Skip to main content

Jun 03, 2025

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက်အအုံများ ဘက်စုံပြုပြင်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများအတွက် ဆရာတော်ကြီးများအား လျှောက်ထားခြင်းနှင့် ဆုံးမဩဝါဒခံယူခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅) ကို ယနေ့မွန်းလွဲ ၂ နာရီအချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

မဲခေါင်သိပ္ပံမှ ခေါ်ယူသည့်အလုပ်အကိုင်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူများ ပါဝင်လျှောက်ထားနိုင်

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

နိုင်ငံတစ်ဝန်း၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားမှုပုံရိပ်များ

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် မေ ၃၁ ရက် မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ရှိ အမှတ်(၄) အထည်စက်ရုံ(ပွင့်ဖြူ)မှ စက်ရုံမှူး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အလုပ်သမားဝန်ကြီးဌာနရှိ ဦးစီးဌာနအဖွဲ့ရုံးများမှ ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ယာယီအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ ဆွာချောင်းတံတားနှင့် လမ်းပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့ မဟာဓမ္မိကာရာမအုန်းတောပရိယတ္တိစာသင်တိုက် မဟာအာရုံခံဗိမာန်တော်၌ အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆိုလျက်ရှိသော သံဃာတော်များ၊ သီလရှင်များနှင့် ပျဉ်းမနားစာဖြေဌာနရှိ ဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများအား သွားရောက်ဖူးမြော်ကြည်ညိုကာ စာဖြေဌာနအတွက် နဝကမ္မအလှူငွေကျပ် ၁၀ သိန်း ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပသော ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ (ပဉ္စမနေ့)တွင် နိုင်ငံတစ်ဝန်းရှိ စာဖြေဌာန ၆၅ ဌာနတို့၌ စာဖြေစာရင်းသွင်း ၁၁၀၂၇ ပါး/ဦးအနက် ၈၆၃၀ ပါး/ဦး ဖြေဆိုကြသဖြင့် ၇၈ ဒသမ ၂၆ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများကို သဇင် FM ၏ “ပြည်သူ့ကြားကပြည်သူ့စကား” အစီအစဉ်မှ “ပြည်သူ့ကျိန်စာ တန်ပြန်ခံနေရတဲ့ PDF များ” ခေါင်းစဉ်ဖြင့် ဇွန် ၄ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၂၅-၅-၂၀၂၅) ရက်နေ့၊ ည(၈:၀၀)နာရီမှ (၁-၆-၂၀၂၅)ရက်နေ့၊ ည(၈:၀၀)နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၇၇၈)ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၇)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၉၆) ရာခိုင်နှုန်းဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ(နေပြည်တော်)နှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ မတ် ၃၀ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ဇွန် ၂ ရက်တွင် ၆၃ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကော်မရှင်ရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် ကော်မရှင်ရုံးခွဲများမှ ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ပေးအပ်ပွဲနှင့် ဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

Naypyitaw State Academy ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒုတိယပညာသင်ကာလသင်တန်းများ အားလုံးကို ယနေ့တွင်စတင်ဖွင့်လှစ်ရာ ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ဖွင့်လှစ်ခဲ့ရာ မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းတက်၍ ပညာသင်ကြားလျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့တွင် စတင်ဖွင့်လှစ်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ သတ်မှတ်အချိန်ဇယားများအတိုင်း ပြဋ္ဌာန်းဘာသာရပ်များကို သင်ကြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 03, 2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ရန်ကုန်မြို့တွင်းရှိ အခြေခံပညာကျောင်းများ၏ အခြေခံပညာ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း)များကို ယနေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းစဖွင့်သည့်ရက်မှာပင် ဆရာ ဆရာမများကလည်း အင်ပြည့်အားပြည့်ဖြင့် စာသင်ရန်အသင့်ဖြစ်နေသလို ကျောင်းသား ကျောင်းသူများကလည်း မိုးထဲလေထဲမှာပင် အားအင်အပြည့်ဖြင့် ကျောင်းတက်ရောက်ကြသည်ကို တွေ့မြင်ရသည်။

ဆက်လက်ဖတ်ရှုရန်