Skip to main content

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သက်ကြီးသတင်းစာပညာရှင်ကြီးများအား ဂါရဝပြုဂုဏ်ပြုချီးမြှင့်

နေပြည်တော် ဇန်နဝါရီ ၁၂

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ သက်ကြီးသတင်းစာပညာရှင်ကြီးများအား ဂါရဝပြုဂုဏ်ပြုခြင်း အစီအစဉ်အဖြစ် သတင်းစာပညာရှင်ကြီး ၁၂ ဦးအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ဂါရဝပြုချီးမြှင့်ငွေတစ်ဦးလျှင် ကျပ်ငါးသိန်းစီတို့ကို သတင်းမီဒီယာကောင်စီဝင်များက ဇန်နဝါရီ ၁၁ ရက်နှင့် ၁၂ ရက်တွင် အိမ်တိုင်ရာရောက် ဂါရဝပြုပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၁ ရက်တွင် အသက် ၁၀၅ နှစ်ရှိ ခေတ်အဆက်ဆက် သတင်းစာဆရာကြီး ဦးဆိုက်ကျင်အား ၎င်း၏ နေအိမ်တွင် လှူဒါန်းခဲ့ပြီး ဆက်လက်၍ အသက် ၉၅ နှစ်ရှိ သတင်းစာပညာရှင်ကြီး ဆရာကြီး ဦးမြတ်သူ၊ အသက် ၈၃ နှစ်ရှိ သတင်းစာပညာရှင်ကြီး ဆရာ ဦးမျိုးမြင့်၊ အသက် ၉၀ ရှိ သတင်းစာ ပညာရှင်ကြီး ဟန်ဂေရီဦးကိုကိုကြီး၊ အသက် ၉၀ ရှိ သတင်းစာပညာရှင်ကြီး ဆရာဦးစဝ်ကိုင်ဖ၊ အသက် ၈၃ နှစ်ရှိ သတင်းစာပညာရှင်ကြီး ဦးလှထွန်း (လှထွန်း-တွံတေး)တို့အား ဂါရဝပြုလှူဒါန်းသည်။

ဇန်နဝါရီ ၁၂ ရက်တွင် အသက် ၈၃ နှစ်ရှိ သတင်းစာပညာရှင်ကြီး ဦးလှမြင့်၊ အသက် ၈၈ နှစ်ရှိ သတင်းစာပညာရှင်ကြီး ဦးဌေးကြည်၊ အသက် ၈၁ နှစ်ရှိ သတင်းစာပညာရှင်ကြီး ဦးသောင်းမြင့်၊ အသက် ၉၂ နှစ်ရှိ သတင်းစာပညာရှင်ကြီး ဦးမြသိန်း၊ အသက် ၈၃ နှစ်ရှိ သတင်းစာပညာရှင်ကြီး ဦးစိန်ရွှေလှိုင်နှင့် အသက် ၈၅ နှစ်ရှိ သတင်းစာပညာရှင်ကြီး ဦးသန်းအောင်(သန်းအောင်နိုင်)တို့အား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များက ဂါရဝပြုလှူဒါန်းကြသည်။ ယခုဂါရဝပြုချီးမြှင့်နိုင်ရေးအတွက် ကောင်စီဝင်အားလုံးက ငွေကျပ် ၂၅ သိန်း၊ ပြန်ကြားရေးဝန်ကြီးဌာနက ငွေကျပ် ၂၄ သိန်း၊ ဦးကျော်ညွန့်ရည်+ဒေါ်ဝါဝါကျော်မိသားစုက ငွေကျပ် ၁၂ သိန်း၊ စွယ်စုံမီဒီယာဂရု(ပ်) ဥက္ကဋ္ဌ ဒေါက်တာ တင်ထွန်းဦး က ငွေကျပ် ၁၂ သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်