Skip to main content

Nov 29, 2025

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်အတွင်း ရောက်ရှိနေသည့် တပ်မ‌တော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် မြောင်းမြမြို့နယ် စကားမြားကျေးရွာရှိ မဟာရုံကျောင်းတိုက်၌ အခြေပြု၍ ဒေသခံပြည်သူး ၅၀၉ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2025

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ဖြင့် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့သို့ ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ငပုတောမြို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝင်းအတွင်း အခြေပြု၍ ဒေသခံပြည်သူ ၆၀၄ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2025

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် လက်မှုရွာစီမံကိန်းအတွက် စီမံကိန်းလုပ်ငန်းတာဝန်နှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ စုပေါင်း ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2025

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2025

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဘယ်လာရုစ်သမ္မတနိုင်ငံ ကျန်းမာရေးဝန်ကြီး H.E. Mr. Aliaksandr KHAJAYEU နှင့် စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဆိုင်ရာဝန်ကြီး H.E. Mr. Yury HORLAU တို့ကို ယမန်နေ့မွန်းလွဲပိုင်းက Jasmine Palace Hotel နေပြည်တော်၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2025

မှတ်ပုံတင်သက်တမ်းတိုး ဆက်လက်ဆောင်ရွက်ခြင်းမရှိသည့်အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီးသော ရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

ဆက်လက်ဖတ်ရှုရန်

Nov 29, 2025

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းအေဂျင်စီ (ROSATOM) နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သော သိပ္ပံပွဲတော် ၂၀၂၅ စတုတ္ထနေ့ကို ရန်ကုန်မြို့ရှိ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့တွင် ယနေ့ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko တို့သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပသည့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲနှင့် နားလည်မှုစာချွှန်လွှာလက်မှတ်ရေးထိုးပွဲအပြီးတွင် နှစ်နိုင်ငံပူးတွဲကြေညာချက်ကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်း လိမ်လည်လောင်းကစားမှုလုပ်ငန်းများအားလုံးကို မြန်မာနိုင်ငံအတွင်း လုံးဝ (လုံးဝ) အခြေမပြုနိုင်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ တိုက်ဖျက် နှိမ်နင်းလျက်ရှိသည်။ အဆိုပါဒုစရိုက်မှုများကို တိုက်ဖျက်နှိမ်နင်းရာ၌ ပြည်တွင်း အင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းလက်တွဲ၍ အရှိန်အဟုန်ဖြင့် တက်တက်ကြွကြွ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2025

အမျိုးသားညီညွတ်ရေးအစိုးရဟု အမည်ခံထားသည့် ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ထွေးလုံးရစ်ပတ်နေသော အကြမ်းဖက်ကြေညာခံအဖွဲ့အစည်းမှာ ၎င်း၏အတွင်းသဘောအရ ယိုင်နဲ့ပြိုလဲကျလာနေသည်ကို တွေ့မြင်နေရသည်။ နဂိုကတည်းကပင် နိုင်ငံနှင့် ပြည်သူအပေါ် စေတနာမမှန်ခဲ့၊ အတွေး အခေါ်၊ လုပ်ရပ်တို့ မမှန်ခဲ့သည့်အလျောက် ပြိုကွဲကျဆုံးသည်မှာ မဆန်း။ သို့ရာတွင် အဖွဲ့အစည်းက ကျဆုံးခန်းရောက်သည့်တိုင် အဖွဲ့ဝင်များ၊ အဖွဲ့နှင့် ဆက်နွှယ်လုပ်စားကြသူများ ကြီးပွားချမ်းသာ၊ ပျော်ရွှင်ချမ်းမြေ့ကြသည်မှာ ဆန်းသည်ဟု ဆိုရမည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2025

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၆၇ ဦးနှင့် အမျိုးသမီး ၁၆ ဦး၊ ပေါင်း ၈၃ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2025

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာတို့နှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ကြေညာခြင်း

ဆက်လက်ဖတ်ရှုရန်

Nov 28, 2025

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းစဉ်များတွင်အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2025

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ် ဆည်တော်ကြီးကျေးရွာရှိ ဆည်တော်ကြီးရေလှောင်တမံအား ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံ သံတမန်ချစ်ကြည်ရင်းနှီးမှုအဓွန့်ရှည်တည်တံ့စေရန် ရည်ရွယ်၍ နှစ်နိုင်ငံအထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုကားလမ်းဘေးရှိ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက်၍ ကံ့ကော်ပင်ကို အတူတကွစိုက်ပျိုးပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် သမ္မတအိမ်တော်၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ချစ်ကြည်ရင်းနှီးမှုအဓွန့်ရှည်တည်တံ့စေရန်ရည်ရွယ်ပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ၏ မြို့တော် Minsk မြို့၏အမည်အား ရာဇသင်္ဂဟလမ်းမကြီးနှင့် ဇမ္ဗူကျက်သရေလမ်းမကြီးကို ဆက်သွယ်ထားသောလမ်း၏အမည်အဖြစ် ဂုဏ်ပြုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ ရာဇသင်္ဂဟလမ်းနှင့် သီရိကျော်စွာလမ်းထောင့်(အဆင့်မြင့်ဈေးအနီး)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Aleksandr Lukashenko ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်တပ်မတော်လေဆိပ်မှ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ပြန်လည်ထွက်ခွာသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2025

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၆ နာရီအချိန် လွိုင်လင်မြို့၊ ရပ်ကွက် (၂)၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်းတွင် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကျီတော်ရွာနေ တင်မျိုးထွန်း (၄၂) နှစ် မောင်းနှင်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ နားဖရွာနေ ဇော်ဂွန်း (၂၈)နှစ် လိုက်ပါလာသော NISSAN ၆ ဘီး မော်တော်ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၁၁၇ တန် (၎င်းဒေသ တန်ဖိုးငွေကျပ် ၁၅ ဒသမ ၆၃၈ ဘီလီယံ) ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိအိုက်စ် (မက်သ်အဖက် တမင်း) များအား သယ်ဆောင်ခိုင်းသူမှာ လားရှိုးမြို့နေ မာဒီး (ခ) ဂွန်ဂျာအောင် (ဖမ်းဆီးရန်ကျန်) နှင့် ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာနေ တန်ဂွန်း (ဖမ်းဆီးရန်ကျန်) တို့ဖြစ်ပြီး မိုင်းရယ်မှ ရန်ကုန်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်