်းစည်းဖြင့် ညီညီညွတ်ညွတ်ရှိရမည်ဖြစ်ကြောင်း၊ စုစည်းညီညွတ်သည့်အင်အားရှိမည်ဆိုပါက မည်သူမှမိမိတို့၏ တပ်ရင်းတပ်ဖွဲ့ကို ထိခိုက်အောင် ဆောင်ရွက်၍ရနိုင်မည်မဟုတ်ကြောင်း၊ အလားတူ ဒေသတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများအားလုံး အတူတကွစုစည်းညီညွတ်စွာ နေထိုင်မည် ဆိုပါက ဒေသကို မည်သူမျှထိ၍ရမည်မဟုတ်သဖြင့် စည်းလုံးခြင်း၏အားကို တည်ဆောက် ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပူတာအိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား ပူတာအိုလေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ကောင်းမှုလုံကျေးရွာ၊ နမ့်ကျို(မလိခ)မြစ်ကမ်းနံဘေးတွင် တည်ထားကိုးကွယ်သည့် ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2022

ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် ဗို့အားပြည့်ဝစွာဖြင့် ဖြန့်ဖြူးပေးပို့နိုင်ရေး၊ ဓာတ်အား ပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့အတွက် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများကို သန့်ရှင်းရေး ပြုလုပ်ခြင်းအပါအဝင် ထိန်းသိမ်းပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားကြရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့် တွေ့ဆုံစဉ် တိုက်တွန်းမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2022

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၃-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၄-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၉၁၈) ခုအား စစ်ဆေးပြီး စီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၃) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၆၇) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2022

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2022

၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ယနေ့တွင် ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit)ဖြင့် ပြည်ထောင်စုနယ်မြေရှိ လူမှုဖူလုံရေးအကျုံးဝင် ဝန်ကြီးဌာနများဖြစ်သည့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနများသို့ ကွင်းဆင်းဆေးကုသမှုများကို ဆက်လက်ဆောင်ရွက် ခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ  အာမခံအလုပ်သမား(၁၈၉၄) ဦးရှိသည့်အနက် အာမခံအလုပ်သမား (၂၉၅)ဦး ကိုလည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာနမှ  အာမခံအလုပ်သမား(၉၀၈)ဦး ရှိသည့်အနက် အာမခံအလုပ်သမား   (၂၀၂)ဦး ကိုလည်းကောင်း ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2022

(၇၅)နှစ်မြောက် စိန်ရတု တပ်မတော်(လေ)နှစ်ပတ်လည် နေ့ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)ကွပ်ကဲမှုအောက်တပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဒီဇင်ဘာ ၁၂ ရက်နှင့် ယနေ့တို့တွင် သက်ဆိုင်ရာ နယ်မြေခံတပ်မတော် ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများ၌ စုပေါင်းသွေးလှူဒါန်းကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2022

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် Basque Culinary Center (BCC)တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဂျပန်နိုင်ငံ နာရာမြို့၌ ကျင်းပသော (၇)ကြိမ် မြောက် ကမ္ဘာလုံးဆိုင်ရာ အစားအသောက်နှင့် စပ်လျဉ်းသည့် ခရီးသွားလုပ်ငန်းဖိုရမ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် အွန်လိုင်းမှ ပါဝင် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2022

နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်များ၊လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့တို့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန် မြို့တော် Traffic Control Centre ၌ ကျင်းပရာ ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2022

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်၍ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2022

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီး ဌာန လူမှုဖူလုံရေးအဖွဲ့မှ ယနေ့တွင် ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် ပြည်ထောင်စုနယ်မြေရှိ လူမှုဖူလုံရေးအကျုံးဝင် ဝန်ကြီးဌာနများဖြစ်သည့် စက်မှုဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနများသို့ ကွင်းဆင်းဆေးကုသမှုများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ စက်မှုဝန်ကြီးဌာနမှ အာမခံအလုပ်သမား ၁၇၉၈ ဦးရှိသည့်အနက် အာမခံအလုပ်သမား ၂၅၁ ဦးကို လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အာမခံအလုပ်သမား ၁၆၆၆ ဦးရှိသည့်အနက် အာမခံအလုပ်သမား ၁၉၁ ဦးကိုလည်းကောင်း ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2022

ဧရာဝတီတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၅ ရက်အထိ ၂ ရက်တာ ပုသိမ်မြို့ရှိ မြို့တော်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်၍

ဆက်လက်ဖတ်ရှုရန်