Skip to main content

Jun 07, 2025

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2025

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) တို့မှ ဂျူဒို၊ အလေးမနှင့် လက်ဝှေ့အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2025

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး၊ ပြည်နယ်ခြောက်ခုတို့တွင် ယနေ့အထိ သေဆုံးသူ ၃၇၃၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၆၇ ဦး ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2025

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် အင်အားပြင်းငလျင်ဒဏ်ကြောင့် အိမ်ရာထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဝန်ထမ်းများ နေထိုင်မှုအဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးဧရိယာအတွင်း၌ တည်ဆောက်လျက်ရှိသည့် ဘာရှာလိုင်းခန်းများ၊ Container House များ ဆောက်လုပ်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2025

နေပြည်တော်အတွင်းရှိ ဟိုတယ်ဇုန်ဧရိယာများအတွင်း စိမ်းလန်းစိုပြည်စေရေး၊ အရိပ်အာဝါသကောင်းမွန်စေရေး၊ သစ်တောပြုန်းတီးမှုကို ကာကွယ်ထိန်းသိမ်းအထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၃) ပတ်ဝန်းကျင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2025

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2025

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2025

ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (ဘင်းမ်စတက်) ၏ ၂၈ နှစ်မြောက် နှစ်ပတ်လည်နေ့ မင်္ဂလာအခါသမယတွင် မိမိအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများကိုယ်စား ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံအစိုးရများနှင့် ပြည်သူများကို နွေးထွေးစွာ နှုတ်ခွန်းဆက်သလျက် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2025

အမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2025

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်မွန်းမြို့နယ်အတွင်းရှိ နောင်မွန်း - ပန်နန်းဒင်သွားမေခမြစ်ကူး (လူကူး) ကြိုးတံတားသည် မေ ၃၁ ရက်တွင် မေခမြစ်ရေ အဆမတန်မြင့်တက်ကာ မြစ်အတွင်း မျောပါသွားခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှုပြတ်တောက်ခဲ့ပြီး အဆိုပါဒေသရှိ ရေဘေးသင့်ပြည်သူများ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့် ပျက်စီးခဲ့သည့် ကြိုးတံတားအား ဌာနဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံးပြန်လည်ဆောက်လုပ်ခဲ့ရာ ဇွန် ၄ ရက်တွင် ဆောက်လုပ်ပြီးစီးခဲ့မှုနှင့် နောင်မွန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် မော်တော်ယာဉ်များဖြင့် စားသောက်ဖွယ်ရာများ သွားရောက်ပို့ဆောင်လျက်ရှိသည့် သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2025

PDF အမည်ခံအကြမ်းဖက်သမားများသည် အများပြည်သူများ အထိတ်တလန့်ဖြစ်စေရန်၊ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နေမှုများကို နှောင့်ယှက်ရန်၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ အခက်အခဲများ ဖြစ်ပေါ်စေရန်နှင့် အကြောက်တရားများ ပိုမိုဖြစ်ပေါ်စေရန် ရည်ရွယ်၍ မြို့၊ ရွာ၊ ရပ်ကွက်၊ ကျေးရွာများ၊ လမ်း၊ တံတားများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများကို လုပ်ဆောင်လျက်ရှိရာ ဇွန် ၁ ရက်တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှ ပေါက်မြို့သို့သွားသည့် အများ ပြည်သူသုံးလမ်းများပေါ်၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၁၄) ဧရိယာအတွင်း ငလျင်ဒဏ်သင့်ခဲ့သည့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရေးအတွက် အိပ်ခန်းနှစ်ခန်းပါ Modular House များ တပ်ဆင်တည်ဆောက်ပြီးစီးမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2025

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်ရန် စီမံဆောင်ရွက်ရာတွင် စားရေရိက္ခာဖူလုံရေးသာမက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံ၏ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအတွက် အထောက်အပံ့ဖြစ်စေရန် လယ်ယာကုန်ထုတ်လုပ်ငန်းများမှ ပြည်တွင်း ပြည်ပ ဝင်ငွေတိုးတက်ရှာဖွေပေးနိုင်ရေး ကြိုးပမ်းကြရန်လိုအပ်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင် ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2025

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးဝန်ထမ်းများ၏ အခြေခံပညာကျောင်းနေအရွယ် သားသမီးများ ဒုတိယအကြိမ် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကော်မရှင်ရုံး၌ ပြုလုပ်ရာ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ အခြေခံပညာကျောင်းနေအရွယ်သားသမီးများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားက ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိသည်။ လက်ရှိအခြေအနေတွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် အကြမ်းဖက်လုပ်ရပ်များကို တစိုက်မတ်မတ်လုပ်ကိုင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2025

၁၉၅၀ပြည့်နှစ် ဇွန်လ ၈ ရက်တွင် စတင်ခဲ့သည့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးသည် လာမည့် ဇွန်လ ၈ ရက်တွင် ၇၅ နှစ် တင်းတင်းပြည့်ပြီဖြစ်သည်။ သမိုင်းကြောင်းတစ်လျှောက် နှစ်ပေါင်းထောင်ချီသော ဆက်ဆံရေးရှိခဲ့သည့် အိမ်နီးချင်းနှစ်နိုင်ငံတို့မှာ အိမ်နီးချင်းကောင်း၊ မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းများ ဖြစ်သကဲ့သို့ မျက်မှောက်ကာလ ပြောင်းလဲ လာသည့် ကမ္ဘာ့အစီအစဉ်တွင် အေးအတူ ပူအမျှ၊ ဆိုးတူ ကောင်းဖက်၊ ဆွေမျိုးပေါက်ဖော်နိုင်ငံများအဖြစ် ပိုမို၍နီးကပ်စွာ၊ ပိုမို၍ခိုင်မြဲစွာ ဆက်ဆံယှဉ်တွဲ နေထိုင်သွားကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 06, 2025

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 06, 2025

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြောင်းပေးအပ်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသားရှစ်ဦးနှင့် ကွန်ဂိုနိုင်ငံသားတစ်ဦး၊ စုစုပေါင်း ကိုးဦးတို့အား ယနေ့တွင် မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင်လွှဲပြောင်းပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 06, 2025

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံသားတိုင်းစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်