Mar 12, 2025
အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ရွှေကျင်နိကာယ အဓိပတိမဟာနာယက သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော်(၈၈)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာပထမနေ့တွင် သာသနာ့နွယ်ဝင် သီလရှင်အပါး ၁၀၀၀ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆေးနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက စစ်ကိုင်းတောင်ရိုးရှိ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်၌ကျင်းပသည်။
Mar 12, 2025
မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံအကြားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation)ဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling)လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိရာ ယနေ့တွင် အဆိုပါလုပ်ငန်းများ၌ ဆက်စပ်ပါဝင်ခဲ့ကြသည့် အိန္ဒိယနိုင်ငံသား ၂၆၆ ဦးနှင့် မလေးရှားနိုင်ငံသား ၂၅ ဦးတို့အား မြန်မာ-ထိုင်းအမှတ် (၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့်သက်ဆိုင်ရာ နိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၄၇ ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
Mar 12, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၈ ရက် မွန်းလွဲပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (West Yangon Technological University- WYTU) သို့ ရောက်ရှိခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ခရီးစဉ် လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Mar 12, 2025
(၃၃) ကြိမ်မြောက်အရှေ့တောင်အာရှအားကစား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် (Gold Camp)နှင့် (Youth Camp)တို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ မြားပစ်လေ့ကျင့်ရေးကွင်း၌ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးသည်။
Mar 12, 2025
အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ်(၁၄)နှင့် အရာထမ်းငယ်သင်တန်းအမှတ်စဉ် (၁၀၂)တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) စစ်ရေးပြကွင်း၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးစိုးတင့်၊ ပါမောက္ခချုပ်ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
Mar 12, 2025
တက္ကသိုလ်ကျောင်းသားများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်း(Regi-stration)နှင့် ကျောင်းဝင်ကြေး၊ ကျောင်းလခများကို Online Payment ၊ Mobile Wallet ဖြင့် ပေးသွင်းခြင်းတို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ဦးစီးကော်မတီအစည်းအဝေး(၁/၂၀၂၅)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 12, 2025
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီများဖက်ဒရေးရှင်း(IFRC)အဖွဲ့၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Alexander James Matheou အား ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 12, 2025
၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူမည့် ဆရာတော်ကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
Mar 12, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Deng Xijun အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 12, 2025
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးသည့်အချိန်မှစ၍ လူမျိုးစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲများကိုအကြောင်းပြု၍ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်း ၈၀ နီးပါးရှိပြီဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး ပဋိပက္ခဒေသများရှိ ပြည်သူများမှာ ဒုက္ခဆင်းရဲမျိုးစုံကြုံတွေ့ခဲ့ကြကာ အဆိုပါဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျကျန်နေ သည်ကို တွေ့ရမည်ဖြစ်သည်။
Mar 12, 2025
လွတ်လပ်ရေးရပြီးနောက် ၇၇ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ခွင့်မရခဲ့။ ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားပြီးနောက် ကိုလိုနီဘဝမှ လွတ်မြောက်ခဲ့သော နိုင်ငံများစွာရှိသည့် အနက် နိုင်ငံရေးတည်ငြိမ်ပြီး ပြည်တွင်းပဋိပက္ခများ နည်းပါးသည့်နိုင်ငံများမှာ တစ်ဆင့်ပြီးတစ်ဆင့် ဖွံ့ဖြိုးတိုးတက်ခဲ့ကြရာ ယခုအချိန်တွင် မိမိတို့နိုင်ငံထက် များစွာသာလွန်သွားခဲ့ကြ ပြီဖြစ်သည်။
Mar 11, 2025
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။
Mar 11, 2025
၂၀၂၅ ခုနှစ် မတ် ၁၅ ရက်တွင်ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်-၃ ၌ ကျင်းပသည်။
Mar 11, 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးကကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day) အခမ်းအနားကို “လူနေမှုဘဝ အစဉ်တည်တံ့ဖို့ မျှတအသွင် ကူးပြောင်းစို့” ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မင်္ဂလာခန်းမ၌ ကျင်းပသည်။
Mar 11, 2025
အရာထမ်းလောင်း (အထူး) သင်တန်း အမှတ်စဉ် (၁၃) သင်တန်းဆင်း စစ်ရေးပြအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စစ်ရေးပြကွင်း (၁) ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင်ဦးဆန်းမြင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Mar 11, 2025
အမျိုးသမီးများ ချစ်ကြည် ဖလှယ်ရေးဆွေးနွေးပွဲကို မတ် ၆ ရက်က တရုတ်နိုင်ငံတယ်ဟုန်း ပြည်နယ်ခွဲမန်စီမြို့အသက်မွေး ဝမ်းကျောင်းကောလိပ် အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌ မူဆယ်ရုံးခွဲဥက္ကဋ္ဌ ဦးခင်ဦး (ခ) ဦးရှင်ဖူး၊ နာယကဒေါ်စစ်စိန်နှင့်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။
Mar 11, 2025
သစ်တောဦးစီးဌာနနှင့် အာရှနှင့်ပစိဖိတ်ဆိုင်ရာ သစ်တောများပြန်လည်ထူထောင်ရေးနှင့် ရေရှည်တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာကွန်ရက်အဖွဲ့ (APFNet) တို့ပူးပေါင်း၍ “မဲခေါင်ဒေသ (မြန်မာနိုင်ငံ) တွင် သစ်တောဂေဟစနစ်များ ဘက်စုံစီမံအုပ်ချုပ်ခြင်းနှင့် သရုပ်ပြခြင်းစီမံကိန်း” ၏ သစ်မျိုးစုံဥယျာဉ်ပညာပေးပြခန်း ဖွင့်ပွဲအခမ်းအနားနှင့် စီမံကိန်းပြီးမြောက်အောင်မြင်ခြင်းအလုပ် ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောသုတေသနဌာန ရေဆင်း၌ ကျင်းပသည်။
Mar 11, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ဒုတိယဝန်ကြီးဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း ဆီထွက်သီးနှံစိုက်ပျိုး ရေးလုပ်ငန်းများပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။
Mar 11, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ် ရွှေမြို့မွေးမြူရေးဇုန်နှင့် မွေးမြူရေးဇုန်၏ ရေလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေးအတွက် တည်ဆောက်ထားရှိသည့် အလျားပေ ၃၃၀ ၊ အမြင့် ၃၆ ပေရှိ ရေလှောင်တမံ၏ ကြံ့ခိုင်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေစုပ်ပန့်ဖြင့် ရေယူသုံးစွဲနေမှုနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ကာကီကင်း ဥစားဘဲဥဖောက်စက်၌ ဘဲ သားဖောက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
