Oct 23, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 23, 2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ၂၃.၇.၂၀၂၂ ရက်နေ့နံနက် မင်္ဂလာအချိန် ၀၆:၃၀ နာရီတွင်မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်ကလေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိပါသည်။
Oct 23, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြုပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Oct 23, 2022
၂၀၂၂ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဥ္စမနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။
Oct 23, 2022
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ရာ အောက်တိုဘာ ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဒဂုံမြို့သစ်ခရိုင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးဆောင်သော ပူးပေါင်းအဖွဲ့က သတင်းအရ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ဒဂုံစက်မှုဇုန်(၂)ရှိ သစ်အချောထည်လုပ်ငန်း ဂိုဒေါင်၌ တရားမဝင် ကျွန်းပါကေးနှင့် T&G သစ်ခွဲသား ၁ ဒသမ ၈၀၆၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉၂၂၂၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Oct 23, 2022
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် အမှတ်(၁) ဆူးလေဆိပ်ကမ်းတံတား၌ ပြည်ပသို့ ဆန်တင်ပို့မှု အခြေအနေများနှင့် သန်လျင်သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီတံတားများသို့ ဆိုက်ကပ်ထားသော စက်သုံးဆီ တင်သင်္ဘောများမှ စက်သုံးဆီ Terminal များသို့ ဆီချလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
Oct 23, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Oct 23, 2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရှမ်းပြည်နယ် သယံဇာတရေးရာ ဝန်ကြီးဦးစိုင်းလိတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ကလောပင်မဓာတ်အားခွဲရုံ၏ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
Oct 23, 2022
မြန်မာနိုင်ငံသည် ပထဝီအနေအထားနှင့် သမိုင်းကြောင်းအစဉ်အလာအရ အင်အား တောင့်တင်းခိုင်မာသော၊ စွမ်းရည်ရှိသော ကာကွယ်ရေးစွမ်းအား ခိုင်မာစွာ တည်ဆောက်ထားရန် လိုအပ်သောနိုင်ငံဖြစ်သည်။ နိုင်ငံ၏ပကတိလိုအပ်ချက်အရ အစဉ်အဆက်တိုင်း ပြည်ခေါင်းဆောင်များသည် တပ်မတော်ကို အင်အားတောင့်တင်း ခိုင်မာအောင် ဆောင်ရွက်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏သမိုင်းကြောင်းတွင် တိုင်းပြည်စည်းလုံးညီညွတ်ပြီး အင်အားတောင့်တင်းခိုင်မာသော တပ်မတော်တစ်ရပ်ရှိသောအခါ၌ မြန်မာအင်ပါယာဟူ၍ ဒေသပတ်ဝန်းကျင်တွင် ကျယ်ပြန့်စွာ တည်ဆောက်နိုင်သည်အထိ အင်အားကောင်းခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
Oct 23, 2022
ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်ထုတ်လုပ်ခြင်းများကို အားပေးမှု မရှိခဲ့ခြင်းကြောင့် ၂၀၁၈-၂၀၁၉ ခုနှစ်ခန့်မှ စတင်ကာ မိမိတို့နိုင်ငံ၏ စီးပွားရေးကျဆင်းမှု စတင်ဖြစ်ပေါ်ခဲ့သည်။ ပြည်တွင်း၌ လိုအပ်သည့် ကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းမှုများပြားခဲ့ရာ ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့ရပြီး အဆိုပါလိုငွေများကို ပြည်ပချေးငွေများ၊ ထောက်ပံ့ငွေများ၊ အခြားရငွေများဖြင့် ဖြေရှင်းခဲ့ရသည်။
Oct 22, 2022
အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသော NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ပြည်သူလူထုများအား ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်ရည်ရွယ်၍ အဖျက်အမှောင့်လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်လျက်ရှိသည်။
Oct 22, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက် ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 22, 2022
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေး အပ်လျက်ရှိသည်။
Oct 22, 2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်မြတ်ကြီး၊ ကင်းမွန်းချောင်းတောင်တက် ကားဂိတ်အား KNLA တပ်မဟာ(၁)နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရက်စက်မိုက်မဲစွာ လာရောက်ပစ်ခတ်ခဲ့သဖြင့် ဘုရားဖူး ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး၊ ၁၉ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
Oct 22, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား နေပြည်တော်ကောင်စီရုံးဝင်းရှိ ဇမ္ဗူသီရိခန်းမ၌တွေ့ဆုံ၍ ဒေသတွင်းစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။
Oct 22, 2022
(၄၁) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး၊ (၁၀) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ (၁၇)ရက်မှ (၂၀)ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည်။
Oct 22, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Oct 22, 2022
၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
Oct 22, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမ၌ ဝန်ကြီးဌာနများမှ ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ပညာသင်ကြားခဲ့သော နိုင်ငံ့ဝန်ထမ်းများနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံသည်။
Oct 22, 2022
ဗန်းမော်မြို့၊ ရွှေပြည်သာမြို့နယ်နှင့် မိုင်းပန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။