နေပြည်တော် နိုဝင်ဘာ ၁၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. CHEN HAI နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ကယခုကဲ့သို့လှူဒါန်းခြင်းများအတွက် ကျေးဇူးတင်ရှိ
ကြောင်း ပြောကြား၍ နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အပါအဝင် နယ်စပ်ဒေသတစ်လျှောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံခြင်း၊ အသွားအလာစောင့်ကြည့်ခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ တိုးမြှင့်စေလွှတ်ခြင်းဖြင့် အချိန်နှင့်တစ်ပြေးညီ ကုသမှုများရရှိနိုင်ရေး အစရှိသည့် ပူးပေါင်းဆောင်ရွက်မှုကိစ္စများ၊ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပံ့ပိုးလျက်ရှိသည့် မြန်မာနိုင်ငံ ရောဂါထိန်းချုပ် G ourgo $(Myanmar Center of Disease Control) နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေး သင်တန်းကျောင်းတည်ဆောက်ရေး စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရေး အစရှိသည့် ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေး၍ အခမ်းအနားကို ညနေ ၄ နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ထိုးနှံပေး ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထပ်မံလှူဒါန်းသည့် Sinovac အမှတ်တံဆိပ် ကာကွယ်ဆေး တစ်သန်း doses နှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှ ထပ်မံဝယ်ယူထားသည့် Sinovac အမှတ်တံဆိပ် ကာကွယ်ဆေးတစ်သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ယနေ့ ညနေ၄နာရီတွင်ရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့ က လက်ခံရယူခဲ့သည်။
ယခု ထပ်မံရောက်ရှိလာသည့် ကာကွယ်ဆေး များကို အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများနှင့် အခြားသတ်မှတ်လူအုပ်စုများကို ထိုးနှံပေးသွားမည်ဖြစ်သည်။ အဆိုပါ ကာကွယ်ဆေးများကို တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှ လည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှ လည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၁၁ ရက် အထိလူဦးရေစုစုပေါင်း ၁၄ ဒသမ ၄သန်းအား ထိုးနှံ ပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံ ပြီးစီးသူ ၉ ဒသမ ၃ သန်းနှင့် ပထမအကြိမ်ထိုးနှံပြီးစီး သူ ၅ ဒသမ ၁ သန်း ရှိပြီဖြစ်သည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၁၁ ရက်အထိ မြန်မာနိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၂၃ ဒသမ ၇ သန်း ထိုးနှံပြီးဖြစ်သည်။ မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာ သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများအနေဖြင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ် ရက်တွင် သို့မဟုတ် အနီးဆုံးသတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
သတင်းစဉ်