၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် လှူဒါန်းမှုများပြုလုပ်ရာတွင် ပိုမိုအဆင်ပြေစေရေးအတွက် ပြည်သူများ အသုံးပြုမှုများပြားသည့် မိုဘိုင်းတယ်လီဖုန်းများမှတစ်ဆင့် SMS (စာတို)ဖြင့် လှူဒါန်းငွေများပေးပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။ ထိုသို့လှူဒါန်းရာတွင် မိုဘိုင်းသုံးစွဲသူ စေတနာရှင်ပြည်သူများအနေဖြင့် မိမိတို့၏အသုံးပြုနေသည့် မိုဘိုင်းဖုန်းများမှတစ်ဆင့် 9090 သို့ 500 ဟု SMS ပေးပို့၍ တစ်ကြိမ်လျှင် ကျပ် ၅၀၀ နှုန်းဖြင့် လှူဒါန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန