Skip to main content

Sep 07, 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဗဟိုမဲဆန္ဒရှင်စာရင်းများစီမံခန့်ခွဲမှုစနစ် (CVLMS) အဆင့်မြှင့်မွမ်းမံထားသည့်အခြေအနေ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2024

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်တက္ကသိုလ်များနယ်မြေရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ရွှေရတုခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2024

ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ဘောဂသိဒ္ဓိရပ်ကွက် ဇမ္ဗူ့ကျက်သရေလမ်းနှင့် ရွှေကြာပင်လမ်းထောင့်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးတရားရုံးများ တည်ဆောက်မည့်မြေနေရာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2024

မြန်မာနိုင်ငံသည် ILO နှင့်ပူးပေါင်းကာ အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုများကို ၂၀၀၇ ခုနှစ်မှစတင်၍ သက်ဆိုင်သည့်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ်မှစတင်၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား (National Complaint Mechanism – NCM) ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်သည့်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်၊ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများမှကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားအကောင်အထည်ဖော်ရေး အမျိုးသားကော်မတီက အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေကို ဗန်းမော်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2024

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2024

လူတို့အသက်ရှင်ရပ်တည်နိုင်ရေးအတွက် “ရေအသက် တစ်မနက်၊ ထမင်းအသက် ခုနစ်ရက်” ဟူသည့် ရှေးဆိုရိုးစကားရှိသည်။ အမှန်တကယ်တွင် “ထမင်းအသက်ခုနစ်ရက်၊ ရေအသက် တစ်မနက်၊ လေအသက်သုံးမိနစ်” ဟု ထပ်တိုးဆိုရမည်ဖြစ်သည်။ လူသတ္တဝါများ လေကိုမိနစ်အနည်းငယ်မျှမရှူရှိုက်ရသည်နှင့် အသက်သေဆုံးသွားနိုင်သည်။ ထို့ကြောင့် လေသည်လူတို့အသက်ရှင်သန်ရေးတွင် အရေးအကြီးဆုံးဒြပ်ပစ္စည်းတစ်ခုဖြစ်သည်ကို သတိပြုကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2024

အနန္တစကြဝဠာကြီးတွင် ဤမြေကမ္ဘာသည်သာ သက်ရှိသတ္တဝါတို့ ရှင်သန်နေထိုင်နိုင်ရန် သဘာဝပတ်ဝန်းကျင်တို့ ဖွဲ့စည်းဖြစ်ပေါ်နေသည့် တစ်ခုတည်းသောနေရာဖြစ်သည်။ ဘောလုံးသဖွယ် လုံးဝန်းနေသည့် ကမ္ဘာကိုမြေပြင်အထက် မိုင်ပေါင်း ၃၀၀ ခန့်အထိ တည်ရှိနေသော လေထုကြီးက ဖုံးအုပ်ဝန်းရံထားသည့် ကမ္ဘာ့လေထုအတွင်း အဓိကဓာတ်ငွေ့နှစ်မျိုးဖြစ်သော နိုက်ထရိုဂျင်က ၇၈ ရာခိုင်နှုန်းနှင့် အောက်ဆီဂျင်က ၂၁ ရာခိုင်နှုန်း ပါဝင်နေပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း၊ ဟီလီယမ်၊ နီယွန်၊ အာဂွန် အစရှိသော ဓာတ်ငွေ့များပါဝင်မှုစုစုပေါင်းမှာ ၁ ရာခိုင်နှုန်းခန့်သာရှိသည်။ ထို့အပြင် ရေခိုးရေငွေ့နှင့် အမှုန်အမွှားများလည်း လေထုအတွင်းပါဝင်နေသည်။

ဆက်လက်ဖတ်ရှုရန်

Sep 06, 2024

မြန်မာနိုင်ငံသည် ILO နှင့် ပူးပေါင်းကာ အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုများကို ၂၀၀၇ ခုနှစ်မှစတင်၍ သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ်မှစတင်၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား (National Complaint Mechanism – NCM)ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်၊ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားအကောင်အထည်ဖော်ရေး အမျိုးသားကော်မတီက အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 06, 2024

နိုင်ငံရေးပါတီတည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၇ ဖွဲ့ရှိပြီး လျှောက်ထားသည့် အဖွဲ့များအနက် နိုင်ငံရေးပါတီ ၁၄ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်