Dec 06, 2020
Dec 06, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ပြည်ပနိုင်ငံများ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၁၃၂)ဦး အား မြန်မာသံရုံး၊ ရီယာဒ်မြို့နှင့် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အဖွဲ့ချုပ် (MSESF) တို့မှ ပူးပေါင်း စီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်းမြို့မှတစ်ဆင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ည(၁၀)နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက် ရှိခဲ့ကြသည်။
Dec 06, 2020
Dec 06, 2020
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို သည် တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ဒီဇင်ဘာ ၆ ရက် ၊ ယနေ့ နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့် ကျေးရွာတွင်းလမ်းအဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှု များအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 06, 2020
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်သည် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဉီးမိုးကျော်သူ၊ ပြည်သူ လွှတ်တော် ကိုယ်စားလှယ်တို့နှင့်အတူ ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ၊ မြို့မိမြို့ဖများ လိုက်ပါ၍ ယနေ့ နံနက်(၉)နာရီက ရွှေဘိုမြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ရေး အတွက်
Dec 06, 2020
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် မြဝတီမြို့ရှိ စိမ်းလဲ့မြိုင်အဝေးပြေးယာဉ် ရပ်နားစခန်း ဖွင့်ပွဲနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်း၏ သုံးထပ်ကျောင်းဆောင် သစ်လွှဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားများ ယမန်နေ့က တက်ရောက်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။
Dec 06, 2020
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ မွန်းတည့် ၁၂ နာရီက ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်နေမှုနှင့် ဒေသခံကျေးလက်နေ ပြည်သူများ မြို့ပြနှင့် ကျေးလက် ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ပွင့်ဖြူမြို့-မုန်းဇလဲကျေးရွာ ရေကျော် ချောင်းကူးတံတား တည်ဆောက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 06, 2020
အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၁၉ ခုနှစ်အတွင်း ပထမအကြိမ် ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသား စာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေး ဆရာများ၏ အမည်စာရင်းကို ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ စာပေဆုရ စာရေးဆရာ တချို့နှင့် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
Dec 06, 2020
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ် ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက် စွာ တစ်သက်တာလုံး အားထုတ်ရေးသား ပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြု သောအားဖြင့် စာရေးဆရာကြီး ဦးအံ့မောင် (အံ့မောင်)နှင့် စာပေပညာရှင်ဆရာကြီး ဦးညွန့်မောင် (မောင်မောင်ညွန့်-မန်းတက္ကသိုလ်)တို့အား ၂၀၁၉ ခုနှစ် အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း သိရသည်။
Dec 06, 2020
သစ်တောဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေးအသင်း(BANCA)နှင့် ရခိုင်ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (RBANCA)တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက် အထိ လေးနှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံ၏ ခြောက်ခုမြောက်"ရမ်ဆာ" နိုင်ငံတကာ အရေးကြီး ရေဝပ်ဒေသဖြစ်သော ရခိုင်ပြည်နယ်ရှိ နံ့သာကျွန်းနှင့် မေယုမြစ်ဝအား သဘာဝ ထိန်းသိမ်းရေး နယ်မြေ အဖြစ် သတ်မှတ်ခံရရန် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်နေကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး အသင်း (BANCA)မှ သိရသည်။