Skip to main content

Aug 22, 2025

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2025

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၈ ရက် ည ၈ နာရီခွဲတွင် သတင်းအရ တန့်ယန်းမြို့နယ် တာကော်အက်ကျေးရွာ တံတားအနီးတွင် တန့်ယန်းမြို့မှ ပန်ဆန်းမြို့သို့ ဆမ်မိန်း(၂၉)နှစ် မောင်းနှင်ပြီး အိုက်ဆမ်(၂၀)နှစ်နှင့် မအေးဆာ (၂၀)နှစ်တို့ လိုက်ပါလာသည့် W-ML xxxxx နံပါတ်တပ်ဆင်ထားသည့် TOYOTA VIGO ယာဉ်ကို စစ်ဆေးရှာဖွေရာ ဘိန်းဖြူအလေး ချိန် ၃၇ ဒသမ ၁ ကီလို(ယင်းဒေသ တန်ဖိုးငွေကျပ် ၅၅၆၅ သိန်း)ကို သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2025

အာဆီယံဒေသတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းစီမံချက်ဆိုင်ရာ နိုင်ငံအဆင့်အကြံပြုဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် Grand Amera Hotel နေပြည်တော်၌ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အမျိုးသမီးအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ လုပ်ငန်းကော်မတီမှ ကိုယ်စားလှယ်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက လူကိုယ်တိုင်တက်ရောက်ပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များက အွန်လိုင်းဖြင့်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2025

မော်တော်ယာဉ် စက်ပြင်သင်တန်းအမှတ်စဉ်(၃/၂၀၂၅)နှင့် စားသောက်ဆိုင်ဝန်ဆောင်မှုသင်တန်းအမှတ်စဉ် (၃/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2025

မန္တလေးငလျင် ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယနေ့မွန်းလွဲ ၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့ ချမ်းသာကြီးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တနန္ဒဝံသနှင့် တပည့်ရဟန်း၊ သာမဏေ၊ ဒါယကာ၊ ဒါယိကာမတို့က ငွေကျပ်သိန်း ၁၀၀ ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်ပေးအပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2025

၂၈-၃-၂၀၂၅ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်ထိခိုက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ငလျင်ဘေးသင့်ခဲ့သော ပြည်သူများအတွက် ပြည်တွင်း / ပြည်ပစေတနာရှင်၊ အလှူရှင်များ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများလှူဒါန်းထောက်ပံ့မှုနှင့် ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို သတင်းထုတ်ပြန်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့အထိ အခြေအနေကို ၂၅-၆-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2025

ဝဇီရာရုပ်ရှင်ရုံ အဆင့်မြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်းရှိ ဝဇီရာရုပ်ရှင်ရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2025

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2025

အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံများ ခိုင်မာအားကောင်းစေရေးအတွက် အဓိကမဏ္ဍိုင်များဖြစ်သည့် စံချိန်စံညွှန်းသတ်မှတ်ခြင်း၊ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း၊ တိကျတိုင်းတာခြင်းနည်းပညာ၊ ဓာတ်ခွဲတိုင်းတာခြင်း၊ အရည်အသွေးထောက်ခံချက်ထုတ်ပေးခြင်းနှင့် အရည်အသွေးစစ်ဆေးခြင်း လုပ်ငန်းစဉ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စံချိန်စံညွှန်းလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၅) ယမန့်နေ့နှင့် အမျိုးသားစံချိန်စံညွှန်း ကောင်စီအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့တွင် နေပြည်တော်၊ ရုံးအမှတ်(၂၁)၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2025

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်စာအုပ်ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်အစည်းအဝေးခန်းမ၌ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အရာရှိကြီးများ၊ မြန်မာ့သမိုင်းစဉ်စာအုပ် ပုံနှိပ်ထုတ်ဝေနိုင်ရေး စာမူတည်းဖြတ်ရေးအဖွဲ့မှ မြန်မာ့သမိုင်းပညာရှင်ကြီးများ၊ အကြံပေးပညာရှင်များ၊ လုပ်ငန်းအထောက်အကူပြုအဖွဲ့နှင့် ဌာနဆိုင်ရာ သုတေသနပညာရှင်ဝန်ထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2025

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေတို့သည် ယနေ့နံနက် ၉ နာရီခွဲတွင် သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 

ဆက်လက်ဖတ်ရှုရန်

Aug 22, 2025

ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တိုးချဲ့ရုံး အဆောက်အအုံ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2025

မြန်မာနိုင်ငံသည် ရေမြေသဘာဝမတူကွဲပြားသည့် ပထဝီအနေအထားများနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသည့် တစ်မူထူးခြားသည့်ဝိသေသ လက္ခဏာများ ပိုင်ဆိုင်ထားသည်။ ပြည်ထောင်စုကြီး ထာဝစဉ်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက်မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူအားလုံး နိုင်ငံတော်နှင့်အတူလက်တွဲ၍ တက်ညီလက်ညီ အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2025

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲတွင် ပြည်တွင်း၌ မငြိမ်မသက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ခြင်းအပေါ် အကြမ်းဖက်သောင်းကျန်းသူများက အခွင့်ကောင်းယူကာ မြို့ရွာများကိုတိုက်ခိုက်ခြင်း၊ နယ်မြေစိုးမိုးထိန်းချုပ်ခြင်းတို့ ပြုလုပ်လာခဲ့ကြသည်။ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စသည်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ အချို့သောမြို့ရွာများကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ကြပြီး ယာယီအားဖြင့် ထိန်းချုပ်နိုင်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 21, 2025

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၃၀ ဦး၊ ကင်ညာနိုင်ငံသားလေးဦး၊ အိန္ဒိယနိုင်ငံသားနှစ်ဦး၊ ကင်မရွန်းနိုင်ငံသားတစ်ဦးနှင့် အီသီယိုးပီးယားနိုင်ငံသားတစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၃၈ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 21, 2025

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအား ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အခြေခံပညာကျောင်း ၉ ကျောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့၍ နောင်ချိုမြို့နယ်အတွင်း စုစုပေါင်းအခြေခံပညာကျောင်း ၈၇ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၅၅၇ ဦး ထပ်မံ၍ ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၀၂၂၉ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 21, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Aug 21, 2025

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး / ပြည်နယ် ခြောက်ခုတို့တွင် ဩဂုတ် ၂၀ ရက်အထိ သေဆုံးသူ ၃၇၇၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၂၉ ဦး ရှိသည်။

ဆက်လက်ဖတ်ရှုရန်