Skip to main content

Jun 26, 2026

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂ဝ၂၆ - ၂ဝ၂၇ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မည့် ဗဟိုပုံနှိပ်စက်ရုံ ဝန်ထမ်းအိမ်ရာ RC (၆) ခန်းတွဲ (၄) ထပ် ဝန်ထမ်းအိမ်ရာအသစ် တည်ဆောက်ခြင်း (အလျား ၁၄၄ ပေ x အနံ ၂၆ ပေ x အမြင့် ၄ဝ ပေ) (ရေ၊ မီး၊ မိလ္လာ၊ Apron Drain အပါအဝင်) လုပ်ငန်းအတွက် ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ (၂၆ - ၆ - ၂ဝ၂၆) ရက်နေ့၊ နံနက် (၁၁:ဝဝ)နာရီ အချိန်တွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အောက်ဖော်ပြပါကုမ္ပဏီအမည်အား ယှဉ်တွဲပါဈေးနှုန်းဖြင့်  တင်ဒါအောင်မြင်ကြောင်းကို (၂၆ - ၆ - ၂ဝ၂၆) ရက်တွင် ကြေညာအပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Jun 26, 2026

ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ယနေ့နံနက် ၈ နာရီခွဲတွင် ပွင့်ဖြူမြို့ရှိ မုန်းချောင်းသဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့် ခြင်းအခမ်းအနားကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးသားဖောက်စခန်းတာဝန်ခံနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး ငါးသယံဇာတ ဖူလုံစေရေးအတွက် နှစ်လက်မအရွယ် ငါးမြစ်ချင်း ငါးမျိုးစိတ်ကောင်ရေ ၁၅၀၀၀၀၊ ငါးခုံးမကြီး ၁၅၀၀၀၀ စုစုပေါင်း ကောင်ရေ ၃၀၀၀၀၀ အား စုပေါင်းမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2026

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက် နှုန်းရရှိရေး စံပြကျေးရွာ(မကျည်းကုန်း)ရှိ အကျိုးဆောင် တောင်သူ ၇၈ ဦးအား မိုးစပါးစိုက်ဧက ၃၀၀ အတွက် သဘာဝမြေဩဇာအိတ် ၃၀၀ နှင့် ကွန်ပေါင်းဓာတ်မြေဩဇာအိတ် ၁၅၀ ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2026

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့၌မြို့နယ်အတွင်း ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားလာနိုင်သဖြင့် မြေနိမ့်ပိုင်းများနှင့် ရေဝင်ရောက်နိုင်သည့် နေရာများတွင်နေထိုင်ကြသည့် ပြည်သူများကြိုတင် သတိပြုနေထိုင်စေရေး အသိပေးနှိုးဆော်မှုကို ယနေ့နံနက် ၉ နာရီခွဲက ဟုမ္မလင်းမြို့အနီးတစ်ဝိုက် ချင်းတွင်းမြစ်ကမ်းဘေး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2026

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2026

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများနှင့် ပရိဘောဂများ ဝယ်ယူရေးအတွက် (၂၆-၆-၂၀၂၆) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်းများဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာပါသည်-

ဆက်လက်ဖတ်ရှုရန်

Jun 26, 2026

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ရေကူးပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဒဂုံမြို့နယ် (ဦးဝိစာရလမ်း)ရှိ အမျိုးသားရေကူးကန်၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားသမားများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2026

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများအန္တရာယ် အသိပညာပေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2026

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယနေ့တွင် ကလေး-သိုင်းငင်း- တီးတိန်လမ်းပိုင်း အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်၊ လိုအပ်သည့်နေရာများတွင် Culvert များ တည်ဆောက်ထားရန်၊ မိုးတွင်းတွင် တောင်ပြို၍ လမ်းပြတ်တောက်မှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြိုတင်စုဖွဲ့၍ အလေးထားကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2026

ကမ္ဘာတစ်ဝန်း၌ အလုပ်အကိုင်ဖန်တီးခြင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေခြင်းတို့၌ အဓိကမောင်းနှင်အားဖြစ်သော MSME များ၏ အရေးပါမှုကို အသိအမှတ်ပြုရန်အတွက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အရ ဇွန် ၂၇ ရက်ကို “ကမ္ဘာ့ MSME နေ့” အဖြစ် ၂ဝ၁၇ ခုနှစ်မှ စတင်ကာ နှစ်စဉ်ကျင်းပခဲ့ကြသည်။   

ဆက်လက်ဖတ်ရှုရန်

Jun 26, 2026

တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2026

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2026

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Barnaby Jones အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2026

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေထံ ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့ (UN Women) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ် Ms. Geeta Kuttiparambil သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်ဂါရဝပြုတွေ့ဆုံပြီး ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2026

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ Indonesia Convention Exhibition (ICE) ၌ ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ်ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးညီလာခံကို ယမန်နေ့က တတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဆက်လက်တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2026

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန် ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား ယနေ့နံနက် ၁၁ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန စတုရင်္ဂဗလခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြား သည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2026

လူသားမျိုးနွယ်တစ်ရပ်လုံးကို လူညွန့်တုံးစေရန်နှင့် ကမ္ဘာ့လူသားများကို ခြိမ်းခြောက်လျက်ရှိသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများက အလေးထားတိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ခေတ်အဆက်ဆက်အစိုးရများက တိုက်ဖျက်နှိမ်နင်းလျက် ရှိသော်လည်း ဘိန်းစိုက်ပျိုးမှု၊ ဘိန်းထုတ်လုပ်မှု၊ စိတ်ကြွဆေးများထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်ဖောက်ကားမှု၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အဓိကအသုံးပြုသည့် ဓာတုဗေဒပစ္စည်းများ နယ်စပ်မှတစ်ဆင့်ဝင်လာမှုတို့သည် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုအဖြစ်ရှိနေဆဲဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2026

​​​​​​​မူးယစ်ဆေးဝါး ဒုစရိုက်လုပ်ငန်းများသည် ကမ္ဘာပေါ်တွင် အမြတ်အစွန်း အကြီးမားဆုံးသော ရာဇဝတ်မှုလုပ်ငန်းများပင်ဖြစ်သည်။ သို့သော် မူးယစ်ဆေး ဒုစရိုက်ဂိုဏ်းသားတို့ ရရှိကြသည့် ကြီးမားလှသော အကျိုးအမြတ်များဆိုသည်မှာ မူးယစ်ဆေးသားကောင်ဘဝသို့ ကျရောက်ကြရသူများ၏ ပျက်စီးသွားသော လူမှုစီးပွားဘဝများမှ ထွက်ပေါ်လာရခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်