Jun 12, 2022
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ တော်ဝင်ရဲအဖွဲ့တို့အကြား နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံ ရဲချုပ်အဆင့် ပထမအကြိမ်လုပ်ငန်း ကော်မတီ အစည်းအဝေးကို ဇွန် ၇ ရက်က ဘန်ကောက်မြို့၌ ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
Jun 12, 2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် လှိုင်ရိုးမ တောင်ပေါ်ကြိုးဝိုင်း အကွက်အမှတ် (၈) ရှိ ၂၀၂၀ ပြည့်နှစ် ဂေဟစနစ် ဖြည့်တင်းရေး သစ်မျိုးစုံစိုက်ခင်း ဧက ၅၀သို့ ရောက်ရှိ ပြီး ရန်ကုန်တိုင်းဒေသကြီး၏ သစ်တောအတန်းအစား အလိုက် သစ်တောဖုံးလွှမ်းမှု တိုးတက်စေရေး၊ ကြိုးဝိုင်း၊ ဒီရေတောကြိုးပြင်ကာကွယ်တောနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့ဖွဲ့စည်းရေး၊ သစ်တောစိုက်ခင်း၊ ဒီရေတောစိုက်ခင်းနှင့် လမ်းဘေးဝဲယာ တစ်အုပ် တစ်မစိုက်ခင်းများ တည်ထောင်ရေး၊ သဘာဝတောနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေးတို့ကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။
Jun 12, 2022
ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့ သည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းကို ဇွန် ၆ ရက် နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ကလေးတပ်နယ် နယ်မြေခံတပ်ရှိ အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ ကလေးတပ်နယ်မှ ဗိုလ်မှူးချုပ် သန့်ဇင်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အလင်းဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
Jun 12, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် သမဝါယမဦးစီးဌာနသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များ မှာကြားပြီး မြို့သစ်မြို့နယ် သမဝါယမ အသင်းစု၏ ဆန်စက်လည်ပတ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Jun 12, 2022
စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ရှိ စိုက်ပျိုးရေး သိပ္ပံကျောင်း စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
Jun 12, 2022
ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာန ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား ကျောင်းသူများ အထွေထွေကျန်းမာရေး၊ အရောင် ခွဲခြားနိုင်မှု စစ်ဆေးခြင်းနှင့် သုံးဘက်မြင် စစ်ဆေးခြင်းတို့ကို ဇွန် ၁၀ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ဘူမိဗေဒဌာနတွင် ဆရာ ဆရာမများနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ဆရာဝန်အဖွဲ့ ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ကြသည်။
Jun 12, 2022
စိမ်းစိုနေသည့် တောတောင်၊ သန့်စင် လတ်ဆတ်သည့် လေထုနှင့် ရိုးသားစွာ နေထိုင်တတ်ကြသည့် နာဂရိုးရာ ယဉ်ကျေးမှုများသည် ခရီးသွားပြည်သူနှင့် အကျွမ်းတဝင် မထိတွေ့ရသေးပေ။ ရင်သပ်ရှုမောဖွယ် လှပသည့်တောင်တန်းများကပင် သွားရေးလာရေး ခက်ခဲစေရန် အတားအဆီးဖြစ်နေပြီး နာဂဒေသ ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်နေစေသည်။ ထိုကဲ့သို့ အခြေအနေကို ကျော်လွန်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းဦးစီးဌာန၊ တံတား ဦးစီးဌာနတို့သည် နှစ်စဉ်ဘဏ္ဍာ နှစ်အလိုက် လမ်းကွန်ရက်၊ တံတားကွန်ရက် ချိတ်ဆက်မှု တိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Jun 12, 2022
တိုင်းရင်းသား လူမျိုးများစွာ မှီတင်းနေထိုင်လျက်ရှိသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအတွက် အချင်းချင်း သွေးစည်း ညီညွတ်မှုရှိမှသာ ပြည်ထောင်စုကြီးမပြိုကွဲဘဲ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမည် ဆိုသည်ကို အတိတ်သမိုင်းမှ သင်ခန်းစာများရရှိခဲ့ပြီး ဖြစ်ပါသည်။ အနာဂတ်တွင်လည်း အလားတူ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ကျစ်လစ် ခိုင်မာသည့် ညီညွတ်သောစုပေါင်းအားကို ဆက်လက်ကြိုးပမ်း တည်ဆောက်သွားရမည် ဖြစ်ပါသည်။ နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသား အရေးအရ သဘောထား ကွဲလွဲမှုများကြောင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့ရပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို ထိခိုက်ခဲ့ရပါသည်။
Jun 12, 2022
လောကတွင် အရေးကြီးသည့် အရေးကိစ္စသုံးပါးအနက် လူတို့အနေဖြင့် နေ့စဉ်ရှောင်လွှဲမရသော အရေးကိစ္စမှာ စားရေးသောက်ရေးဖြစ်သည်။ စားရေးအတွက် ငွေကြေးလိုအပ်ချက်နှင့် ကျန်းမာရေးအတွက် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရသည်။ မျက်မှောက်ကာလတွင် ကုန်ပစ္စည်းဈေးနှုန်းများ ကြီးမြင့်နေမှုကြောင့် စားရေးအတွက် ချင့်ချိန်သုံးစွဲရသည်။ ထို့အပြင် အစားအစာများကို စားသုံးရာတွင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို ရွေးချယ် စားသုံးနေရသော အခြေအနေရှိသည်။
Jun 12, 2022
သတင်းစာ၊ ဂျာနယ်များမှ သတင်းများ ဖတ်ရှုခြင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်သည့် သတင်းများ နားထောင်ကြည့်ရှုခြင်း၊ အင်တာနက် ပလက်ဖောင်းအမျိုးမျိုးတို့မှ သတင်းများ ကြည့်ရှုခြင်းတို့အပါအဝင် သတင်းအချက်အလက်များ ရယူခြင်းမှာ အကြောင်းအရာတစ်ရပ်ကို မှန်မှန်ကန်ကန် သိရှိရန်နှင့် မှန်မှန်ကန်ကန်ဆုံးဖြတ်ချက် ချနိုင်ရန်အတွက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖေ့စ်ဘုတ်လူမှုကွန်ရက်ကို သုံးစွဲမှုမြင့်မားလာချိန်၌ စာနယ်ဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ သတင်းများရယူမှု များစွာကျဆင်းသွားသည်။ နိုင်ငံပိုင်မီဒီယာများသာမက ပုဂ္ဂလိက မီဒီယာများသည်လည်း ထိုနည်းတူစွာပင်ဖြစ်သည်။
Jun 11, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Jun 11, 2022
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကန်ပိုက်တီကုန်သွယ်ရေးစခန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကချင်ပြည်နယ်အစိုးရသို့ လှူဒါန်းသည့် အောက်ဆီဂျင်(အိုးခွံ) ၁၀၀၀၊ Mask ၀ ဒသမ ၅ တန်ကို ယာဉ်စီးရေခြောက်စီးဖြင့် တင်သွင်းခဲ့ကြောင်း သိရသည်။
Jun 11, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Jun 11, 2022
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ ဇွန် ၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းအကောက်ခွန်ဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်တောင်းတံတားနှင့်ညောင်ခါးရှည်အကြား ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀)ကို အကောက် ခွန်လုပ်ထုံးလုပ်နည်းအရလည်းကောင်း၊ ဇွန် ၉ ရက်နှင့် ၁၀ ရက်တို့တွင် သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း တရားမဝင်သစ်မျိုးစုံ (၁၄ ဒသမ ၉၅၇၀)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၃၁၈၄၀၂)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၄၁၈၄၀၂ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
Jun 11, 2022
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်ရေတာရှည်ရပ်ကွက် အာဇာနည်လမ်းရှိ အာဇာနည်ဗိမာန် ကွပ်ကဲရေးရုံးသို့ရောက်ရှိကာ ကွပ်ကဲရေးရုံးအတွင်း၊ အပြင်ပြုပြင်မွမ်းမံနေမှုများကို ကြည့်ရှုစစ်ဆေးပြီး သွေးဆေးကန် ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ရန်မှာကြားသည်။
Jun 11, 2022
တက္ကသိုလ်၊ ကောလိပ်ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၅)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ရတနာ သိင်္ဃခန်းမ၌ ကျင်းပသည်။
