Skip to main content

Jan 29, 2023

CMP သွင်းကုန်ပို့ကုန်ဆိုင်ရာကြီးကြပ်ရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃) ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2023

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ဇန်နဝါ ရီ ၂၆ ရက်မှ ယနေ့အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းအမှတ် (၄)၊ ကလောမှ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ ပင်းပက်-နောင်ကားရထားလမ်းသစ် ဖောက်လုပ်နေမှု၊ ရွှေညောင်-အေးသာယာ-ပေါမူ-ထီသိမ်-ရေထွက်ဦး-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်နေမှု၊ ကလော၊ အောင်ပန်း၊ ရွှေညောင်၊ တောင်ကြီးဘူတာများနှင့် ယာဒ်ဝင်းများ၏ လက်ရှိအခြေအနေများကို စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2023

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး တာဝန်ခံညွှန်ကြားရေးမှူးများ၏ ညှိနှိုင်းဆွေးနွေးပွဲ (၁/၂၀၂၃)ကို ဇန်နဝါရီ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2023

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဟိုတယ်များ မြို့ပြအင်္ဂါရပ်နှင့်ညီညွတ်မှုရှိပြီး စိမ်းလန်းသာယာလှပသော ပတ်ဝန်းကျင်အဖြစ် ဖန်တီးဆောင်ရွက်နေမှုများကို ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2023

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုခြင်းနှင့် နိုင်ငံတော်မှ ကျင်းပပြုလုပ်လျက်ရှိသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကြိုဆိုထောက်ခံသောအားဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်နှင့် အခြေခံပညာမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း အင်အား ၃၀၀၀ဝ ခန့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2023

ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁၁)နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁၂)တို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) နီလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ထောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌

ဆက်လက်ဖတ်ရှုရန်

Jan 29, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပ လျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊

ဆက်လက်ဖတ်ရှုရန်

Jan 29, 2023

ဘဝတစ်ခုရှင်သန်ရပ်တည်နေထိုင်မှုတွင် ကျန်းမာရေးသည် အရေးကြီးဆုံးအချက်ဖြစ်သည်။ ကျန်းမာမှ အသက်ရှည်ကြာနေထိုင်နိုင်ကာ ကောင်းကျိုးအဖြာဖြာတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပြည်သူများ အသက်ရှည်ကျန်းမာရေးအတွက် လူနေမှုစနစ်မြှင့်တင်ပေးရန် လိုအပ်မှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)တွင် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2023

လူငယ်များသည် နိုင်ငံ၏အနာဂတ်ကို ဖန်တီးပုံဖော်ကြမည့်သူများဖြစ်ရာ လူငယ်တစ်ဦးချင်းစီတိုင်းသည် အနာဂတ်နိုင်ငံတော်အတွက် အရေးပါကြသည်။ လူငယ်များ၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် စိတ်ဓာတ်တို့ မြင့်မားသည်နှင့်အမျှ၊ ဆင်ခြင်တုံတရားပြည့်ဝပြီး မှန်ကန်စွာ တွေးခေါ်မြော်မြင်နိုင်သည်နှင့်အမျှ နိုင်ငံနှင့်လူ့အဖွဲ့အစည်းကို ကောင်းသည်ထက်ကောင်းအောင် တည်ဆောက်နိုင်ကြမည်။ ရှေ့လူတို့၏အမှားအယွင်းတို့ကို သင်ခန်းစာယူပြီး မှန်ကန်သည့်လမ်းကြောင်းကို ရွေးချယ်ကာ လောကကောင်းကျိုးဆောင်ကြဉ်းပေးနိုင်ကြမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၇-၁-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီမှ (၂၈-၁-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း(၃,၃၁၂)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃)ဦးတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၀၉)ရာခိုင်နှုန်းရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2023

၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဆုချီးမြှင့်ပွဲ၊ ပိတ်ပွဲနှင့်ညစာစားပွဲအခမ်းအနားကို ယမန်နေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Social Zone ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် ဒေါက်တာဇော်မြင့်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားနည်းအလိုက် အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2023

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ ဒုတိယအကြိမ် လုပ်ငန်းသုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2023

လူမှုမီဒီယာ Facebook တွင် MRTV အမည်အသုံးပြုပြီး လွှင့်တင်နေသော Page အတု (၁၇)ခု စိစစ်တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2023

လူမှုမီဒီယာ Facebook တွင် MRTV အမည်အသုံးပြုပြီး လွှင့်တင်နေသော Page အတု (၁၇)ခု စိစစ်တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2023

တပ်မတော်(ရေ)အရာရှိငယ် (စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ်(၈၂)၊ တပ်မတော်(ရေ) အရာရှိငယ်(အင်ဂျင်နီယာ)သင်တန်း အမှတ်စဉ်(၅၆)နှင့် တပ်မတော်(ရေ)အမျိုးသမီးအရာရှိငယ် သင်တန်းအမှတ်စဉ်(၈) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ် စစ်ရေးပြကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးဇေယျကျော်ထင်စည်သူမိုးအောင် တက်ရောက် မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကျင်းပသည့် ၂၀၂၂ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲတွင် အောင်မြင်ခဲ့သော ပါဠိဂုဏ်ထူးအောင် ၁ ပါး၊ မြန်မာဂုဏ်ထူးအောင် ၂ ပါး၊ ဓမ္မာစရိယ ကျမ်းပြီး(ရိုးရိုး)အောင် ၂၆၁ ပါး၊ ပါဠိပထမပြန်အထူးအောင် ၁၆ ပါး၊ နိကာယ်အထူးအောင် ၁၃ ပါး၊ မဟာဝိဒူအောင် ၇ပါး၊ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်အထူးအောင် လူပုဂ္ဂိုလ် ၉ ဦးတို့အား ဘွဲ့တံဆိပ်တော်များနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းချီးမြှင့်သည့် (၆၁) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်)၊ ဗုဒ္ဓဟူးနေ့၊ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်