Skip to main content

Dec 18, 2022

မြန်မာနိုင်ငံ စာရေးဆရာအသင်းက ကြီးမှူးကျင်းပသည့် စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များအား ကန်တော့ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2022

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန တောင်ငူပင်မ ဓာတ်အားခွဲရုံအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)- စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်း အပြီးသတ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တောင်ငူပင်မဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2022

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး ကိုးထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါဆေးရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2022

လူကုန်ကူးခံရမှုများနှင့် အရေးယူဆောင်ရွက်မှုများကို နေ့စဉ်မြင်တွေ့ကြားသိ နေရသည်။ လူကုန်ကူးမှုသည် လူအချင်းချင်းစာနာမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်သော ခေတ်သစ်ကျေးကျွန်စနစ်ဖြစ်၍ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရန်နှင့် လူကုန်ကူးမှုကျူးလွန်သူများအား ဖော်ထုတ်အရေးယူနိုင်ရန် အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2022

၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်မှ ၆၄ နှစ်ရှိ အလုပ်လုပ်နိုင်သော လူဦးရေအချိုးအစားမှာ ၆၅ ဒသမ ၆ ရာခိုင်နှုန်းရှိနေသည်။ ထိုသို့များပြားနေသည့် အလုပ်လုပ်နိုင်သော လူဦးရေကို နှစ် ၂၀ အတွင်း အကျိုးရှိစွာ အသုံးချနိုင်မည်ဆိုလျှင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ခြင်းကြောင့် မြန်မာနိုင်ငံ သည် လူဦးရေပညာရှင်များ၏ အဆိုအရ “လူဦးရေဆိုင်ရာဆုလာဘ်” ရရှိထားသည်ဟုပင်ဆိုသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့် ဝေးကွာစွာဖြင့် နေ့မအားညမနား ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ မိသားစုများအပေါ် လွမ်းဆွတ်သတိရ သည့်စိတ်များ ခေတ္တခဏမျှ ပြေပျောက်စေရန်နှင့် စိတ်ပျော်ရွှင် ကြည်နူးစေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊

ဆက်လက်ဖတ်ရှုရန်

Dec 17, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား ယနေ့နံနက်တွင် နောင်ပင်ကျေးရွာ၊ မိုးဒါးကြီးကျေးရွာနှင့် ဟဲနားကျေးရွာ(ရွာဟောင်း)များအနီးသို့ အရောက်၌ KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများက ကျေးရွာအတွင်း လူနေအိမ်များကို အကာကွယ်ရယူပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်အဖွဲ့များသည် ကျေးရွာများအတွင်းမှ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ဆုတ်ခွာသွားစဉ် ကျေးရွာများအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် နောင်ပင်ကျေးရွာတွင် လူနေအိမ် ၁၁ လုံးခန့်၊ မိုးဒါးကြီးကျေးရွာတွင် လူနေအိမ် ၄၃ လုံးခန့်၊ ဟဲနားကျေးရွာ(ရွာဟောင်း)တွင် လူနေအိမ် ၁၀ လုံးခန့်၊ စုစုပေါင်း လူနေအိမ် ၆၄ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2022

နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသောလုပ်ရပ်နှင့် အကြမ်းဖက်လုပ်ဆောင်မှုကို ဆန့်ကျင်လိုကြသည့် ဒေသခံတောင်ပေါ် တိုင်းရင်းသားအချို့၏ လျှို့ဝှက်ဆက်သွယ်သတင်းပေးပို့မှုအရ NUG၊ CRPH တို့၏ ဆက်သွယ်ညွှန်ကြားမှုဖြင့် လက်နက်၊ ခဲယမ်းနှင့်ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများ သယ်ဆောင်လာသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ရောက်ရှိနေကြောင်း တပ်မတော်မှသိရှိရ၍ ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာအနီးသို့ တပ်မတော်စစ်ကြောင်းများက လေကြောင်းချီစစ်ဆင်ကာ အချိန်မီတိုက်ခိုက်၍ လက်နက်၊ ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2022

ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့် သိမှုတရားပင် ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်အဆင့်အတန်းအားလုံး ရဲဘော်စိတ်အပြည့်ထားရှိပြီး အထက်အောက် ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန်လိုအပ်ကြောင်း တပ်မတော်အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည်ဖြစ်ရာ အုပ်ချုပ်မှု ညီညွတ်မျှတစေရန်အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်းစိတ်ဓာတ် (Commander Spirit)၊ ဖခင်သဖွယ်စိတ်ဓာတ်(Fatherly Spirit) တို့ဖြင့် ကွပ်ကဲအုပ်ချုပ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2022

မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း (COMMIT) ၏ (၅) ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေး (5th COMMIT Inter-Ministerial Meeting-IMM5) ကို ယနေ့နံနက် ၈ နာရီခွဲတွင် ရုံးအမှတ်(၈) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အစည်းအဝေး ခန်းမ(၁)၌ Video Conference စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2022

အရွယ်မရောက်သေးသူ ကလေးသူငယ်များကို စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီနှင့် Country Task Force on Monitoring and Reporting (CTFMR) တို့အကြား Tripartite Case Review Meeting တစ်ရပ်ကို ဒီဇင်ဘာ ၁၄ ရက်က ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက ရန်ကုန် - မန္တလေး အမြန်လမ်းတစ်လျှောက် (နေပြည်တော်- ရန်ကုန်) လမ်းပိုင်းအား မိုင်တိုင် (၅၀/၀) မှ (၅၃/၀)အတွင်း လမ်းပြုပြင်နေမှု၊ ရန်ကုန်မှ နေပြည်တော်သို့ အသွားလမ်း မိုင်တိုင် (၃၈/၅) မှ (၃၉/၆)အတွင်း AC ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် မိုင်တိုင်(၀/၀)မှ (၀/၄)အတွင်း ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းစစ်ဆေးရာ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မိုးဦးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြပြီး လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းမြင့်ထွန်းက လိုအပ်သည်များ ဖြည့်စွက်တင်ပြသည်။ ဒုတိယဝန်ကြီးက သတ်မှတ်ဒီဇိုင်းပုံစံအတိုင်း ဆောင်ရွက်ရန်၊ ယာဉ်မတော်တဆမှုအန္တရာယ်များ လျော့နည်းစေရေးအတွက် ထည့်သွင်းစဉ်းစားလုပ်ဆောင်ရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက ရန်ကုန် - မန္တလေး အမြန်လမ်းတစ်လျှောက် (နေပြည်တော်- ရန်ကုန်) လမ်းပိုင်းအား မိုင်တိုင် (၅၀/၀) မှ (၅၃/၀)အတွင်း လမ်းပြုပြင်နေမှု၊ ရန်ကုန်မှ နေပြည်တော်သို့ အသွားလမ်း မိုင်တိုင် (၃၈/၅) မှ (၃၉/၆)အတွင်း AC ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် မိုင်တိုင်(၀/၀)မှ (၀/၄)အတွင်း ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းစစ်ဆေးရာ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မိုးဦးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြပြီး လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းမြင့်ထွန်းက လိုအပ်သည်များ ဖြည့်စွက်တင်ပြသည်။ ဒုတိယဝန်ကြီးက သတ်မှတ်ဒီဇိုင်းပုံစံအတိုင်း ဆောင်ရွက်ရန်၊ ယာဉ်မတော်တဆမှုအန္တရာယ်များ လျော့နည်းစေရေးအတွက် ထည့်သွင်းစဉ်းစားလုပ်ဆောင်ရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2022

(၇၅)နှစ်မြောက် စိန်ရတုတပ်မတော် (ရေ) နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်အတွင်း ဘာသာသာသနာထွန်းကားမှုကို အထောက်အပံ့ဖြစ်စေရန်နှင့် အများပြည်သူများ ကြည်ညိုသပ္ပာယ်စွာဖူးမြော်ရန်၊ ကုသိုလ်တရားပွားများနိုင်စေရန်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်ဇနီး ဒေါက်တာဒေါ်အေးခိုင်ညွန့်နှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည် မိသားစုဝင်များက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်အတွက် ရွှေစင်ပြားကိုးပြား ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ လိုဏ်ဂူတော် အရှေ့ဘက်မုခ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2022

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့ ပြည်သူ့ဆေးရုံ၏ တိုးချဲ့နှစ်ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2022

ပြန်ကားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကားတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာ စားပွဲ၌ ဖျော်ဖြေတင်ဆက်မည့် နိုင်ငံတော်သံစုံတီးဝိုင်း တီးခတ်လေ့ကျင့်မှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2022

မြန်မာနိုင်ငံ စာရင်းကောင်စီ နှစ်(၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2022

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်း ပဟေဠိ- ဒေသတွင်းအဆင့် (10th ASEAN Quiz - Regional Level) ပြိုင်ပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား ကျောင်းသူများနှင့် အုပ်ချုပ်သူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာသွားခဲ့ကြရာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်