Skip to main content

ပုလောမြို့နယ်၌ စံပြကျေးရွာ တောင်သူများအား သွင်းအားစုပေးအပ်

ပုလော ဇွန် ၂၅

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက် နှုန်းရရှိရေး စံပြကျေးရွာ(မကျည်းကုန်း)ရှိ အကျိုးဆောင် တောင်သူ ၇၈ ဦးအား မိုးစပါးစိုက်ဧက ၃၀၀ အတွက် သဘာဝမြေဩဇာအိတ် ၃၀၀ နှင့် ကွန်ပေါင်းဓာတ်မြေဩဇာအိတ် ၁၅၀ ပေးအပ်ခဲ့သည်။

ပေးအပ်ချီးမြှင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အကျိုးဆောင်တောင်သူများအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းစိုက်ပျိုးကြစေလိုကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသော်ဇင်ထွန်းက ပန်းတိုင်အထွက်နှုန်း ရရှိစေရေးသဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများကို အချိန်ကိုက် အချိုးကျအကျိုးရှိစွာ အသုံးပြုစေရေး ဆွေးနွေးသည်။

မြို့နယ်(ပြန်/ဆက်)