Skip to main content

လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းရောက်ရှိ

နေပြည်တော် နိုဝင်ဘာ ၁၃

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Great Motor Myanmar Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် JMC JMEV EV3 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Aung Kan Bo Motorcycle Industrial Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် KENBO အမျိုးအစား လျှပ်စစ်သုံး နှစ်ဘီးမော်တော်ဆိုင်ကယ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်