Skip to main content

Dec 15, 2024

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးတို့နှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ ကန်ဆယ်တူးဖော် ပြုပြင်ထိန်းသိမ်း လှူဒါန်းခြင်း ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေနှင့် ခွန်စံလွင်တို့ ဦးဆောင်သောအဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်း အနားများကို ယနေ့တွင် နေပြည်တော်ရှိ သက်ဆိုင်ရာ အားကစားကွင်းနှင့် အားကစားရုံများ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

ရန်ကုန်စီးပွားရေးတက္ကသိုလ် စတင်ထူထောင်ခြင်း နှစ် (၆၀) ပြည့် အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်တက်ရောက်၍ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ (၃၃) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများသည် လာအိုနိုင်ငံ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန၏ဖိတ်ကြားချက်အရ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင်ကျင်းပသည့် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှုလွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်ဆိုင်ရာ ပူးတွဲကော်မတီ၏ နဝမအကြိမ်မြောက်အစည်းအဝေးနှင့် အမျိုးသားပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးကော်မတီ အဆင့်မြင့်အရာရှိကြီးအဆင့် အကြိုညှိနှိုင်း အစည်းအဝေးများသို့တက်ရောက်ရန် ဒီဇင်ဘာ ၁၁ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်လှည့်ဆေးကုသရေး အဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် သိုက်တူးကန်ကျေးရွာမှ ဒေသခံပြည်သူ ၁၂၈ ဦးတို့ကို အဆိုပါကျေးရွာရှိ ဘိုးဘွားရိပ်သာဓမ္မာရုံ၌လည်းကောင်း၊ မှော်ဘီမြို့နယ်အောက် ဝါးနက်ချောင်းကျေးရွာအုပ်စု အင်းတန်ကျေးရွာမှ သံဃာတော်ခြောက်ပါးနှင့် ဒေသခံပြည်သူ ၁၂၉ ဦးတို့ကို အဆိုပါ ကျေးရွာရှိ စံပယ်ခြံတပ်ဦးကျောင်း၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ရတနာဘူမိအနောက်ရပ်ကွက်မှ သံဃာတော် ၁၀၂ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၃၃ ပါးနှင့် ဒေသခံပြည်သူ ၇၂ ဦးတို့ကို အဆိုပါရပ်ကွက်ရှိ မဏိရတနာရာမ မြတောင်ကျောင်းတိုက်၌လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

ယနေ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်သည့် နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့ နေ့ထူးနေ့မြတ် အခါသမယ၌ ရခိုင်ပြည်နယ်နှင့် ဒေသအသီးသီးတွင် ရောက်ရှိနေထိုင်ကြသော ရခိုင်တိုင်းရင်းသား သွေးချင်းညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများ အားလုံး ကိုယ်စိတ်နှစ်ဖြာ သုခချမ်းသာပြည့်စုံကြ၍ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေ ကြောင်း ဦးစွာ ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2024

မြန်မာတို့၏ ဆယ့်နှစ်လရာသီ လစဉ်လတိုင်း၏ လပြည့်နေ့အခါသမယတွင် ထူးမြတ်သည့် ဗုဒ္ဓဓမ္မနှင့် ယဉ်ကျေးမှုထုံးတမ်းစဉ်လာအရ နေ့ထူးနေ့မြတ်တစ်မျိုးစီရှိကြသည်။ မြန်မာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကျင်းပသည့် တန်ခူးလပြည့်နေ့၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့)၊ နယုန်လပြည့် (မဟာသမယနေ့)၊ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)၊ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)၊ တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့)၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၊ တန်ဆောင် မုန်းလပြည့်( သာမညဖလအခါတော်နေ့)၊ တပို့တွဲလပြည့် (ဩဝါဒပါတိမောက်နေ့)၊ တပေါင်းလပြည့် (မြတ်ဗုဒ္ဓပြည်တော်ဝင်နေ့) ဟူ၍ အသီးသီးအထင်အရှားရှိသည်။

ဆက်လက်ဖတ်ရှုရန်