Skip to main content

Jul 22, 2025

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (၂၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2025

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းစိုးနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအနီး ထိန်းသိမ်းဧရိယာ၌ ငလျင်ဘေးသင့် ဝန်ထမ်းအိမ်ထောင်စု ၈၈ စု ယာယီနေထိုင်ရန်အတွက် တပ်ဆင်တည်ဆောက်ပြီးစီးပြီဖြစ်သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ခွဲဝေချထားပေးသည့် Con-tainer House ၈၈ လုံးသို့ ဝန်ထမ်းများ ပြောင်းရွှေ့နေထိုင်မှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2025

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန် (န) ဝါဟူစိန်အား ယနေ့ညနေ ၅ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2025

ထိုင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ၎င်း၏ ခန့်အပ်လွှာကို ယမန်နေ့က ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ထိုင်းဘုရင့်နန်းတော်၌ ထိုင်းနိုင်ငံဘုရင်မင်းမြတ် မဟာဗာဂျီယာလောင် ကွန်းဖရာ့ဗာဂျီယာ ကလောင့်ကျောင့်ယူဟူဝါထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ မွန်းလွဲပိုင်းတွင် တပ်မတော်က ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ဆောင်ရွက်ကာ ပြန်လည်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့သို့ သွားရောက်၍ နောင်ချိုမြို့ရှိ အောင်ပွဲရအရာရှိ၊ စစ်သည်များအား သွားရောက်တွေ့ဆုံဂုဏ်ပြုကာ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် ပြည်သူ့ဆေးရုံနှင့် စာသင်ကျောင်းများ ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ၍ လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2025

မြန်မာ့တပ်မတော်မှ အရာရှိ၊ စစ်သည်များအနေဖြင့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းတာဝန်များ သိရှိနိုင်စေရန်အတွက် မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်တို့ ပူးပေါင်းဖွင့်လှစ်သော ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာသင်တန်း UN Peacekeeping Officer Course ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2025

ပြည်ထောင်စုမြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးကာလမှစ၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မျှော်မှန်းချက်များ၊ လမ်းစဉ်များကိုသွေဖည်ပြီး ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ လူမျိုးစွဲ စသည့်အစွဲအမျိုးမျိုးဖြင့် လက်နက်စွဲကိုင်အကြမ်းဖက်လမ်းစဉ်များ လုပ်ကိုင်လာကြရာ ယနေ့ထက်တိုင်အောင် အဆုံးမသတ်နိုင်သေးသည်ကို တွေ့ရမည်ဖြစ်သည်။ အစွဲအမျိုးမျိုးကို မဖျောက်ဖျက်နိုင်ဘဲ အကြမ်းဖက်တိုက်ခိုက်မှုလုပ်ငန်းများ လုပ်ကိုင်လာကြသည်မှာ နှစ်ပေါင်း ၇၀ ကျော် ၈၀ နီးပါးကြာမြင့်လာသည်နှင့်အမျှ ၎င်းတို့တော်လှန်ရေးဆိုသည်မှာ အကောင်အထည်ပေါ်မလာဘဲ ဒေသနှင့် ပြည်သူသာ ထိခိုက်ဆုံးရှုံးမှုများလာသည်ကို တွေ့ရမည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2025

မိုးရာသီ ဇူလိုင်၊ ဩဂုတ်လများက သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုအများဆုံးလများဖြစ်သည်။ သွေးလွန်တုပ်ကွေးသည် ခြင်မှတစ်ဆင့် ကူးစက်သောရောဂါများတွင်ပါဝင်ပြီး ကလေးများတွင် ရောဂါပြင်းထန်ပါက နာမကျန်းခြင်းမှသည် အသက်အန္တရာယ်အထိ ဖြစ်ပေါ်နိုင်ခြင်းဖြစ်ရာ မပေါ့ဆသင့်သည့် ရောဂါဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 21, 2025

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် အိန္ဒိယနိုင်ငံသား ၃၆ ဦး၊ တရုတ်နိုင်ငံသား ၁၁ ဦး၊ ဖိလစ်ပိုင်နိုင်ငံသားတစ်ဦး၊ နီပေါနိုင်ငံသားတစ်ဦး၊ မလေးရှားနိုင်ငံသားတစ်ဦး၊ သီရိလင်္ကာနိုင်ငံသားတစ်ဦးနှင့် ကင်ညာနိုင်ငံသားတစ်ဦး၊ စုစုပေါင်း ၅၂ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 21, 2025

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်