Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်စား ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မန်မိုဟန်ဆင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်တွင် လက်မှတ်ရေးထိုး

နေပြည်တော် ဒီဇင်ဘာ ၃၀

အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်ဟောင်း ဒေါက်တာမန်မိုဟန်ဆင်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ကွယ်လွန်ခဲ့ခြင်းအတွက် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် Park Royal ဟိုတယ်ရှိ အိန္ဒိယသံရုံး၏ ဆက်ဆံရေးရုံး၌ ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် ယနေ့နံနက်ပိုင်းတွင် သွားရောက်လက်မှတ်ရေးထိုးသည်။

ကြိုဆိုနှုတ်ဆက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းတည့် ၁၂ နာရီတွင် Park Royal ဟိုတယ်ရှိ အိန္ဒိယသံရုံး၏ ဆက်ဆံရေးရုံးသို့ရောက်ရှိရာ အိန္ဒိယသံရုံးမှ ပထမအတွင်းဝန်နှင့် အိန္ဒိယဆက်ဆံရေးရုံးအကြီးအကဲ မစ္စရီတူရာဒါ့ဗ်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

လက်မှတ်ရေးထိုး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးသည် အိန္ဒိယသံရုံးမှ ပထမအတွင်းဝန်နှင့် အိန္ဒိယဆက်ဆံရေးရုံး အကြီးအကဲ မစ္စရီတူရာဒါ့ဗ်နှင့် တာဝန်ရှိသူများအား ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်ဟောင်း ကွယ်လွန်ခဲ့ခြင်းအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဝမ်းနည်းကြောင်း၊ စာနာထောက်ထားကြောင်း သတင်းစကားအားပြောကြားခဲ့ပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်၌ လက်မှတ်ရေးထိုးသည်။

ဒေါက်တာ မန်မိုဟန်ဆင်းသည် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်အဖြစ် ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်