Skip to main content

Dec 20, 2024

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးသန်းဝင်းတို့ ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ်ရှိ အမျိုးသမီးသက်မွေးအတတ်ပညာ သင်ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2024

အခြေခံပညာဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၈)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင် ဦးစိုးတင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2024

တက္ကသိုလ်ပါမောက္ခချုပ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲတွင် အောင်မြင်ခဲ့သော အစိုးရဓမ္မာစရိယ အထူးအောင်သုံးပါး၊ ပါဠိဂုဏ်ထူးအောင်ခြောက်ပါး၊ မြန်မာဂုဏ်ထူးအောင်သုံးပါး၊ အစိုးရဓမ္မာစရိယသုံးကျမ်းအောင် ၁၄၄၃ ပါး၊ ပါဠိပထမပြန်အထူးအောင် ၁၆ ပါး၊ နိကာယ်အထူးအောင် ၁၃ ပါး၊ မဟာဝိဒူအောင် ၁၅ ပါး၊ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ် အထူးအောင်ကိုးဦးတို့အား ဘွဲ့တံဆိပ်တော်များနှင့် အောင်လက်မှတ်များ ဆက်ကပ် လှူဒါန်းသည့် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၃၈၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၂ ရက်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်၊ သောကြာနေ့၊ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက် ညနေ ၅ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ခမ်းနားထည်ဝါစွာနှင့် အနှစ်သာရရှိစွာ စီစဉ်ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဝါးခယ်မမြို့နယ်နှင့် မအူပင်မြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်သုံးစီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၁၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2024

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ကော့လှာကျေးရွာအုပ်စု ဖဲထော်ကျေးရွာ (စံပြကျေးရွာ) ရှိ အိပ်မက်သစ်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း လီမိတက်မှ အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေအား ပြည်နယ်သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၉ ရက်က ကွင်းဆင်းကြည့်ရှုခဲ့ပြီး အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့်တွေ့ဆုံ၍ သီးနှံစိုက်ပျိုးရိတ်သိမ်းရာတွင် ဆောင်ရွက်ရမည့် လိုအပ်ချက်များအပေါ် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများကို ယနေ့တွင် နေပြည်တော်ရှိ သက်ဆိုင်ရာအားကစားရုံများ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2024

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှာ ဒီဇင်ဘာ ၂၀ တွင် ပြီးဆုံးတော့မည်ဖြစ်သည်။ အားကစားပြိုင်ပွဲအသီးသီးတွင် ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားများ၊ မျိုးဆက်သစ်များ၊ အားကစားသမားတို့အတွက် နောက်ကွယ်မှ ပံ့ပိုးပေးလျက်ရှိသည့် အသင်းများ၊ နည်းပြများ၊ အုပ်ချုပ်သူများနှင့် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကြီးများတွင် ပါဝင်အားဖြည့်ကြသူအားလုံးအတွက် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သည် အမှတ်တရများစွာ ကျန်ရစ်ခဲ့တော့မည်ဖြစ်ရာ ယင်းတို့အနက်မှ နောက်ဆုံးပိတ်ပွဲစဉ်အချို့တွင် ယှဉ်ပြိုင်ကြသူများ၏ အမှတ်တရစကားသံများကို မြန်မာ့အလင်းပရိသတ်များထံ စုစည်းတင်ပြလိုက်ရပါသည်။

ဆက်လက်ဖတ်ရှုရန်