Apr 22, 2021
တပ်မတော်က နိုင်ငံ့တာဝန်ကို ထိန်းသိမ်းရယူခဲ့ရသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစတင်၍ NLD ပါတီဝင်များ၊ ၎င်းပါတီကို ထောက်ခံသူ နိုင်ငံရေးအစွန်းရောက်များ၊ CRPH အမည်ခံ မတရားအသင်းနှင့် CDM တွင် ပါဝင်သူများ၊ အားပေးအားမြှောက်ပြုလုပ်သူများ၏ လှုံ့ဆော်ပေးမှုများကြောင့် စိတ်ခံစားလွယ်သူ၊ စိတ်ခံစားချက်ပြင်းထန်သူများသည် နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
Apr 22, 2021
“ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်”ဆိုသော ဆောင်ပုဒ်ကို ဝန်ထမ်းတိုင်းလိုလို သိရှိကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်၊ တစ်နည်းအားဖြင့် နိုင်ငံကောင်းစေရန်အတွက် ဝန်ထမ်းကောင်းများဖြင့် တည်ဆောက်ကြရခြင်းဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတာဝန်ကို အဓိကထမ်းဆောင်ကြသူများမှာ အစိုးရအဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြသည်။ နိုင်ငံကို အုပ်ချုပ်သည့် အစိုးရအဖွဲ့က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်ပေးပြီး နိုင်ငံ့ဝန်ထမ်းများက ထိုမူဝါဒများအတိုင်း အကောင်အထည်ဖော်ပေးကြရခြင်း ဖြစ်သည်။
Apr 21, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရုံးအမှတ် (၄၇) တွင် ကျင်းပသည်။
Apr 21, 2021
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်း အမှတ်(၃၉၂/၃၉၆)ရှိ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 21, 2021
(၂၀-၄-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၁-၄-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၁၀၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၃) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၆၁,၉၁၀) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၂,၆၇၄) ဦး ရှိပြီ ဖြစ်ပါသည်။
Apr 21, 2021
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၌ Zoom Meeting ဖြင့်ကျင်းပရာ မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
Apr 21, 2021
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ခရီးသွား ဆွဲဆောင်မှုရှိသော နေရာများနှင့် ဟိုတယ်များ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဖွင့်လှစ်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Apr 21, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန (သတ္တုရေးရာ) ရုံးအမှတ် (၁၉) နေပြည်တော် တိုးချဲ့ရုံးအဆောက်အဦသစ် ကဗ္ဗည်းမော်ကွန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် အဆိုပါ အဆောက်အဦသစ်၌ ကျင်းပသည်။
Apr 21, 2021
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ငွေကျပ်သိန်း ၁၉၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
Apr 21, 2021
ဆူပူအကြမ်းဖက်မှုကို လိုလားပြီး နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန် လည်ပတ် ရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို မလိုလားသူများက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် ထိုသို့လုပ်ဆောင်နေမှုများကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။
Apr 21, 2021
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ သာစည်မြို့နယ်နှင့် ပျော်ဘွယ်မြို့ နယ်များအတွင်း ဧပြီ ၁၉ ရက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အဆိုပါမြို့နယ်များရှိ ကျေးရွာအချို့တွင် နေအိမ်များ၊ စာသင်ကျောင်းများနှင့် သာသနိကအဆောက်အဉီများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
Apr 21, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်း ကွန်းပင်ရေမိုက်ကရိုဝေ့စတေရှင် ၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ဧပြီ ၁၈ ရက်နေ့တွင် ဆူပူအကြမ်းဖက်သူလူတစ်စုက တူမီးသေနတ်များ ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
Apr 21, 2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်နှင့် ကော့သောင်းမြို့နယ်၊ မကွေးတိုင်း ဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် အတွင်းရှိ ကျေးရွာအချို့တို့၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ် သေနတ်များ ကိုင်ဆောင်နေ ကြောင်း သတင်းအရ ယနေ့တွင် ရက်တွင် သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များ ရှိ တပ်နယ်အသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ဝင် များက ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့်အတူ သွားရောက်၍ ဒေသခံပြည်သူများကို တရားမဝင် လက်နက်ကိုင် ဆောင်ခြင်းသည် တရားဉပဒေဖြင့် ထိရောက်စွာ အရေးယူခံရ နိုင်ကြောင်း နားလည်သဘော ပေါက်အောင် ရှင်းလင်းပြောကြားသည်။
Apr 21, 2021
ဆူပူအကြမ်းဖက်သူများ အသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင် မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေသတင်းထုတ် ဖမ်းဆီးထိန်းသိမ်း ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ။
Apr 21, 2021
နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူစုအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက် အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များအား အကြမ်းဖက်ရန်ပြု ဖျက်ဆီးခြင်းနှင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးများဖြင့် ပစ်ပေါက်ဖောက်ခွဲဖျက်ဆီးခြင်းများအား လုပ်ဆောင်လျက်ရှိသည်။
Apr 21, 2021
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဝန်များအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်