ရန်ကုန် စက်တင်ဘာ ၂၄
စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၅) ၏ သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရှိ စစ်ရေးပြ ကွင်း၌ ကျင်းပသည်။
ပေးအပ်ချီးမြှင့်
ဦးစွာ သင်တန်းဆင်းတပ်ခွဲက ပါမောက္ခချုပ်အား အလေးပြုပြီး ဆက်လက်၍ နိုင်ငံတော်အလံအား အလေးပြုကြသည်။
အခမ်းအနားတွင် ပါမောက္ခချုပ်က သင်တန်းသားစံပြဆုနှင့် စာပေထူးချွန်ဆု၊ သင်တန်းသူစံပြဆု၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်ကာ သင်တန်းဆင်း မိန့်ခွန်းပြောကြားသည်။
တက်ရောက်
အခမ်းအနားသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ (ပညာဌာနမှူး) များ၊ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၁၂၁ ဦး၊ သင်တန်းသူ ၂၄၉ ဦး စုစုပေါင်း ၃၇၀ တို့တက်ရောက်ပြီး သင်တန်းကာလမှာ ဇူလိုင် ၁၄ ရက်မှ စက်တင်ဘာ ၂၄ ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်