Skip to main content

Jan 26, 2023

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ် မန်းရွှေစက်တော်ရာဘုရား ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနား၊ အထူးတံတားနှင့် အထူးမုခ်ဦးဖွင့်လှစ်ခြင်း မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2023

ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီ အစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ Friday Night Live Show အစီအစဉ် ဆန်းသစ်မှုအဖြစ် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ညီညွတ်ရေးသံစဉ်”တေးဂီတဖျော်ဖြေပွဲကို ဇန်နဝါရီ ၂၇ ရက် သောကြာနေ့ ည ၈ နာရီ သတင်းအပြီးတွင် MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2023

ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်စေရန်အတွက် နေ့စဉ်ဝယ်ယူစားသောက် သည့်အစားအစာများ ဘေးကင်းလုံခြုံရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ ထိုအချက်ကို အပြည့်အဝ ဖော်ဆောင်နိုင်ရန်အတွက် စားသုံးသူ၊ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူ၊ စစ်ဆေးသူ ကဏ္ဍသုံးခုတို့ စနစ်တကျဟန်ချက်ညီစွာဆောင်ရွက် နိုင်ရန်လိုအပ်ပေသည်။ စားသုံးသူပြည်သူများအနေဖြင့် အစားအစာများကို နှစ်သက်ရာ၊ သင့်လျော်ရာတို့ကိုသာ အလျဉ်းသင့်သလို ရွေးချယ်စားသုံးလေ့ ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2023

ကမ္ဘာတစ်ဝန်းလုံးတွင် နှစ်ပေါင်း ၁၀၀ ကျော် သုံးစွဲလာခဲ့သည့် ရုပ်ကြွင်းလောင်စာ စွမ်းအင်သုံးကားများ၏ အနာဂတ်မှာ မှေးမှိန်စပြုနေပြီဖြစ်သည်။ ဒီဇယ်ဆီ၊ ဓာတ်ဆီ စသော လောင်စာဆီများ ထုတ်လုပ်သည့် (Fossil Fuel) ခေါ် ရုပ်ကြွင်းလောင်စာများမှာ ပမာဏအကန့်အသတ်ဖြင့်သာ ရှိနေခြင်းဖြစ်ရာ လာမည့်ဆယ်စုနှစ်ပေါင်း သုံးခုမှ ငါးခုမျှကာလအတွင်း ကုန်ဆုံးသွားတော့မည်ဟု ပညာရှင်များက တွက်ဆထားကြပြီး အခြားသော စွမ်းအင်အရင်းအမြစ်များကို အစားထိုးသုံးစွဲရန် ကြိုးပမ်းနေကြရပြီဖြစ်သည်။ ထို့အပြင် မျက်မှောက်ကမ္ဘာ့ နိုင်ငံရေးအခြေအနေများနှင့် ရုပ်ကြွင်းလောင်စာစွမ်းအင် အကျပ်အတည်းများကလည်း ဒီဇယ်ဆီ၊ ဓာတ်ဆီသုံးမော်တော် ယာဉ်များအစား လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်များ ထုတ်လုပ်သုံးစွဲရန် တွန်းအားတစ်ရပ်ဖြစ်လာသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPHI NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက် ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2023

ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည့် ယနေ့တွင် မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၂၆၀ ဦးအား ၎င်းကျေးရွာများရှိ ဗြဟ္မာဝိဟာရဘုန်းတော်ကြီးကျောင်း၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2023

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း NUG၊ CRPH လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ကျိုက်ထီးရိုးဘုရားဖူးမြှော်ရန် လာရောက်သည့် မော်တော်ယာဉ်အား ဆင်ခြင်တုံတရားမဲ့စွာ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ဘုရားဖူးမိဘပြည်သူ ၁ ဦး သေဆုံးပြီး ၇ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်သည် ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများအား ယနေ့နံနက် (၉)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်း သားကျေးရွာ(ရန်ကုန်)၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၄-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၅-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၈၇၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၃) ရာခိုင်နှုန်းရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ နယ်၊ ကမ်းနီကျေးရွာရှိ နေအိမ် ၁ လုံးအား KNDO တပ်ရင်း(၆)မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဇန်နဝါရီ ၂၄ ရက်တွင် အကြောင်းမဲ့လာရောက် မီးရှို့ဖျက်ဆီးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2023

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2023

City Taxi ယာဉ်များ၏ ဘေးစတေကာနံပါတ်များအား မြို့နယ်အလိုက် အခြေခံသတ်မှတ်ထားသည့် သင်္ကေတအမှတ်အသားနံပါတ်များဖြင့် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ပြောင်းလဲပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2023

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကမ်းနီးကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား KNDO တပ်ရင်း(၆)မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့နံနက်အစောပိုင်းတွင် အကြောင်းမဲ့လာရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ တက္ကသိုလ်အမည် ကျောက်စိမ်းကမ္ပည်း မော်ကွန်းတင်ဖွင့်ပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်ကျောင်းသား ကျောင်းသူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်