Skip to main content

Dec 17, 2024

အခုကျင်းပနေတဲ့ အမျိုးသားအားကစားပွဲတော်ရဲ့ မြန်မာ့ရိုးရာခြင်းလုံး အားကစားပြိုင်ပွဲ အမျိုးသားပြိုင်ပွဲမှာ ခြောက်ပေါက်တန်း၊ အမျိုးသမီးပြိုင်ပွဲမှာ လေးပေါက်တန်းဆိုပြီး နှစ်မျိုးယှဉ်ပြိုင်ပါတယ်။ အမျိုးသားပြိုင်ပွဲမှာ အပိုင်းကိုးပိုင်း၊ တစ်ပိုင်းကို ငါးမိနစ်၊ အဲဒီလိုကစားတဲ့အချိန်မှာ မျိုးတူရှိသလို မျိုးကွဲလည်းရှိတယ်။ အမျိုးသမီးမှာဆိုရင် အပိုင်းခုနစ်ပိုင်း၊ အမျိုးသားအသင်းက ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၃ ခု၊ အမျိုးသမီးအသင်းက ခြောက်သင်းစုစုပေါင်း ၁၉ သင်းပါဝင်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းဟာဆိုရင် မြန်မာတစ်နိုင်ငံတည်းရှိတာဖြစ်ပြီး မြန်မာ့ရိုးရာအမွေအနှစ်အစစ်လည်းဖြစ်ပါတယ်။ အခုအမျိုးသားအားကစားပွဲတော်မှာ ရိုးရာခြင်းလုံး အားကစားနည်းကို ဖော်ထုတ်ပေးပြီးတော့ နိုင်ငံတော်အကြီးအကဲတွေက ပါဝင်ကစားခွင့်ပြုတယ်။ ပါဝင်ခွင့်ပြုတဲ့အတွက်လည်း ကျေးဇူးတင်တယ်။ မြန်မာ့ရိုးရာခြင်းလုံးတိုးတက်ဖို့ကတော့ အခြေခံကျောရိုးက ရိုးရာလည်းမပျက်အောင်၊ ရှေးမူလည်းမပျက်အောင် ခြင်းကြီး ၁၀ မျိုး၊ ခြင်းလတ် ၁၀ မျိုး စတာတွေကို ပြိုင်ပွဲမှာ ခတ်ကစားရပါတယ်။ ခတ်ကစားပြီးတဲ့အခါကျတော့ ပြိုင်ပွဲခတ်ပေါက်နဲ့ အလှခတ်တာကတော့မတူဘူး။ အလှခတ်တာကတော့ လွတ်လွတ်လပ်လပ်ခတ်လို့ရတယ်။ ကွာခြားချက်ကတော့ အဲဒီလိုရှိတယ်။ ကျွန်တော်တို့ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းက အမြင်တော့လွယ်တယ်။ တကယ်တမ်းကျတော့ တော်တော်ခက်တယ်။ ဒီအားကစားနည်းနဲ့ကမ္ဘာကို လွှမ်းဖို့အတွက်ကတော့ ခက်ခဲနက်နဲတဲ့ပညာရပ်ဆိုတော့ ဆီးဂိမ်းပြိုင်ပွဲမှာ ဝင်ရောက်ထိုးဖောက်ပြီး မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းကို ယှဉ်ပြိုင်ကစားလာတာ လေးကြိမ်‌မြောက်ရှိသွားပါပြီ။ ဆက်လက်ပြီး ဆီးဂိမ်းကနေ အာရှအဆင့်၊ အာရှအဆင့်ကနေ ကမ္ဘာ့အဆင့်ထိရောက်အောင် ဖြစ်နိုင်သမျှ အတတ်နိုင်ဆုံးသက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ ဆက်လက်ပြီး ကြိုးစားသွားမှာပါ။ 

ဆက်လက်ဖတ်ရှုရန်

Dec 17, 2024

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအလိုက် (၁၆-၁၂-၂၀၂၄) ရက်နေ့ထိဆုရရှိမှုအခြေအနေ

ဆက်လက်ဖတ်ရှုရန်

Dec 17, 2024

မေး။ ။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရတဲ့အပေါ် ဆရာမကြီးရဲ့အမြင်ကို သိပါရစေ။ ဖြေ။ ။ လူငယ်တွေအတွက် သိပ်ကိုကောင်းမွန်ပါတယ်။ အားကစားပြိုင်ပွဲတွေကနေ လူငယ်တွေ အားကစားကိုဝါသနာပါလာအောင်၊ အားကစားကိုလေ့လာအောင် အခုလို ပြိုင်ပွဲတွေလိုအပ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2024

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ဒုတိယဝန်ကြီးဦးဇော်အေးမောင်တို့သည် ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဦးတင်လှနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2024

ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့်လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲပွဲစဉ်များ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများကို ယနေ့တွင် နေပြည်တော်ရှိ သက်ဆိုင်ရာအားကစားကွင်းနှင့် အားကစားရုံများ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2024

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 17, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေနှင့် ခွန်စံလွင်တို့သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် နှင့် Jeng Phang နော်တောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် ဦးဇော်အေးမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီးနှင့် ရှေးဟောင်း သမိုင်းဝင်စကြာမုနိဗုဒ္ဓရုပ်ပွား တော်အားဖူးမြော်ပြီး အဆင့်မြင့်ပညာနှင့် အခြေခံပညာတို့မှ ဆရာဆရာမများနှင့်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်