Skip to main content

Dec 13, 2025

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)မြဝတီခန်းမ၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ) ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးသက်ဆွေငြိမ်းနှင့် ကျောင်းဆင်းဗိုလ်လောင်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2025

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံအား တပ်မတော်၏ တိုက်ခိုက်မှုကြောင့် အဆိုပါနေရာတွင် တက်ရောက်ကုသလျက်ရှိသည့် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့သည်ဟု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်တွင် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် မဟုတ်မမှန်သတင်းများ ရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2025

​​​​​​​၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရရှိသည့် ကိန်းဂဏန်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ အားနည်းမှုများရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍကို အလေးထားမြှင့်တင်ရေး ဦးတည်ချက်ကိုချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ပညာရေးကိုအားပေးမြှင့်တင်ခြင်းသည် တိုင်းပြည်အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံပေးနေခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2025

​​​​​​​အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန်မှုများကို မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် ပြည်ပနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဥက္ကဋ္ဌ(၁)အဖြစ် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဥက္ကဋ္ဌ(၂)အဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ ပါဝင်သည့် “အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ” ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက် ရက်စွဲဖြင့် အမိန့်အမှတ် ၅၂/၂၀၂၅ ကို ထုတ်ပြန်၍ ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အထိမ်းအမှတ်နိုင်ငံတကာဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် တာ့ခ်မင်နစ္စတန်နိုင်ငံ အက်ရှ်ဂါဘတ်မြို့ရှိ တာ့ခ်မင်နစ္စတန်ကွန်ဂရက်စင်တာ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော တက်ရောက်မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ရှိ ပြည်ထောင်စုခန်းမ၌ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှူဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်) (Myanmar Art Center-Yangon) အဆောက်အအုံတည် ဆောက်ခြင်းလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

တပ်မတော်၏ အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍကို အားသစ်လောင်းမည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော် နှင့် ရန်ကုန်တို့တွင်ဖွင့်လှစ်သည့် အလယ်အလတ်အဆင့်၊ အဆင့်မြင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁၀၃) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။       

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

မဲခေါင်-လန်ချန်းပူးပေါင်းအစီအစဉ်၏ အထူး ရန်ပုံငွေ ၂၀၂၃ ဖြင့် ဆောင်ရွက်လျက်ရှိသည့် စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး ရှေ့ပြေးစီမံကိန်းအောက်၌ ပြုလုပ်သည့် စွမ်းအင်စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအကြား ဉာဏ်ရည်တုနည်းပညာ(AI)ကဏ္ဍ နှီးနှောဖလှယ်မှုများဆောင်ရွက်နေသည့် ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နန်နင်းမြို့ ၌ ဒီဇင်ဘာ ၆ ရက်က ဆက်လက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

(၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံကအိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံကိုယ်စားပြု အမျိုးသားဘော်လီဘော၊ လက်ဝှေ့ ၊ မွေ၊ မြားပစ်၊ ဝူရှူး၊ ပန်ကြပ်ဆီလပ်၊ E Sports အားကစား သမားများသည် ထိုင်းနိုင်ငံဗန်ကောက်မြို့သို့ လည်းကောင်း၊ အလေးမ အားကစားသမားများသည် ထိုင်းနိုင်ငံ ချွန်ဘူရီမြို့သို့လည်းကောင်း သက်ဆိုင်ရာအုပ်ချုပ်သူ၊ နည်းပြများနှင့်အတူ ရန်ကုန်မြို့မှလေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံ၊ တာချီလိတ်နှင့် မိုင်းတုံမြို့နယ်တို့တွင် ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံမှမူးယစ်အမှုဖြင့် အလိုရှိတရားခံပြေးသုံးဦးနှင့် တရားမဝင် ဝင်ရောက်နေထိုင်သည့် ထိုင်းနိုင်ငံသားတစ်ဦးတို့ကို ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

မြန်မာနိုင်ငံ အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက်အအုံများအား စနစ်တကျ ဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ ခရိုင်အားကစားကွင်းသို့ရောက်ရှိရာ ခရိုင်အဆင့်မီရန် မြှင့်တင်ဆောင်ရွက်မည့် မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်းနှင့် ပွဲကြည့်စင်တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်၊ ချွန်ဘူရီနှင့် ချင်းမိုင်မြို့များတွင်ကျင်းပ ပြုလုပ်လျက်ရှိရာ မြန်မာအသင်း အနေဖြင့် ပိုက်ကျော်ခြင်း၊ ဂျူဂျစ်ဆု၊ ခရစ်ကတ်၊ ကဘာဒီ၊ ပီတန်း၊ ဘိလိယက်နှင့် စနူကာ၊ ကြက်တောင်၊ တိုက်ကွမ်ဒို၊ ဘတ်စကက်ဘော၊ ဂျူဒို၊ ကျွမ်းဘား၊ ဘော်လီဘော၊ စကိတ်၊ ပြေးခုန်ပစ်၊ ဂေါက်သီးရိုက်၊ ရွက်လှေ၊ တက်ဂ်ဘော၊ ဟော်ကီ၊ ကနူး၊ ကယက်၊ ရေကူး၊ ကရာတေးနှင့် ဘောလုံးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့တွင် မြန်မာနိုင်ငံအတွက် တိုက်ကွမ်ဒိုအားကစားနည်းနှင့် လှေလှော်အားကစားနည်း မီတာ ၂၀၀ ကနူး အမျိုးသားအသင်းတို့က ဒုတိယငွေတံဆိပ်နှစ်ဆု၊ ကယက် Slalom အမျိုးသမီးတစ်ယောက်လှော်နှင့် ဂျူဒို (Nage-no-Kata) နှစ်ယောက် တွဲပြိုင်ပွဲတို့တွင် တတိယကြေးတံဆိပ်ဆု နှစ်ဆုထပ်မံဆွတ်ခူးရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၃/၂၀၂၅)ကို ယနေ့နံနက်ပိုင်းတွင် ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအမှတ်(၄၆) ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ကော်မတီအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

၁။ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် International Non-profit Organization တစ်ခုဖြစ်သည့် Basel Institute on Governance က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် Basel AML Index 2025 အရ မြန်မာနိုင်ငံသည် နိုင်ငံနှင့် ဒေသပေါင်း ၁၇၇ နိုင်ငံ အနက် ဆုံးရှုံးနိုင်ခြေမြင့်မားသောနိုင်ငံစာရင်းတွင် နံပါတ် ၁ နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်