Jan 27, 2023
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ် နိကော့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲက နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jan 27, 2023
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ် နိကော့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jan 27, 2023
ကာဇက်စတန်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံအမတ်ကြီး ဦးလွင်ဦးသည် ၎င်း၏ခန့်အပ်လွှာကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် ကာဇက်စတန်သမ္မတနိုင်ငံ အက်စတာနာမြို့ရှိ Presidential Palace “Akorda” ၌ ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ကတ်ခ်ဆန် ဂျိုးမာ့တ် တိုးကာရာ့ဖ် ထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။
Jan 27, 2023
မြန်မာနိုင်ငံ၏ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများ၊ မျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်ရာတွင် ပြည်ပသွင်းကုန်လျှော့ချရေးနှင့် ပြည်တွင်းထုတ်ကုန် မြင့်မားရေးကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် သတ်မှတ်အကောင်အထည်ဖော်လျက်ရှိသည်။ ပြည်ပသွင်းကုန်လျှော့ချရေး၌ အများပြည်သူသွားလာရေးတွင် မရှိမဖြစ်လိုအပ်သော မော်တော်ယာဉ်နှင့်စက်သုံးဆီဆိုင်ရာလိုအပ်ချက်များမှာ နှစ်စဉ်မြင့်မားလျက်ရှိသဖြင့် လျှော့ချရေးဆိုင်ရာမူဝါဒ၊ လုပ်ငန်းစဉ်များကို မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။
Jan 27, 2023
‘မာရ’ဟူသော ပါဠိစကား၏ အနက်အဓိပ္ပာယ်မှာ ‘သေခြင်း၊ သေစေခြင်း’ ဟူ၍ဖြစ်သည်။ သတ္တဝါများ သေရခြင်း၊ သေခြင်း မကင်းရခြင်းသည် ‘မာရ်ငါးပါး’ ဖြစ်သော ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ အဘိသင်္ခါရမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်တို့ကို အကြောင်းခံသည်။ ‘မာရဝိဇယ’ ဟူသည် မာရ်ငါးပါးတို့ကို အောင်မြင်ခြင်းဟူသော အနက်အဓိပ္ပာယ်ပင်ဖြစ်သည်။
Jan 26, 2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စွပ္ပနူးဘူတာနှင့် ကျိုက္ကသာဘူတာကြားရှိ ရန်ကုန် - မော်လမြိုင် မီးရထားလမ်းအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။
Jan 26, 2023
ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည့် ယနေ့တွင် မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၃၅ ဦးအား ၎င်းကျေးရွာများရှိ ဗြဟ္မာဝိဟာရဘုန်းတော်ကြီးကျောင်း၌အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Jan 26, 2023
(၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များကို တစ်ဦးချင်းချီးမြှင့်အပ်နှင်းခဲ့သည်။
Jan 26, 2023
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲတတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
Jan 26, 2023
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၃၁၄ ဦးနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ဒေသခံပြည်သူ ၆၅ ဦးတို့ကို တပ်မတော်မှဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
Jan 26, 2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျင်းပပြုလုပ်သည်။
Jan 26, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၅-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၆-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၇၇၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၃) ရာခိုင်နှုန်းရှိပါသည်။
Jan 26, 2023
ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် မြန်မာ-တရုတ်နယ်စပ် မူဆယ်-ရွှေလီ ဝင်ထွက် ဂိတ် များအား ၂၀၂၁ ခုနှစ်၊ မတ်လ ၃ဝ ရက်နေ့မှစ၍ ယာယီပိတ်ထားခဲ့ရာ ကုန်သွယ်မှု လုပ်ငန်းများ ပုံမှန်ပြန်လည် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုလုပ်ငန်းများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၅ နာရီအချိန်မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
Jan 26, 2023
တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ ပါဝင်ဖွဲ့စည်းထားသည့် ဘင်္ဂလားပင်လယ်အော်ဒေသ စီးပွားရေးနှင့်နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အစည်း Bay of Bengal Initiative for Multi- Sectoral Technical and Economic Cooperation (BIMSTEC) ဘင်းမ်စတက်နိုင်ငံများတွင် စားနပ်ရိက္ခာ ဖူလုံမှုရှိစေရေးနှင့်စားနပ်ရိက္ခာစနစ် ရေရှည်တည်တံ့ စေရေးဆိုင်ရာ ဒေသတွင်းဆွေးနွေးပွဲ (“Regional Seminar on Food Security and Sustainable Food Systems in BIMSTEC") ကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်ဦးဆောင်၍ ယနေ့နံနက် ၉ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Jan 26, 2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်၌ သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းရုံများတွင် ယနေ့နံနက်ပိုင်းမှ စတင်ပြီး ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
Jan 26, 2023
ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၆)နှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ကေတုမတီခန်းမ၌ ကျင်းပသည်။
Jan 26, 2023
လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက် အလက်စနစ် (Social Management Information System-SMIS) စမ်းသပ်အသုံးပြုခြင်းနှင့် Excel Data Migration ပြုလုပ်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်တွင်ပါဝင်သည့် အဓိကလုပ်ငန်းစဉ်များအနက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များကို ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT) လူမှုရေးပင်စင်အစီအစဉ်နှင့် လူမှုဖြစ်ရပ် စီမံခန့်ခွဲခြင်း အစီအစဉ်တို့ကို SMIS Platform တစ်ခုတည်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်သတင်းနည်းပညာဌာန၏ အကူအညီဖြင့်ရေးဆွဲခဲ့ရာ ယခုဆိုလျှင်လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (SMIS) အကောင်အထည်ပေါ်အောင်မြင်ခဲ့ပြီ ဖြစ်ပါကြောင်း။
Jan 26, 2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) (၂၈)ကြိမ်မြောက် မိုင်းဆတ်ခရိုင်နှင့် မိုင်းတုံခရိုင် လားဟူတိုင်းရင်းသား စုပေါင်း နှစ်သစ်ကူးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် မိုင်းဆတ်မြို့ ဝိန်းဝိုင်ရပ်ကွက်ရှိ လားဟူ စာပေနှင့် ယဉ်ကျေးမှုကွင်း၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ တိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။