စေတနာအတွေးများဖြင့် ရာစုနှစ်မြန်မာ့ရုပ်ရှင်
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းတရားများစွာတွင် ယဉ်ကျေးမှုလက္ခဏာတစ်ရပ်လည်း အပါအဝင်ဖြစ်ပါသည်။ ယဉ်ကျေးမှုတွင် လူသားတို့ကိုယ်တိုင်ဖန်တီးယူသော အနုပညာအစိတ်အပိုင်းတစ်ခုဖြစ်သည့် ရုပ်ရှင်ပညာရပ်လည်း အပါအဝင်ဖြစ်ပါသည်။ ရုပ်ရှင်အနုပညာဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံအတွက် အားတစ်ရပ်လည်းဖြစ်သည်ဆိုလျှင် ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် ရုပ်ရှင်ထုတ်လုပ်သူရော၊ အတတ်ပညာရှင်များသာမက သရုပ်ဆောင်များအားလုံး၏ အခန်းကဏ္ဍသည် အရေးကြီးလှပါသည်။
ငြိမ်းချမ်းရေးအတွက် Soft Power တစ်ခု