Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ ၂၀၂၃ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဇူလိုင် ၃

၂၀၂၃ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယကများဖြစ်ကြသည့် ဒေါ်ခင်သက်ဌေး၊ ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၏ ဇနီး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၏ဇနီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဝန်ကြီးဌာနအသီးသီးမှ အကြီးအကဲများ၊ ဝန်ထမ်းများ၊ မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ချုပ်နှင့် အမျိုးသမီးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Video Message ဖြင့် အဖွင့်မိန့်ခွန်းပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးအခွင့်အရေး မြှင့်တင် ဖော်ဆောင်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တုံ့ပြန်တားဆီးကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCEDAW) အပေါ် မြန်မာနိုင်ငံမှ ၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခဲ့ပြီး အစီရင်ခံစာတင်သွင်းနိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိရာ 2nd Draft အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ အာဆီယံဒေသတွင်း ဆောင်ရွက်ချက်များအဖြစ် ASEAN Ministerial Meeting on Women ကို ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်ပြီး အာဆီယံအမျိုးသမီးကော်မတီ၊ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင် အပါအဝင် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးတို့တွင် ပါဝင်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းစီမံချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ရေးဆွဲဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ဆောင်ရွက်ထားရှိမှုနှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှုများကို တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

ကြည့်ရှုအားပေး

ထို့နောက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ Video Clip ကို ပြသရာ တက်ရောက်လာသူများက ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ကဏ္ဍအလိုက် ထူးချွန်အမျိုးသမီးများအား ဆုများချီးမြှင့်ရာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက တပ်မတော် (ကြည်း) ထူးချွန်အမျိုးသမီးအရာရှိ ဒုတိယဗိုလ် သိမ့်နန္ဒာအောင်၊ တပ်မတော် (ရေ) ထူးချွန်အမျိုးသမီးအရာရှိဗိုလ် ခိုင်ခန့်ခန့်ကျော်၊ တပ်မတော် (လေ) ထူးချွန်အမျိုးသမီးအရာရှိ ဗိုလ် လဲ့ဝေအောင်တို့ကိုလည်းကောင်း၊ ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေးက ထူးချွန်အမျိုးသမီးရဲမေ ရဲမှူး သူဇာလွင်နှင့် ထူးချွန်ကြက်ခြေနီအမျိုးသမီး ဒေါ်ခိုင်မာဦးတို့ကိုလည်းကောင်း၊ ဂုဏ်ထူးဆောင်နာယက ဒေါ်သန်းသန်းနွယ်က မသန်စွမ်းထူးချွန်အမျိုးသမီး မချောစုလှိုင်နှင့် အားကစားထူးချွန် အမျိုးသမီး မစန္ဒီဦးတို့ကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆုပေးအပ်ချီးမြှင့်

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်ဒွဲဘူက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ အမှတ်အများဆုံးရရှိသည့် ကျောင်းသူ မနန္ဒာကြည်ဖြူလင်းကို ဆုပေးအပ်ချီးမြှင့်သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားတွင် ခင်းကျင်းပြသထားသည့် ထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုလေ့လာအားပေး ကြသည်။

သတင်းစဉ်