Skip to main content

Sep 29, 2025

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများ၊ ဆောင်းပါးဆု၊ စာပေထူးချွန်ဆု၊ သင်တန်းထူးချွန်ဆု၊ အားကစား ထူးချွန်ဆုရရှိခဲ့ကြသည့် ဝန်ထမ်းများ ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအမှတ်(၄၆)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2025

​​​​​​​မိမိတို့နိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအဖို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် နိုင်ငံရေးနယ်ပယ်မှာ အဓိကကျသော နယ်ပယ်ဖြစ်သည်။ နိုင်ငံတည်ဆောက်ရေး ကြိုးပမ်းရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေး၊ ဆင်းရဲနွမ်းပါးမှု၊ ခေတ်နောက်ကျမှုသံသရာမှ ရုန်းထွက်နိုင်ရန် အစပျိုးတွန်းအားပေးနိုင်ရေး၊ ပြည်သူများကာယ၊ ဉာဏစွမ်းအားများဖြင့် ပါဝင်လာစေရန် နှိုးဆော်တိုက်တွန်းနိုင်ရေး၊ ထိရောက်သည့် အဆောက်အအုံပိုင်း ဖွဲ့စည်းမှု၊ မှန်ကန်သည့် မူဝါဒများချမှတ်မှုတို့ ဆောင်ရွက်နိုင်ရေးစသည်တို့ကို ဆောင်ရွက်နိုင်သည့် နယ်ပယ်မှာ နိုင်ငံရေးနယ်ပယ်သာဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2025

​​​​​​​စားရေရိက္ခာဖူလုံရေးအတွက် ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများစိုက်ပျိုးရာတွင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာစသည်ဖြင့် ဓာတုဆေးဝါးများကို မသုံးမဖြစ် သုံးစွဲနေကြရသည်။ သစ်ပင်၊ သီးနှံအဖျက်ပိုးမွှားများ၊ မှိုများနှိမ်နင်းရေးအတွက် သုံးစွဲကြရသည့် ဆေးများမှာ အမှန်စင်စစ်အားဖြင့် အသက်သေဆုံးစေနိုင်သည်အထိ အန္တရာယ်ရှိသော ဓာတုပစ္စည်းများဖြစ်ပြီး အလွယ်ကူဆုံးပြောမည်ဆိုလျှင် အဆိပ်များပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2025

ရုပ်ရှင်တော်မြတ်လေးဆူအား ညောင်ရွှေမြို့ရှိအင်းလေးဖောင်တော်ဦးမြတ်စွာဘုရား လင်းကင်းကျေးရွာမှ အဋ္ဌဒိသာ ဓမ္မဝိဟာရ ဒေသစာရီစံကျောင်းတော်ကြီးသို့ ပင့်ဆောင်အပူဇော်ခံပွဲနှင့် အင်းသားရိုးရာလှေပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2025

ကာဇက်စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြားချက်အရ ကာဇက်စတန်နိုင်ငံ၊ အက်စတာနာမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်နှင့် အမျိုးသားပြတိုက်တို့သို့ သွားရောက်ကြည့်ရှုလေ့လာသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2025

ကာဇက်စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြားချက်အရ ကာဇက်စတန်နိုင်ငံ၊ အက်စတာနာမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် Astana International Financial Center (AIFC) သို့ သွားရောက်ကြည့်ရှုလေ့လာသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Sep 28, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2025

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မြစိမ်းရောင်စက်မှုဇုန်ရှိ Myanmar Rui Xin Shoes Co.,Ltd. ဖိနပ်ချုပ်စက်ရုံနှင့် Sincerece Season(Myanmar) Garment Co., Ltd. အထည်ချုပ်စက်ရုံတို့မှ အလုပ်ရှင်၊ အခြေခံအလုပ်သမားအဖွဲ့အစည်းဝင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2025

တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၆)နှစ်မြောက်နှစ်ပတ်လည်နှင့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး(၇၅)နှစ်ပြည့် အထိမ်းအမှတ်ဧည့်ခံပွဲကို စက်တင်ဘာ ၂၆ ရက်ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေးဟိုတယ်၌ ကျင်းပပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Ms. Gao Ping နှင့် ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး တိုင်းမှူးနှင့်တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် တရုတ်နိုင်ငံ၏ သမိုင်းကြောင်း မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ကျောက်ဆည်ကျေးရွာအနီးရှိ ကျောက်ဆည်ကန် ယာယီအစီအစဉ်ဖြင့် မိုးစပါးဧက ၁၅၀၀ ကျော်အား စိုက်ပျိုးရေပေးဝေနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2025

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ရောက်ရှိနေသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့နံနက်ပိုင်းတွင် Moscow Engineering Physics Institute (MEPhI)၌ တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံအကြား သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက် နိုင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2025

ပြန်ကြားရေးနှင့်တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Auditorium ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2025

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Kassym-Jomart Tokayev နှင့် ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတနန်းတော်၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2025

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် ရုရှားနိုင်ငံ မော်စကိုမြို့ ကရင်မလင်နန်းတော်၌ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားများအတွက် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2025

ကမ္ဘာပေါ်တွင် ၁၅ မိနစ်လျှင် လူတစ်ဦးနှုန်းခွေးရူးရောဂါကြောင့် အသက်ဆုံးရှုံးနေရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။ သို့ဖြစ်ရာ တစ်နှစ်လျှင် လူ ၅၅၀၀၀ မှ ၇၀၀၀၀ ခန့် ခွေးရူးရောဂါဖြင့် သေဆုံးနေရခြင်းကို ၂၀၃၀ ပြည့်နှစ်တွင် “သုည” အထိလျှော့ချနိုင်ရေး Zero Rabies Human Death by 2030 ကို မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတို့က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2025

ယမန်နေ့ စက်တင်ဘာ ၂၆ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား၊ ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းအတွင်း မိုင်တိုင်အမှတ် ၁၂၁/၂၀-၂၁ ကြားရှိ ရထားသံလမ်းအား အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးထားသဖြင့် ရထားလမ်းထိခိုက်ပျက်စီးခဲ့ပြီး သိမ်ဆိပ်နှင့် ဒုံဝန်းအကြား ရထားလမ်းပိုင်းအား ယနေ့နံနက်ပိုင်းတွင် ယာယီပိတ်ထားရကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2025

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2025

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ အမှတ်(၂) ဘနုကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကာဇက်စတန်သမ္မတနိုင်ငံ၊ အက်စတာနာလေဆိပ်သို့ ထွက်ခွာသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2025

လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှုလက်မှတ်ရသင်တန်း အမှတ်စဉ် (၃) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် စက်မှုလယ်ယာဦးစီးဌာန စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း (မိတ္ထီလာ) ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်