Skip to main content

Jun 05, 2025

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၂/၂၀၂၅-၂၀၂၆) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် စက်မှုဝန်ကြီးဌာန မှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2025

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးရှေ့ရှိ ယာဉ်ရပ်နားနေရာ၌ ငလျင်ဒဏ်ခံခဲ့ရသည့်ဝန်ထမ်းများ ယာယီနေရာချ ထားနေထိုင်မှုအခြေအနေ၊ ရေ၊ မီး၊ မိလ္လာများ စီစဉ်ထားရှိမှု၊ မီးဖိုဆောင်များ စီစဉ်ပေးထားမှုနှင့် Container House များ ရောက်ရှိတပ်ဆင်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2025

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရွှေညောင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဖူဆယ်အားကစားရုံဆောက်လုပ်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2025

တရုတ် - အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ နောက်ဆုံးနေ့ကို ဇွန် ၄ ရက်က တရုတ်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာပိုက်ကျော်ခြင်းအသင်း ရွှေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2025

မိုးရာသီတွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများပိုမိုကူးစက်ဖြစ်ပွားနိုင်ပါသည်။ ကိုဗစ်-၁၉ရောဂါအားကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားခြင်းမရှိတော့ဘဲ ရာသီတုပ်ကွေးရောဂါကဲ့သို့ ဒေသတွင်းပုံမှန်ကူးစက်ဖြစ်ပွားတတ်သည့် ရောဂါအဖြစ်သာ သတ်မှတ်ထားပါသည်။ လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ အဆိုပါရောဂါများ ကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့်စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း အဆိုပါရောဂါများ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူလူထုအနေဖြင့် အောက်ပါတို့ကို သတိပြုလိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Jun 05, 2025

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကိုအများပြည်သူတို့ စားသုံး နိုင်ရန် စဉ်ဆက်မပြတ် စိစစ်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2025

၂၈-၃-၂၀၂၅ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီး ကြောင့်နေပြည်တော်ကောင်စီ နယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့်ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ငလျင်ဘေးသင့်ခဲ့သောပြည်သူများအတွက် ပြည်တွင်း/ ပြည်ပစေတနာရှင်၊အလှူရှင်များ၏ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီပစ္စည်းများ၊ ဆေးဝါးများ လှူဒါန်းထောက်ပံ့မှုနှင့် ဘေးသင့်ဒေသများသို့ ဖြန့်ခွဲ ထောက်ပံ့ဆောင်ရွက်မှုများကို အပတ်စဉ် သတင်းထုတ်ပြန်ပေးလျက်ရှိရာ မေလ ၂၀ ရက်မှ ၂၇ ရက်နေ့အထိ အခြေအနေကို ၂၇-၅-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန် ခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2025

အသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2025

စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် Myanmar Kinsanar Co.,Ltd. တို့အကြား ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ) ဧရိယာ-၂ တွင် ရေနံအထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို စွမ်းအင်ဝန်ကြီးဌာန နေပြည်တော်တွင် ယနေ့နံနက်ပိုင်းကကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ရုံးညွှန်ကြားရေးမှူးချုပ်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် Myanmar Kinsanar Co.,Ltd. မှ တာဝန်ရှိသူများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2025

အီသီယိုပီးယားဖက်ဒရယ်ဒီမို ကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်သံအမတ်ကြီး ဦးအောင်မင်းဦးသည် ၎င်း၏ခန့်အပ်လွှာကို ၂၀၂၅ ခုနှစ်၊ ဇွန် ၃ ရက်တွင် အီသီ ယိုပီးယားဖက်ဒရယ် ဒီမိုကရက် တစ်သမ္မတနိုင်ငံအဒစ်အဘာဘာမြို့ရှိ သမ္မတအိမ်တော်၌ အီသီယို ပီးယားဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံသမ္မတမစ္စတာ တိုင်ယီအက်စ်ကီ စီလက်ဆီ ထံသို့ပေးအပ်ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2025

ဟိုင်နန်ပြည်နယ် ဟိုင်ခုန်မြို့တော် ဟိုင်ခုန်ဘက်စုံပေါင်းစည်းမှု လွတ်လပ်သော ကုန်သွယ်ရေးဇုန်ကော်မတီ၏ ဖိတ်ကြားချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သောမြန်မာကိုယ်စား လှယ်အဖွဲ့သည်ဇွန် ၁ ရက်မှ ၃ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုင်ခုန်ဘက်စုံပေါင်းစည်းမှု လွတ်လပ်သောကုန်သွယ်မှုဇုန် (Haikon Integrated Free Trade Zone) သို့ လေ့လာရေးခရီး သွားရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2025

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ရရှိရေးအတွက် လေအေးပေးစက်တပ်ဆင်/ ပြုပြင်ခြင်းနှင့် မော်တော်ယာဉ် စက်ပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2025

နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းသားသမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်ပညာသင် ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးအမှတ် (၉) လောကနတ်ခန်းမ၌ကျင်းပ ရာဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2025

အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH နှင့် NUG တို့သည် နိုင်ငံရေးကိုအကြောင်းပြ၍ တော်လှန်ရေးဟုခေါင်းစဉ်တပ်ကာ PDF အမည်ခံ အကြမ်းဖက်သမားများ ဖြစ်ပေါ်ကြီးထွားလာအောင် လမ်းမှားသို့ ပို့ဆောင်ခဲ့ကြသူများဖြစ်သည်။ ၎င်းအကြမ်းဖက်အဖွဲ့များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများ၊ လမ်း၊ တံတား ဖောက်ခွဲဖျက်ဆီးမှုများအပြင် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2025

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးမှာ နှစ်ပေါင်း ၁၀၀ ကျော်ကာလအတွင်း ဒုတိယအပြင်းထန်ဆုံးဖြစ်ပြီး လက်ရှိမျိုးဆက်တို့အဖို့ မကြုံစဖူး ကြောက်မက်ဖွယ်ရာပင်ဖြစ်သည်။ ငလျင်လှုပ်ခတ်အပြီးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အရေးအကြီးဆုံးအချိန်သည် ပထမဆုံး ၇၂ နာရီ (Golden Hour) ဖြစ်သည်။ အပြိုအပျက်များအကြား ပိမိ၊ ပိတ်မိနေသူများကို စောစောကယ်ဆယ်နိုင်လေ ရှင်သန်ရန်အခွင့်အလမ်းများလေဖြစ်သည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားသည့် ငလျင်သတင်းကို သိလျှင် သိချင်း လိုအပ်သည့်ပြင်ဆင်မှုများပြုလုပ်ပြီး နောက်တစ်နေ့မနက် မိုးလင်းသည်နှင့် မြန်မာ့မြေပေါ်သို့ အစောဆုံးရောက်ရှိလာသည့် ကယ်ဆယ်ရေးအဖွဲ့မှာ ဆွေမျိုးပေါက်ဖော် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးအဖွဲ့ဖြစ်သည်။ တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံဟုဆိုရာတွင် မြန်မာနိုင်ငံနှင့် ရေမြေတစ်ကြောတည်း ဆက်စပ်နေသည်မှာ ယူနန်ပြည်နယ်ဖြစ်သည်။ ကယ်ဆယ်ရေးအထောက်အကူပြု ခေတ်မီကိရိယာများပါ ယူဆောင်လာခဲ့သည့် ယူနန်ကယ်ဆယ်ရေးအဖွဲ့သည် နေပြည်တော်တွင် ဆိုးဆိုးရွားရွားပျက်စီးသွားခဲ့သည့် ဥတ္တရသီရိဆေးရုံတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်ခဲ့ရပြီး အသက်ရှင်ကျန်နေသူနှစ်ဦးကို ကြိုးပမ်းကယ်ဆယ်နိုင်ခဲ့သည်။ ယူနန်ပြည်နယ် ကယ်ဆယ်ရေးအဖွဲ့သည်ငလျင်လှုပ်ပြီး ၁၈နာရီအကြာတွင် ပထမဆုံးရောက်ရှိလာခဲ့သည့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2025

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2025

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန် ၁ ရက်မှစ၍ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းဘေးရှိ ရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ပြည်သူများသည် ရေဝင်ရောက်မှုမရှိသည့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၌ ခေတ္တတည်းခိုနေထိုင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်