Oct 20, 2022
စတုတ္ထအကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အောက်ရှိ နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေး (4th Joint Working Group Meeting on Cross-border Economic Cooperation under Mekong-Lancang Cooperation- 4th JWG-CBEC)ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ယနေ့ နံနက် ၁၁ နာရီခွဲတွင် Virtual စနစ်ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ရုံးအမှတ် (၃)၌ လက်ခံကျင်းပသည်။
Oct 20, 2022
မိမိတို့နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် အခြေခံကောင်းများ ရှိထားသည်။ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများက နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်း ပါဝင်မှီခိုနေကြရသည့် အဓိကစီးပွားရေးလုပ်ငန်းများဖြစ်သည့်အတွက် မိမိတို့နိုင်ငံတွင် မည်သည့်အခါမျှ စားနပ်ရိက္ခာပြတ်လပ်မှုမရှိ။ သို့ရာတွင် ကုန်ကြမ်းထုတ်ရောင်းသည့် အဆင့်၌သာရှိပြီး ကုန်ချော ထုတ်လုပ်နိုင်သည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ အားကောင်းမောင်းသန်မရှိခြင်း၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း ကုန်ထုတ်လုပ်မှုထက် ကုန်သွယ်မှုလုပ်ငန်းများကိုသာ ပိုမိုလုပ်ကိုင်ကြခြင်း စသည်တို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမှာ နှေးကွေးနေရသည်။
Oct 20, 2022
“နိုင်ငံသားကြီးငယ်မဟူ ကျား/မ မရွေး အသိပညာရှင်၊ အတတ်ပညာရှင်များ၏ သိမြင်နှံ့စပ်မှု၊ ကျွမ်းကျင် တတ်မြောက်မှု၊ အတွေ့အကြုံရင့်ကျက်မှုများနှင့် စိတ်ရင်းစေတနာများသည် အခြေခံကျသည့် အရင်းအမြစ်များ ဖြစ်ပါကြောင်း။ နိုင်ငံ၏သမိုင်းအဆက်ဆက်တွင် ‘ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်’ ဟူသည့် ဓမ္မဓိဋ္ဌာန်ကျသည့် အမြင်အသိကသာ လက်တွေ့ကျပြီး အမှန်ကန်ဆုံးဖြစ်သည့် အတွက် နိုင်ငံနှင့် လူမျိုးအကျိုးကို တိုးတက်မြင့်မားအောင် အားလုံးကဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြု ညစာစားပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
Oct 19, 2022
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Oct 19, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUGနှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 19, 2022
၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
Oct 19, 2022
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်သို့ ရောက်ရှိ စစ်ဆေးသည်။
Oct 19, 2022
၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။
Oct 19, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Oct 19, 2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဗဟိုအကျဉ်းထောင်၌ ပေါက်ကွဲမှုဖြစ်ပွား၍ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းအချို့နှင့် အပြစ်မဲ့အရပ်သား ပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
Oct 19, 2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင့်တင်တည်ဆောက်နိုင်မည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Oct 19, 2022
မျက်မှောက်ကာလတွင်ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားကပြည်သူ့စကား” အစီအစဉ်မှ “မုံရွာမြို့အတွင်း PDF အမည်ခံအကြမ်းဖက်သမားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသားနှစ်ဦးသေဆုံး” ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
Oct 19, 2022
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၆ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တပ်မတော်ဦးဆောင်သော ပူးပေါင်းအဖွဲ့က ကာမိုင်း-နန့်ယား-ဖားကန့်သွား လမ်းမပေါ်တွင် ယာဉ်စစ်ဆေးရေးဆောင်ရွက်နေစဉ်
Oct 19, 2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်းနှင့် မဲရုံတည်နေရာများ အတည်ပြုသတ်မှတ်ခြင်းများဆောင်ရွက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 19, 2022
(၂၄)ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်းအဝေး (24th ASEAN Senior Level Committee- SLC on Financial Integration) ကို ယနေ့နံနက် ၇ နာရီတွင် Hybrid Format ဖြင့်ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် တက်ရောက်သည်။
Oct 19, 2022
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ပြည်သူများ လွယ်လင့်တကူ ဈေးဝယ်နိုင်ရေးအတွက် ယနေ့တွင် မရမ်းကုန်းမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဝင်း၊ ပုဇွန်တောင်မြို့နယ် ပုဇွန်တောင်ဥယျာဉ်အိမ်ရာ၊ ၅၄ လမ်းနှင့် အနော်ရထာလမ်းထိပ်၊ (၂)ရပ်ကွက်၊ အင်းစိန်မြို့နယ် ဖန်ချက်စက်လမ်း မုဒိတာအိမ်ရာ (၂)၊ စော်ဘွားကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၊ လှိုင်မြို့နယ် မင်းဓမ္မလမ်းပညာ့ရိပ်သာ၊ လှိုင်မြစ်လမ်း၊ ရွှေကောင်းကြွယ်လက်ဖက်ရည်ဆိုင်အနီး၊ မြို့တော်ဂေါက်ကွင်း၊ ကျောက်တံတားမြို့နယ်မြို့တော်ခန်းမနှင့် ဗိုလ်တထောင်မြို့နယ်၊ ၄၆လမ်း (၁၂) ထပ်ခွဲစည်ပင်ရုံးဝင်းများတွင်လည်း (Mobile Market) စနစ်ဖြင့် ဈေးရောင်းချပေးကြောင်းသိရသည်။
Oct 19, 2022
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ(၁/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 19, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Oct 19, 2022
မျက်မှောက်ကာလ၌ ရှင်သန်ရပ်တည်နေသော ကလေးသူငယ်များသည် အနာဂတ်ကို ပုံဖော်ကြမည့်၊ အနာဂတ်တွင် ကောင်းမွေ၊ ဆိုးမွေတို့ကို ဖန်တီးကြမည့်သူများဖြစ်သည်။ ကောင်းမွန်သောအနာဂတ်ကို ပုံဖော်တည်ဆောက်နိုင်ရန်အတွက် မျက်မှောက်ကာလရှိ ကလေးသူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးဖြင့် နိမ့်ကျနေသောကလေးငယ်များကိုလည်း စောင့်ရှောက်ကူညီဖေးမပေးရမည်ဖြစ်သည်။
Oct 19, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ အနုပညာရှင် ၁၈၀၀ ကျော်တို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးမှာ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ နိုင်ငံတစ်ဝန်းမှ ရောက်ရှိလာကြသည့် ပြိုင်ပွဲဝင် အနုပညာရှင် တိုင်းရင်းသားတိုင်းရင်းသူညီအစ်ကိုမောင်နှမများ ဤပြိုင်ပွဲကြီးတွင် ဆုံစည်းခဲ့ကြပြီး ပြိုင်ပွဲကာလတစ်လျှောက် တစ်ဦး၏အနုပညာကို တစ်ဦးကလေ့လာခွင့်ရရှိခြင်း၊ တွေ့ဆုံရင်းနှီးခွင့်ရရှိခဲ့ခြင်းတို့ကလည်း ပြိုင်ပွဲမှရရှိသည့် အကျိုးတစ်ရပ်ပင်ဖြစ် သည်။