Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် အောက်တိုဘာ ၃ဝ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တပြေးညီစီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ ကုမ္ပဏီ(၃)ခုမှ ယာဉ်စီးရေ (၅) စီးဖြင့် အောက်ဆီဂျင် (အိုးခွံ) (၁၉၂၀)၊ လုပ်ငန်းသုံးအောက်ဆီဂျင်စက် (Oxygen Generator) (၂) ခုနှင့် နှာခေါင်းစည်း Mask (၁၂) တန် တင်သွင်းခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ (၁) ရက်နေ့ မှ (၃၀) ရက်နေ့အတွင်း ကုမ္ပဏီ (၈၆)ခုမှ ယာဉ်စီးရေ (၁၈၆)စီးဖြင့် အောက်ဆီဂျင်အရည်(Bowser)ယာဉ်ဖြင့် (၃၃၃) တန်၊ အောက်ဆီဂျင် (အရည်) Storage Container (၂)ခု၊ အောက်ဆီဂျင်(အရည်) Distributor (၃)ခု၊ အောက်ဆီ ဂျင်(အိုးခွံ) (၁၉၂၇၁)ခု၊ Oxygen Plant(၄၇)ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄)ခု၊ Oxygen Generator (၃၂)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၂၇၃၉)ခု၊ Test Kit (၁၅၁၀၅)ခု ၊ PPE (၂၅၀၁၇၅) စုံ၊ လက်အိတ် (၁၁၆)တန်နှင့် နှာခေါင်းစီး (Mask)(၇၃၇)တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။

အောက်တိုဘာ(၁)ရက်မှ (၃၀)ရက်အတွင်း ပြည်ပမှတင်သွင်းသည့် အောက်ဆီဂျင် အရည်(Bowser) ယာဉ် စုစုပေါင်း(၁၇)စီးမှာ ရန်ကုန်မြို့သို့ (၁၄)စီးနှင့် မန္တလေး မြို့သို့ (၃)စီး ဖြစ်ပြီး Oxygen Plant စုစုပေါင်း (၄၇) ခုမှာရန်ကုန်မြို့သို့ (၃၃)ခု၊ မြစ်ကြီးနားမြို့သို့(၂)ခု၊ ကူမဲမြို့သို့ (၂)ခု၊ လွိုင်ကော်မြို့သို့ (၂)ခု၊ မန္တလေး၊ ဟုမ္မလင်း၊ ကျုံဒိုး ၊ ဆင်ပေါင်ဝဲ ၊ မင်းတုံး၊ သရက်၊ စလင်း နှင့် ပွင့်ဖြူ မြို့များသို့ (၁) ခုစီဖြစ်ကြောင်း သိရှိရသည်။     

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင် ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက် ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေး ကြေညာချက်များ ကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရသည်။

သတင်းစဉ်