Jun 26, 2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်တွင် တွင်တည်ဆောက်လျက်ရှိသည့် ကမ္ဘာ့အကြီးဆုံး ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jun 26, 2022
ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဘုရားသွားလမ်း စံပယ်လမ်းဝဲယာ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
Jun 26, 2022
နေပြည်တော် ဇွန် ၂၆ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီကာလ အမျိုးသား ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲများကို ဇွန် (၂၀)ရက်မှစတင် ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသား ပိုက်ကျော်ခြင်း ဗိုလ်လုပွဲကို ဝဏ္ဏသိဒ္ဓိကွင်းအတွင်းရှိ အားကစားရုံ (C)၌ လည်းကောင်း၊ အမျိုးသား/အမျိုးသမီး ဘော်လီဘော ဗိုလ်လုပွဲများကို အားကစားရုံ (B)၌ လည်းကောင်း ကျင်းပသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၆-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Jun 26, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Jun 26, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု ကလေးစာပေ ပထမဆုရရှိသည့် စာရေးဆရာမဝတ်ရည်ခင်(ပဲခူး)၏ “မြန်မာ့မေတ္တာစွမ်း ကမ္ဘာကိုလွှမ်းစေရမည်နှင့် ကလေးဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
Jun 26, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းတုန်းမြို့နယ်၊ ကံမမြို့နယ်နှင့် စေတုတ္တရာမြို့နယ်တို့အတွင်း ကျွန်းခွဲသား၊ ကုက္ကိုခွဲသား၊ ဒဟတ်ခွဲသား၊ ကသစ်သားနှင့် ကျွန်းသစ် ၄ ဒသမ ၈၉၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၆၉၂၆ ကျပ်)ကိုဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Jun 26, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ ၃၂ ဦးတို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတု ပြတိုက်တို့တွင် လေ့လာကြသည်။
Jun 26, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jun 26, 2022
၁၉၈၇ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံကဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည့် အချိန်မှစ၍ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ (၃၅) ကြိမ်မြောက်ရှိပြီ ဖြစ်ပါသည်။
Jun 26, 2022
အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
Jun 26, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးသည်။
Jun 26, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဦးဌေးအောင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာယက၊ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းလျာထားမြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
Jun 26, 2022
မြန်မာနိုင်ငံမှလယ်ယာထွက်ကုန်ဖြစ်သော ဆန်နှင့်ဆန်ထွက်ပစ္စည်းများကို BulkCarrier သင်္ဘောကြီးများဝမ်းအတွင်း စုပုံသယ်ဆောင်သော ဝမ်းပုံစနစ်ဖြင့် နှစ်စဉ်ပြည်ပသို့တင်ပို့လျက်ရှိရာ ယနေ့တွင် ဆူးလေဆိပ်ကမ်းတံတားခုနစ်စင်း၌ ဆန်နှင့်ဆန်ထွက်ပစ္စည်းများကို တင်ဆောင်လျက် ဥရောပနှင့်အာဖရိကနိုင်ငံများသို့ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။
Jun 26, 2022
မူးယစ်ဆေးဝါးအန္တရာယ်သည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ဖျက်ဆီးရုံသာမက နိုင်ငံကိုပါ ခြိမ်းခြောက်အန္တရာယ်ပေးနိုင်သည့်အဆင့်သို့ ရောက်ရှိလာသည်။ မူးယစ်ဆေးဝါးပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းတိုက်ဖျက်နေသည့်ကြားမှ ရောင်းဝယ်ဖောက်ကား သုံးစွဲမှုများရှိနေပြီး နိုင်ငံဖြတ်ကျော်ကျူးလွန်ကြသည့် မှုခင်းများပါရှိလာသည်။ မူးယစ်ဆေးဝါးအမျိုးမျိုးကို စီးပွားရေးအတွက်သာမက လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်တိုက်ခိုက်မှု၊ ငွေကြေးခဝါချမှု စသည်တို့တွင် အသုံးချလာကြသည်။
Jun 26, 2022
ညစ်ညမ်းမှု(Pollution)များအားလုံးမှာ လူတို့၏ပယောဂကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး လူကိုသာမက အခြားသက်ရှိဇီဝများနှင့် သဘာဝပတ်ဝန်းကျင်တို့ကိုပါ ဆိုးကျိုးများသက်ရောက်စေသည်။ ညစ်ညမ်းမှုပုံစံများကိုကြည့်လျှင် လေထုညစ်ညမ်းခြင်း၊ ရေထုညစ်ညမ်းခြင်း၊ မြေကြီးညစ်ညမ်းခြင်း၊ စွန့်ပစ်ပစ္စည်းများညစ်ညမ်းခြင်း၊ ရေဒီယိုသတ္တိကြွညစ်ညမ်းခြင်း၊ အသံညစ်ညမ်းခြင်း၊ အလင်းညစ်ညမ်းခြင်း၊ မြင်ကွင်းညစ်ညမ်းခြင်း၊ အပူဓာတ်ညစ်ညမ်းခြင်း စသည်ဖြင့် တွေ့ရှိနိုင်သည်။ ညစ်ညမ်းမှုပုံစံအမျိုးမျိုးတို့ကြောင့် လူ၊ သားငှက်တိရစ္ဆာန်သက်ရှိဇီဝများ၊ ဂေဟစနစ်များအပေါ် ကမောက်ကမဖြစ်စေခြင်း၊ ပျက်စီးစေခြင်း၊ အန္တရာယ်ဖြစ်စေခြင်း၊ ဖိစီးမှုဖြစ်စေခြင်း စသည်တို့ခံစားကြရသည်။
Jun 25, 2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပေါင်းလောင်းတမံ၊ ရေထိန်းဆည်(Wier)နှင့် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ရွှေမြို့ပင်မဓာတ်အားခွဲရုံတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jun 25, 2022
NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံသားများ၏ ပညာသင်ကြားသင်ယူခွင့်ကို တားဆီးပိတ်ပင်ရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည်ဖြင့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
Jun 25, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jun 25, 2022
တိုင်းရင်းသားလူမျိုးများစွာ မှီတင်းနေထိုင်လျက်ရှိသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွက် အချင်းချင်းသွေးစည်း ညီညွတ်မှုရှိမှသာ ပြည်ထောင်စုကြီးမပြိုကွဲဘဲ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမည်ဆိုသည်ကို အတိတ်သမိုင်းမှ သင်ခန်းစာများ ရရှိခဲ့ပြီးဖြစ်ပါသည်။ အနာဂတ်တွင်လည်း အလားတူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ကျစ်လစ်ခိုင်မာသည့် ညီညွတ်သောစုပေါင်းအားကို ဆက်လက်ကြိုးပမ်းတည်ဆောက်သွားရမည်ဖြစ်ပါသည်။ နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသားအရေးအရ သဘောထားကွဲလွဲမှုများကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခဲ့ရပါသည်။
Jun 25, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။