Aug 23, 2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့၌ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ ဩဂုတ် ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 23, 2025
(၂၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့အကြား လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ တော်ဝင်ရဲအဖွဲ့တို့အကြား လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအစည်းအဝေးတို့ကို ဩဂုတ် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ရန်ကုန်မြို့ PARKROYAL Hotel ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည်။
Aug 23, 2025
အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်အတွက် အကြမ်းဖက်မှုလုပ်ရပ်များကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လျက်ရှိပြီး လမ်း၊ တံတားများ ဖောက်ခွဲဖျက်ဆီးခြင်း၊ ဌာနဆိုင်ရာ အဆောက်အအုံများနှင့် လူနေထိုင်ရာရပ်ကွက် ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ Drop Bomb များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက် ခြင်းများကို လုပ်ဆောင်လျက်ရှိသကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော အေးချမ်းစွာသွားလာလျက်ရှိသည့် ကုန်တင်ကားများ၊ ခရီးသည်တင်ယာဉ်များနှင့် အရပ်သားယာဉ်များကိုလည်း နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းများ၊ မိုင်းထောင်ဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိသည်။
Aug 23, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဗီယက်နမ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် ရန်ကုန်မြို့၌ နိုင်ငံတကာ အဆင့်မီဟိုတယ်နှင့် စီးပွားရေးဆိုင်ရာအဆောက်အအုံများပါဝင်သော စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Hoang Anh Gia Lai Myanmar Company Limited (HAGL Myanmar) ၏ ဒါရိုက်တာနှင့် အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Aug 23, 2025
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံ (ထန်းတပင်) သို့ သွားရောက်၍ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှုအခြေအနေများကို ကြည့်ရှုအားပေးသည်။
Aug 23, 2025
ဘွိုင်လာကျွမ်းကျင်သူများ တိုးပွားလာသည်နှင့်အမျှ ဘွိုင်လာသုံးစက်မှုလုပ်ငန်းများတွင် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဘွိုင်လာများကို စွမ်းရည်ပြည့်သုံးစွဲနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူများသင်တန်း အမှတ်စဉ် (၂/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရှိ ဘွိုင်လာသင်တန်းခန်းမ၌ ကျင်းပသည်။
Aug 23, 2025
(၃၁) ကြိမ်မြောက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေတစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ စာကြည့်တိုက်စာအုပ်ဆုနှင့် ပညာရည်ချွန်ဆုများ ချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ စုပေါင်းခန်းမ၌ ကျင်းပသည်။
Aug 23, 2025
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်အတွက် မိမိတို့စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများ) ထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့်ပုံစံစာအိတ်ကို စက်တင်ဘာ ၂ ရက် (အင်္ဂါနေ့) မှစ၍ ကိုယ်တိုင်ထုတ်ယူကြရန်ဖြစ်သည်။ အဆိုပါတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအိတ်ကို စက်တင်ဘာ ၂ ရက်မှ စက်တင်ဘာ ၁၉ ရက် အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များအပါအဝင် (ပိတ်ရက်မရှိ) အောက်ပါတက္ကသိုလ်များတွင် လက်ခံမည်ဖြစ်သည်-
Aug 23, 2025
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ အပိုင်းလိုက်ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ပြည်ပရောက်မဲဆန္ဒရှင်များက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) များ ထုတ်ယူပေးပို့နိုင်မည့်နေ့ရက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၁ - ၈ - ၂၀၂၅ ရက်စွဲပါ ကြေညာချက်အမှတ် (၆၂/၂၀၂၅ ) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။
Aug 23, 2025
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့်အေးချမ်းသာယာရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် လိုအပ်သည့်လမ်းညွှန်မှုများ ပြုလုပ်နိုင်ရန်နှင့် ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ နိုင်ငံတော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့်သက်ဆိုင်သည်များကို အဆက်မပြတ်ဆောင်ရွက်နေသည်ကို တွေ့ရသည်။
Aug 23, 2025
ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ခွင့်ရပြီး ပညာသင်ကြားနိုင်ရေးကို အရေးကြီးသည့်ကိစ္စတစ်ရပ်အဖြစ် နိုင်ငံတော်က ဆောင်ရွက်နေသည်။ ကျောင်းတက်နေသည့် ကျောင်းသား ကျောင်းသူများအားလုံး ပညာရေးဆုံးခန်းတိုင်သည်အထိ ပညာသင်ကြားနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှုများ တိုးတက်စေရေးနှင့် အသက်မွေးဝမ်းကျောင်းပညာနှင့် အဆင့်မြင့်ပညာများကို သင်ယူပြီးမြောက်စေရေး အလေးထားဆောင်ရွက်ကြရန်လည်း တာဝန်ရှိသူများကို တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။
Aug 22, 2025
ပြောင်းလဲနေသော ကမ္ဘာကြီးတွင် မျိုးဆက်သစ်လူငယ်များ တက်ကြွစွာပါဝင်နိုင်ရေး ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ (Future Front Myanmar : Youth Strategy Forum -2025) ကို ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) တွင် ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်ထိ သုံးရက်တာ ကျင်းပသွားမည်ဖြစ်သည်။
Aug 22, 2025
မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) နှင့် ဆင်ဟွာသတင်းဌာနတို့၏ တောင်ကမ္ဘာခြမ်း ပူးတွဲဆက်သွယ်ဆောင်ရွက်မှု မိတ်ဖက်အစီအစဉ် ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း၊ အမှတ်(၂၂-၂၄)ရှိ သုတေသနနှင့်သတင်းအချက်အလက်ဌာနခွဲ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 22, 2025
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း)အောက်ရှိ အိုင်းမရေလွှဲဆည်နှင့်ပွင့်ဖြူမြို့နယ်ရှိ မဲဇလီရေလွှဲဆည်မှ ဆည်ရေတို့ဖြင့် ဒေသခံတောင်သူများ၏ မိုးစပါးဧကပေါင်း ၃၄၀၀၀ ကျော်အတွက် စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
Aug 22, 2025
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၅ ခုနှစ်တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲဗိုလ်လုပွဲတွင် ခိုလမ်တပ်နယ် (က) အသင်းနှင့် ခိုလမ်တပ်နယ် (ခ) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ခိုလမ်တပ်နယ်(ခ)အသင်းက အနိုင်ရရှိပြီး ဒိုင်းဆုရရှိခဲ့သည်။
Aug 22, 2025
ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည် ၂၀၂၅ခုနှစ် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည်ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိသည်။
Aug 22, 2025
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅
Aug 22, 2025
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ သြဂုတ် ၁၈ ရက်မှ ၂၅ ရက်အထိ ကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှနှင့် (၅၇) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်အားကစားပြိုင်ပွဲတွင်မြန်မာ့လက်ရွေးစင် ကာယဗလအားကစားသမားများက Champion of Champion Overall Champion ဆုဖလားနှင့်ရွှေလေးခု၊ ငွေနှစ်ခု၊ ကြေးသုံးခုဆွတ်ခူးရရှိထားကြောင်း သိရသည်။
Aug 22, 2025
စိုက်ပျိုးမွေးမြူရေးဆိုင်ရာ AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။